Accessibility Tools

bobapaing land

 

ဘိုးဘပိုင်မြေ (အမည်မပြောင်းရသေးတဲ့မြေ) ဝယ်ယူမယ်ဆိုရင်တော့

ဆရာရေ အင်းစိန်မြို့နယ်မှာ ဘိုးဘပိုင်မြေလို့ပြောတာပဲ၊ အဲ့ အိမ်ဝန်ခြံလေးဝယ်ယူဖို့ပါ၊ဝယ်ယူပြီတော့လည်းအမည်ပေါက်ပြောင်းလို့ရပါသလား။

ဘိုးဘပိုင်မြေဆိုရင်တော့ အမည်ပေါက်က ဘယ်သူလဲ၊ ဘာစာရွက်စာတမ်းတွေရှိလဲပေါ့မေးကြည့်ရာဝယ်... မှတ်ပုံမတင်ထားသည့် (အရပ်)အရောင်းအဝယ်စာချုပ် အဆက်အစပ်တွေပဲ ရှိပါတယ်ဆရာ။

 

အမည်ပေါက်ပြောင်းလို့ရလားဆိုသည့် မေးခွန်းနဲ့ပတ်သက်လို့
---------------------------------------------------------------------------------
အမည်ပေါက်ပြောင်းလို့တော့ရပါတယ်
၊ လုပ်ငန်းစဥ်ကတော့ နည်းနည်းရှုပ်ပြီးအချိန်ပို၍ ပေးရပါမယ်။
အခွန်​တွေ​ဆောင်ရန်ငွေအ နည်းငယ်ကုန်ပါမည်။
ဘာမို့လဲဆိုတော့ မူလအမည်ပေါက်ကဘယ်သူလဲ၊ ဘယ်မှာနေတာလဲ၊ သက်ရှိထင်ရှား ရှိသေးလားဆိုပြီး စုံစမ်းရပါမည်။

- သက်ရှိထင်ရှားရှိရင် အမည်ပြောင်း လုပ်ဖို့အ တွက် ၎င်းကဌာနဆိုင်ရာတွင် လိုက်လံဆောင်ရွက်ပေးနိုင်မလား?
- သက်ရှိထင်းရှာမရှိရင် ၎င်း၏အမွေစား၊ အမွေခံများဖြစ်ကြသည့် သားသမီးများက လိုက်လံဆောင်ရွက်ပေးနိုင်မလား?
ညှိနှိုင်း​ဆောက်ရွက်ပြီးရင်​မြေပုံရာဇဝင်ကူး၊အမည်​ပေါက်​ပြောင်းလို့ရပါမယ်။
- ဒုတိယနည်းလမ်းကတော့ တရားတစ်ထုံးစွဲဆိုပြီး တရားရုံးအမိန့်၊ ဒီဂရီနဲ့ ပြုလုပ်မလား?
စသည့် အထက်ပါအချက်အလက်တွေကိုအ​ခြေခံပြီးအမည်​ပေါက်​ပြောင်းရမရ​လေ့လာစုံစမ်းလို့ရပါတယ်။
မြို့​မြေထဲမှာလည်းပါတယ်၊လူ​နေထိုင်ခွင့်လည်းရှိတယ်၊​ဆက်စပ်စာချုပ်လည်းအပြည့်အစုံရှိတယ်၊မူလအမည်​ပေါက်​တွေလည်းလိုက်ပါကူညီ​ဆောင်ရွက်​ပေးတယ် / တရားရုံးအနိုင်ဒီဂရီလည်းရှိတယ်ဆို အမည်​ပေါက်​​ပြောင်းလို့ရပါတယ်။

ဟုတ်ကဲ့ဆရာရယ် စိတ်ရှည်ရှည်နဲ့ရှင်းပြပေးလို့ ကျေးဇူပါ။

 

ဘိုးဘပိုင်မြေနဲ့ပတ်သတ်၍ အနည်းငယ်ဖော်ပြပေးပါရစေ။
------------------------------------------------------------------------------
၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို အဂ်လိပ်တို့ သိမ်းပိုက်ပြီးနောက် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဥ်းဥပဒေအရ မြန်မာမင်းများလက်ထက်ကမင်းညီ၊မင်းသား၊ မှူးကြီးမတ်ကြီးများနှင့် မင်းမှုထမ်းများကို ပေးကမ်းခဲ့သော မြေများအတွက် ပိုင်ဆိုင်မှုကို ဆက်လက်အသိအမှတ်ပြုသည့်အပြင်၊ အဘိုးအဘလက်ထက်ကပင် ဓါးမဦးချလုပ်ကိုင်ပြီး ပိုင်ဆိုင်မှုရှိခဲ့ကြသော မြေများကို ဘိုးဘပိုင်မြေ (Bobabaing Land) ဟုခေါ်ဆိုပြီး ဘိုးဘပိုင်မြေနှင့် လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေ (Land of Holder) ကို အသုံးပြုခွင့်ရသူတို့သည် မြေရှင်အခွင့်အရေး ရရှိကြပါသည်။ ဘိုးဘပိုင်မြေ၊ လက်ဝယ်ထားရှိပိုင်ခွင့်မြေ၊ မြေပိုင်မြေနှင့် အပိုင်ဂရန်မြေတို့ကို မြို့မြေ ပုံများပေါ်တွင်အပြာရင့်ရောင်ဖြင့်အနားသတ်ရေးဆွဲမှတ်သား သည်။

မြန်မာနိုင်ငံမြေစာရင်းလက်စွဲ၊ အပိုဒ် ၈၁၂။ (ဆရာဦးကျော်မြင့်စာအုပ်မှ ကောက်နုတ်ချက်)

Credit : ဦးဇင်လင်းအောင်

 

ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
၁။ ဘိုးဘပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်−
(၁)အမည်ပြောင်း၊(၂)ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက် ထားခြင်း)(၃)အမည်ဖြည့်စွက်ခြင်း(မူလအမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည်ထပ်မံဖြည့်စွက်လျှောက်ထားခြင်း)(၄)အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောင်ထားခြင်း)။

၂။ ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်-
(၁)လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊(၂)မြေပုံ၊ မြေရာဇဝင်မူရင်း၊(၃)အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊(၄)အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊(၅)အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊(၆)တရားရုံးဒဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်း ပေးရန်အကြောင်းကြားစာ)(၇)အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊(၈)အိမ်ထောင်စုဇယား မိတ္တူမှန်၊(၉)အဆောက်အဦဓါတ်ပုံ၊(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်။
၃။ အထက်ဖော်ပြပါအထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာ ကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါသည်။

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection