မြေထုပ်မစည်းခင်ကြိုတင်ပြင်စဉ်ဖို့ရာအရင်ဆုံးအမြစ်ပွားဆေးပြုလုပ်ပါ

အမြစ်ပွားဆေး ပြုလုပ်သုံးစွဲနည်း

 

၁။ လိုအပ်သောပစ္စည်းများ -
(က) စိမ်းစားငါးပိထမင်းစားဇွန်း (၁)ဇွန်း
(ပုဇွန်ငါးပိ/ ဂွေးငါးပိတမျိုးမျိုး)။
( ခ ) M150(သို့)Vitamim B12ပါဝင်
သောShark ကျွဲရိုင်းအချိုရည်တမျိုး
မျိုးမှ (၁) ပုလင်း။
( ဂ )ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း (၁)
ဇွန်း။


၂။ ပန်ကန် တခုထဲတွင် စိမ်းစားငါးပိ M150 နှင့်
အချိုမှုန့်တို့ကိုရောစပ်ပြီးသမလိုက်ပါက အ
မြစ်ပွားဆေးကောင်းတခုရပါပြီ။


၃။ အသုံးပြုပုံမှာ ကိုင်းကူးကိုင်းဆက်သူများ
ဆေးရည်ထမင်းစားဇွန်း(၁)ဇွန်းကို ရေ(၁)လီ
တာနှုန်း စိုက်ခင်းနှင့်အပင်များလောင်းရန်အ
တွက် ဆေးရည်ထမင်းစားဇွန်း(၁)ဇွန်းကိုရေ
(၅) လီတာနှုန်းအသုံးပြုနိုင်သည်။
ကိုင်းကူး ကိုင်းဆက်သူများအတွက်ဓားချစ်ထားသော
နေရာကို စုတ်တံလေးဖြင့်သုတ်၍၎င်း ထွင်း
စိုက်မည့်နေရာကို အရည်ဖြင့်တို့၍၎င်း အသုံး
ပြုနိုင်သည် အတွေ့အကြုံနှင့်ကျွမ်းကျင်မှု
အပေါ်မူတည်၍ ပုံသေမဟုတ်ပဲလိုအပ်သလို
ဆေးအတိုးအလျှော့ကိုချိန်ဆ၍ အသုံးပြုနိုင်
ပါသည်။


၄။ အချိန်ကုန်သက်သာ၍ ငွေကြေးအကုန်
အကျသက်သာပြီး စိုက်ပျိုးရေးမှာလွန်စွာ
အကျိုးရှိသော နည်းပညာတခုဖြစ်ပါသဖြင့်
တောင်သူများအတုယူစိုက်ပျိုးသင့်ပါကြော
င်းတင်ပြပေးလိုက်ပါသည်။

 

ကူးယူးနည်း
ကူးလို့သည့်ကိုင်းသည် ရောဂါကင်းစင်နေရပါမည်။
အနည်းဆုံးလက်သန်းလုံးခန့် တုတ်ပါစေ။
တွေ့ရှိပြီဆိုလျှင် အပင်ရင်းမှ လက်လေးလုံးခန့်ခွာ၍
အပေါ်အခေါက်ကိုတစ်လက်မခြားခွာပေးပါ။
ခွာထားသောနေရာမှ အကြောတွေကို ဓားနဲ့ခြစ်ထုပ်ပြစ်ပါ။
မြေထုပ်ကပ်မယ်
မြေဆွေးကိုရှာပါ၊ ရေအနည်းငယ်ဖြင့်မွှေပါ၊ ဒုတ်၊ကျောက်ခဲ အမာပစ္စည်းများမပါစေရ၊
မြေဆွေးတွေပျော့သွားလျှင် အသင့်လုပ်ထားတဲ့ အမြစ်ပွားဆေးအနည်းငယ်ထည့်ပြီးမွှေပေးပါ။


ပြီးလျှင်အခွံခွာထားသော နေရာပေါ်သို့
မြေ‌ဆွေးကို ပလက်စတစ်အကြည်စပေါ် ထည့်ကာ
လေလုံ‌အောင်သေချာချည်နှောင်ပေးပါ။
တစ်လ လေးဆယ်ငါးရက်အတွင်း အမြစ်များထွက်လာပါမည်။
ဖြတ်ချပြီး အမြစ်ထုတ် ပလက်စတစ်ကို ခွာပြီး
ပျိုး အိတ် နဲ့ အရိပ်ရ အလင်းရ နေရာမှာ တလ ပျိုးထောင်ပါ။
တလ ကျော် အရိပ်ရ အေးမြတဲ့ နေရာ မှာ ပျိုးထောင် လို့ အမြစ် ဆွဲ ကောင်း မှ
မိမိ စိုက်ပျိုး လိုတဲ့ နေရာ ကို မြေပြင်ပြီး မြေချ စိုက်ပျိုးပါ။
ရှောက် မာလကာ ကျွဲကော သံပုရာ လိမ္မော် နှင်းသီး
စသဖြင့် အပင် အတော်များများ ခုနည်းလမ်း နဲ့ ကိုင်းကူးယူ မျိုး ပွား လို့ ရပါတယ်။
စမ်း သပ်ကြည့်ကြပါ။ ဖြစ်ထွန်း အောင်မြင်ကြပါစေ။

 

Credit : Win Myint FB

 

No Internet Connection