ပျိုးထောင်ခြင်း
----------------

ကောင်းစွာဆွေးမြေ့သောချေးများ၊ သစ်ရွက်စိမ်း၊ မြေသြဇာများအသုံးပြု၍ (၃) ပေအကျယ်၊ (၃၀) ပေ အရှည်ဘောင်များ ပြုလုပ်ပျိုးထောင်နိုင်ပါသည်။ မျိုးစေ့ များကို တစ်တန်းနှင့်တစ်တန်း (၄) လက်မခန့်ခြား ၍ ပျိုးရပါမည်။ အပင်များ ကြပ်မနေစေရန် လိုသောပျိုးပင်များ နုတ်ပစ်ရမည်။ တစ်ဧကမျိုးစေ့ (၃၀၀) ဂရမ်နှုန်းဖြင့် ပျိုးနိုင်ပါသည်။

 

မြေပြုပြင်ခြင်း
----------
ပျိုးထောင်ချိန်တွင် စိုက်ခင်းကို မြေပြုပြင်ထားရပါမည်။ ထယ်(၃) စပ်မှ (၄) စပ်ထိုး၍ ထွန်ရေးညက်သည်အထိ ထွန်ပေးရပါမည်။ မျိုးကိုလိုက်၍ ပင်ကြား၊ တန်းကြားအကွာအဝေး ကွာခြားတတ်သော်လည်း အများအားဖြင့် တန်းကြား (၃) ပေမှ (၄) ပေ ပင်ကြား (၂) ပေမှ (၃) ပေထား၍ ရွေ့ပြောင်းစိုက်စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။

 

စိုက်ပျိုးခြင်း
---------
ပျိုးပင်များ အရွက် (၅) ရွက်ရရှိလျှင် စိုက်ခင်းသို့ ရွေ့စိုက်နိုင်သည်။ သတ်မှတ် ထားသော တန်းကြား၊ ပင်ကြား ဆုံရာကျင်းများတွင် ညနေခင်းပျိုးထောင်မှ ပျိုးပင်များကိုနုတ်ယူ၍ အမြစ်ဖြောင့်တန်းအောင် ချစိုက်ရပါမည်။ စိုက်ချိန်တွင် အစိုဓာတ်လုံလောက်ရပါမည်။ ခြောက်သွေ့ပူပြင်းသော ရာသီတွင်ဖြစ်၍ အပင်များ နေပးဒဏ် မှ ကာကွယ်နိုင်ရန် သစ်ပင်သစ်ကိုင်းများ စိုက်ပေးရမည်။ ပျိုးပင်များ ကောင်းစွာအမြစ်စွဲလျှင် အရိမ်များဖယ်ပေး နိုင်ပါသည်။

 

မြေသြဇာနှုန်းထားများ
----------------
နွားချေး - ၁၀တန်
ယူရီးယား - ၅၀ ကီလို(၂) အိတ်
ပိုတက်ရှ် - ၅၀ ကီလို (၂) အိတ်
မြေပြုပြင်စဉ်တွင် ယူရီးယား (၅၀) ကီလို (၁) အိတ်၊ စိုက်ပြီး (၁) လနှင့် (၂) လကြာတွင် ယူရီးယား (၅၀) ကီလိုကို ထပ်မံထည့်သွင်းပေးရမည်။

 

 

 

No Internet Connection