Accessibility Tools

 

တိုက်ခန်းစရန်ငွေပေးသည့်နေ့တွင် ဝယ်သူအနေ ဖြင့် ရောင်းသူထံမှရယူရမည့်စာရွက်စာတမ်းများမှာ -

 

(၁) မြေရှင်နှင့် ကန်ထရိုက်အကျိုးတူဆောက်သည့်
တိုက်ခန်းဖြစ်လျင် မြေရှင် နှင့် ကန်ထရိုက်တို့ချုပ်
ဆိုသည့် စာချုပ် (မိတ္တူ)


(၂) အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့် စာရွက်
စာတမ်း ၊


(၃) BCC စာရွက် (အဆောက်အအုံပြီးစီးကြောင်း
သက်သေခံလက်မှတ်) မိတ္တူ


(၄) ရောင်းသူသည် မြေရှင် သို့မဟုတ် ကန်ထရိုက်
မဟုတ်ပါက ရောင်းသူက အဆင့်ဆင့်ဝယ်ယူထား
သည့် စာချုပ်များ (မိတ္တူ)


(၅) ခင်ပွန်း ကဝယ်ယူထားပြီး ဇနီးက ၎င်းကိုယ်တိုင်
နှင့် ခင်ပွန်း၏ Sp/GP အရ ရောင်းချခြင်းဖြစ်က
၎င်းတို့ ၏အိမ်ထောင်စုဇယား နှင့် Sp/Gp (မိတ္တူ)


(၆) မူလဝယ်ယူသူကိုယ်စား SP/Gp ရသူက ရောင်းချ
ခြင်းဖြစ်က Sp/GP ( မိတ္တူ ) နှင့် ကိုယ်စားလှယ်
ရသူ ၏ မှတ်ပုံတင် မိတ္တူ


(၇) အမွေဆက်ခံခွင့်ရသူ တစ်ဦးဦးကရောင်းချြခင်းဖြစ်
က အမွေဆက်ခံရရှိသည်ဆိုသည့် အထောက်
အထား စာရွက်စာတမ်း (မိတ္တူ)
စသည်တို့ဖြစ်ပါသည်။

 

ဘာကြောင့် မိတ္တူရယူထားရန်လိုအပ်သလဲ

 

မိတ္တူများ ရယူထားမှသာလျင် အပြီးသတ်စာချုပ်မချုပ်မီသော်လည်းကောင်း ၊ ချုပ်ဆိုရမည့်နေ့တွင်သော် လည်းကောင်း ရောင်းသူဘက်မှပျက်ကွက်ပါက ဝယ်သူအနေဖြင့် တရားတစ်ထုံးစွဲဆိုရာတွင် အထောက်အထား အနေဖြင့် အသုံးပြုနိုင်ရန်အတွက် ရယူထားရန်လိုအပ်ခြင်းဖြစ်ပါသည်။

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection