သင့်အတွက် အကောင်းဆုံး အိမ်ခြံမြေများကိုရှာဖွေလိုက်ပါ

ရောင်းရန်နှင့်ငှားရန်ရှိသော အိမ်ခြံမြေများ

 

 

 

 

ယနေ့ ခေတ် မှာ နေရာ တော်တော် များများ လျှပ်စစ်မီး ရလာ ကြပါ ပြီ ။ ဒါကြောင့် လျှပ်စစ် အသုံး ပြုခ တွေ မီတာ ကုန်ကျ ခတွေ အကြောင်း လူအများ သိသင့်ပါ တယ် ။

 ဘယ်အရာ မဆို ကိုယ်တိုင် တွက်ချက် တတ်ရင် အလိုလို ချင့်ချိန်တတ် လာ မယ် နောက်ပြီး သူများ ညာတာ လဲ မခံရ တော့ ပါ ဘူး ။

 ဦးဇင်းတို့ မီတာ တွက် တဲ့ အခါ အသုံး ပြုတဲ့ လျှပ်စစ် ပစ္စည်း လေးတွေ ကို အရင် watt (ဝပ်) ဘယ်လောက် နူန်းစား လဲ လို့ သိရပါမယ် ။

မီးလုံး တစ်လုံး ဆိုရင် 60 W လို့ ရေးထားပါ တယ် ။

 60 W ( ဝပ် ) ရှိတဲ့ အဲဒိ မီးလုံးလေး ကို နှစ်နာရီ တိတိ ထွန်းထားမယ် ဆိုရင် ( 60 × 2 = 120 ) ၁၂၀ ပေါ့ ။

သူကို တို့ နာရီနဲ့ မြှောက်ပြီး သား ဖြစ်လို့ ဝပ် နာရီ ( Watt Hours = WH ) လို့ ခေါ်ပါတယ် ။

1000 WH ကို 1 KWH (Kilowatt hour ) ဖြစ်လို့ တစ်ထောင် နဲ့ စားပါ က ကီလိုဝပ်ဟာဝါ ရပါတယ် ။

ဒါကြောင့် ခုနက ၁၂၀ ကို ၁ထောင် နဲ့ စားရင် 0.12 ရမယ် အဲဒါ ကို မီတာခ ကောက်ခံ နူန်းတား ၃၅ကျပ် နဲ့ မြှောက်တဲ့ အခါ 4.2 ရပါတယ် ။

ဒါဆိုရင် 60W မီးသီ လေးကို နှစ်နာရီ ထွန်းရင် ၄ ကျပ် ကျော်ကျော် ကျပါတယ် ။ 

မီတာခ တွေ ကောက် ခံတဲ့ အခါ အိမ်သုံး နဲ့ လုပ်ငန်းသုံးဆို ပြီး နှစ်မျိုး ရှိပါတယ် ။ အဲဒိ နှစ်မျိုး မှာ လဲ ယူနစ် အသုံးပြု့မူ့ အလိုက် အခ ကြေးငွေ ကွာပါ တယ် ။

ကိုယ် ဘယ်လောက် နူန်း မီတာ ခ အကောက်ခံရတယ် ဆိုတာ ဘောင်ချာမှာ ကြည့်ရင် သိနိူင်ပါ တယ် ။ 

မိမိ တို့ အသုံး ပြုနေတဲ့ လျှပ်စစ် ပစ္စည်း တိုင်းမှာ မီတာ စားနူန်းလေး တွေ ရေးထား တာ တွေ့ရပါ လိမ့်မယ် ။

တစ်ကောင် အဲယားကွန်း 750 W
ထမင်းပေါင်းအိုး 700 W
လေးပေ မီးချောင်း 40 W
အဲဒီလို လေးတွေ ပါတာ တွေ့မှာပါ။ 

ပိုပြီး ရှင်းလင်း သွားအောင် ဦးဇင်း ပြပေး ထားတဲ့ ပုံလေး ကိုကြည့်လိုက် ပါ ။

Credit : AshinThuseikta

Photo Credit : The Mirror Newspapar

 

No Internet Connection