
သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ.ခြင်း
သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ.ခြင်း
သစ်လုံးကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် လက်မကိုတည် ၄ နှင့်စား၊ ရလဒ်သည် ဒုဗြက်လက်မဖြစ်သည်။ ဒုနှင့်ဗြက်ကိုမြှောက်၊ သစ်လုံးအလျားနှင့် ဆက်မြှောက်ရသော အဖြေကိုတည်၍ ၇၂၀၀ နှင့်စားလျှင် အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့် စားလျှင် ကုဗပေရသည်။

ဂရန်မြေကို ခွဲစိတ်မယ်ရင် သိသင့်တဲ့အချက်တွေကို ဖော်ပြပါတယ်။
ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေနဲ့ ဂရန်မြေတွေကို ခွဲစိတ်နိုင်ပါတယ်။

➢ အဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။
➢ ဤ(၁၀)အဆင့်ကို(၁)ဆင့်မ ျှ ဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေ.အကြုံကိုရေးတာပါ။)

ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတေွံ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မ၇ှိပါ။ တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။ အ ကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ရှိသေး... ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ...ဂရန်

လိုင်စင်မြေ
အစိုးရမှစီမံချထားနိုင်သောမြေ(Land of the disposal of Government)များကို အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၁၆(ခ)အရ အခွန်တော်အရာရှိက ခေတ္တယာယီသဘော လိုင်စင်ထုတ်ပေးနိုင်ခွင့် ရှိပါသည်။ မြေငှားဂရန်တွင် ပစ္စည်းလွှဲပြောင်းပေးပိုင်ခွင့်သဘော ပါရှိပြီး လိုင်စင်တွင်မူ ပစ္စည်းလွှဲပြောင်းပေးပိုင်ခွင့် မရှိဘဲ ခေတ္တအသုံးပြုခွင့် သက်သက်မျှသာ ပေးထားခြင်း ဖြစ်ပါသည်။

ငါ့ဇနီးက မြေတစ်ကွက်ဝယ်ဖို့ သွားရောက် ကြည့်ရှုစုံစမ်းလိုက်တော့ ရွာမြေဖြစ်နေတယ်လို့ ပြောတယ်။ ငါသိတာက ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ လို့ပဲ သိထားတာ၊ ရွာမြေ ဆိုတော့ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိသလား။ တချို့ကလည်း ဥယျာဉ် ခြံမြေလို့ ပြောကြတယ်။ အဲဒါ ဘယ်လိုကွာသလဲ သူငယ်ချင်း၊ ငါလည်း နားရှုပ်လာတာနဲ့ မင်းဆီ ရောက်လာတာ''
သူငယ်ချင်းတစ်ဦးက စာရေးသူထံ ရောက်လာပြီး ဆွေးနွေးပါသည်။





