ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။
မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

 "ကုဗကျင်း"

 

- ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

 

- ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။
- ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။
- မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

 

- 1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း
- 1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း
- 1: 1-1/2 အချိုး

ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁ ကျင်း

- အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊ ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။

 

- အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။

 

"စကွဲယားကျင်း"

 

- စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
- ၄လက်မခွဲ အုတ်စီခြင်း
ဆေးသုတ်ခြင်းတို့
အမိုးမိုးခြင်းတို့
ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

 

- နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး - 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း

 

"သံချောင်း"

 

- သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။
သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။

 

တစ်တန်မှာရှိရမယ့် အချောင်းရေက

 

- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။

 

"ဘိလပ်မြေ"

 

- ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။
- သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။
- ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။
ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။
အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။

 

ဆက်သွယ်ချက်က

 

၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft

Credit - ရွှေညောင်သားတစ်ယောက်ရဲ့ မှတ်စု

 

No Internet Connection