FIND YOUR BEST PROPERTY

Properties for Sale / Rent in Myanmar

 

 

Contract စာချုပ် ချုပ်ဆိုတော့မယ်ဆိုရင် အဓိကပါဝင်ရမည့် အချက်တွေကတော့

 (၁) Title
(၂) Parties
(၃) Terms & Conditions
(၄) Mode of Payment
(၅) Place of Performance
(၆) Termination Clause
(၇) Protective Clause & Dispute Clause
(ဂ) Arbitration Clause
(၉) Jurisdiction Clause
(၁၀) Confidentiality Clause


(၁) Title


Contract ပဋိဉာဉ် စာချုပ် ချုပ်တော့ မယ်ဆိုရင် မပါမဖြစ် ပါရမှာက Title ဖြစ်ပါတယ်။ Title ဆိုတာကတော့ Contract
ရဲ့ အမည်ကိုပြောတာဖြစ်ပါတယ် ။ Contract အမျိုးအစားကတော့ ဥပမာ---------- R.C အဆာက်အဦလား ၊ Steel
Structure အဆောက်အဦလား ၊ Contrete လမ်းလား ၊ ဆည်တာတမံလား၊ စသည်တို့ ဖြစ်ပါတယ် ။ အလုပ်ခန့်အပ်တာ
ဆိုရင် Employment Contract ဆိုတာမျိုး ၊ ကုန်ရောင်းကုန်ဝယ် Sale of Goods ဆိုတာမျိုးလည်း ဖြစ်ရပါမယ်


(2) Parties

Parties ဆိုတာကတော့ Contract ပဋိဉာဉ်မှာ ပါဝင်ချုပ်ဆိုသူတွေကို ပြောတာဖြစ်ပါတယ် ။ဒီလူက ဒီလူဘဲ တစ်ခြားသူနဲ့
မဆိုင်ဘူးဆိုတာကို Identify လုပ်ပေးရမယ် ။ပါဝင်ချုပ်ဆိုတဲ့သူတေကွ Indentify လုပ်ဖို့အတွက် ချုပ်ဆိုသူတွေရဲ့ မှတ်ပုံတင် ၊အဖနာမည် ၊ နေရပ်လိပ်စာ စတာတွေပါရပါမယ် ။

Company ဆိုရင်လည်း Company ရဲ့ Registration နံပါတ် ပါရပါမယ်။

ထိုစာချုပ်တွေမှာ ရေးလေ့ရေးထရှိတာကတော့ Party A နှင့် Party B ဆိုပြီး ရှိပါတယ် ။ Party A က Offer လုပ်တဲ့ လူကို
ခေါ်တယ် ။ Party B ကတော့ Accept လုပ်တဲ့ ဘက်ကို သုံးပါတယ်။ Party တွေရဲ့ နေရပ်လိပ်စာတွေ နဲ့ နာမည်တွေရေးရုံနဲ့
မပြီးသေးပါဘူး ။ အရေးကြီးတဲ့အချက်ကတော့ အဲဒီ Parties တွေက Contract ပဋိဉာဉ်စာချုပ ်နဲ့ ချုပ်လိုက်တဲ့အခါမှာ လက်မှတ်ထိုးရပါမယ် ။

လက်မှတ်ထိုးတာက လူတစ်ဦးချင်းအနေနဲ့ ပြဿနာမရှိပါဘူး ။Company ချင်း စာချုပ် ချုပ်တဲ့ အခါမှာ အရမ်း စကားပြောရပါတယ် ။

Company တွေနဲ့ ပတ်သက်လာရင် လက်မှတ်ထိုးတဲ့လူက Authorized Person ဟုတ်မဟုတ်မေးပြီးမှ လက်မှတ်ထိုးတာပိုကောင်းပါတယ် ။

ဥပမာ----- သင်းဖွဲ့စည်းမျဉ်းထဲမှာ ပါဝင်သော လူ က Contract ပဋိဉာဉ်စာချုပ် မှာ လက်မှတ်ရေးထိုးတာပိုကောင်းပါတယ်။


(၃) Terms and Conditions


Terms and Conditions ဆိုတာကတော့ Contract ပဋိဉာဉ် မှာပါတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကိုဆိုတာပါ ။ ဒီစည်းကမ်းသတ်မှတ်ချက်တွေက ဘာကို ရောင်ပြန်ဟပ်သလဲဆိုရင်တော့ နှစ်ဦးနှစ်ဘက် သဘောတူထားတဲ့ အချက်တွေ
ကိုရောင်ပြန်ဟပ်ဖို့ လိုပါတယ်။ ဘာတွေလုပ်ဖို့ သဘောတူသလဲဆိုတဲ့ အချက်တွေပါဝင်ပါတယ် ။ ထို့အပြင် ပိုပြီးအရေးကြီး
တာကတော့ Duration ဆိုတဲ့ အချိန် နှင့် Work Peformance အတိုင်းအတာလိုအပ်ပါတယ်။
(၄) Mode of Payment
ငွေပေးချေမည့် ကိစ္စတွေမှာ Bank Transfer နဲ့ ဘဲ ပေးမှာလား ၊ Transferance လုပ်မှာလား ၊ Cheque နဲ့ ပေးမှာလား၊
Cash ဘဲပေးမှာလား စသည့် နည်းလမ်းတွေရှိပါတယ် ။


(၅) Place of Performance


Contract ပဋိဉာဉ် ကို ဘယ်မှာ ဆောင်ရွက်မလဲဆိုတာ သိပ်အရေးကြီးပါတယ်။ အတိအကျ ရေးပေးဖို့လိုပါတယ်။ ဥပမာ----
ပဲခူးဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အတွက်ဆိုရင် Place of Performace က ပဲခူးဟံသာဝတီအပြည်ပြည်ဆိုင်ရာ
လေဆိပ်မှာဘဲဖြစ်ရပါမယ်။
နောက်တစ်ခုက Business အလိုက် သီးသန့် Clause တွေရှိပါတယ်။ ဥပမာ-----Shipping မှာဆိုရင် Shipping နဲ့ ဆိုင်တဲ့
Clause တွေရှိပါတယ်။ Special Clause တွေကို Business အလိုက်ထည့်ပေးဖို့လိုအပ်ပါတယ်။


(၆) Termination Clause

 

Termination Clause ဆိုတဲ့ သဘောက တော့ Duration ပြီးဆုံးသွားရင် Contract က သူ့ဘာသာသူ ပြီးဆုံးသွားမှာပါ။
သို့သော် Duration မပြီးဆုံးခင်မှာ အဲဒီ Contract ကို ရပ်ပစ်ချင်ရင် ရပ်လို့ရတဲ့ အကြောင်းအရာတွေကိုထည့်ထားပါတယ်။
အဲဒီအချက်ကလည်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုတွေအပေါ်မှာ မူတည်ပြီးတော့ Termination မပေးချင်ဘူးဆိုရင် မပေးနဲ့ ရပါတယ်။

သို့သော်များသောအားဖြင့်တော့ Termination ပေးကြပါတယ်။ ပေးတဲ့အခါမှာ Termination ပေးရင် လုပ်ချင်တဲ့ဘက်က Notice ကို အများအားဖြင့် သုံးလကြိုပေးကြပါတယ်။

သို့ပါသော်လည်း Termination အပိုင်းကတော့ Contract ပဋိဉာဉ်မှာ ပါသင့်ပါထိုက်ပါတယ် ။


(၇) Protective Clause and Dispute Clause

Protective Clause and Dispute Clause ကတော့ Contract ပဋိဉာဉ်မှာ တော့ Serious ဖြစ်လာပြီဆိုရင် သုံးရမည့်
အနေအထားဖြစ်လို့ Intensive လို့ခေါ်ပါတယ်။
Protective Clause ကတော့ အကာအကွယ် နဲ့ ဆိုင်သောစာပိုဒ်ဖြစ်ပါတယ်။ ထိုအကာအကွယ်နှင့်ဆိုင်သောစာပိုဒ်တွေ
တော့ Contract ပဋိဉာဉ်အမျိုးအစားလိုက်ပြီးတော့ရှိပါတယ်။ သို့သော် အပြည့်အဝတာဝန်မရှိဘဲ တာဝန်ရှိမှုကို ကန့်သတ်
မယ်ဆိုတဲ့ သဘောကိုပြောတာဘဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်သော အက်ဥပဒေမှာ Carrier အနေနဲ့ ကုန်ပစ္စည်းတွေကိုသယ်သွားတယ်။

ကုန်ပစ္စည်းတွေပျောက်သွားတယ်ဆိုရင်တော့ သူမှာ တာဝန်ရှိပါတယ်။ သို့သော်
တာာဝန်ရှိမှုကို Limit လုပ်နိုင်တဲ့ အတွက်ကြောင့် ပေါင်တစ်သိန်းကွန်တင်နာရေထဲကို ပြုတ်ကျသွားရင်တောင် သူ့ရဲ့
တာဝန်ရှိမှုက ပေါင်တစ်ရာ ဘဲဖြစ်ပါတယ်။ ထိုအရာကို Limitation of Liability လို့ခေါ်ပါတယ်။ Exclusion of Liability က
တော့ တာဝန်လုံးဝမရှိဘူးလို့ ဖယ်ထုတ်ထားတာမျိုးတွေလည်းပါတတ်ပါတယ်။


(၈) Arbitration Clause

အငြင်းပွားမှုဖြစ်ပေါ်လာရင် ဘယ်လိုဆုံဖြတ်မလဲဆိုပြီးတော့ သတ်မှတ်ထားသော Clause တွေလည်းရှိပါတယ် ။ ထိုအရာက
တော့ Arbitration Clause ပါ ။ အငြင်းပွားမှုပေါ်ပေါက်လာရင်တော့ တရားရုံးကို မသွားတော့ဘူး ဆိုတာမျိုးလည်းပါ ပါတယ်။ ခုံရုံးကနေ ဆုံးဖြတ်ပေးမယ်။

တစ်ယောက်ထိုင်သော ခုံရုံးမှာဆုံးဖြတ် မှာလား၊ နှစ်ယောက်ထိုင်သော ခုံရုံးမှာ ဆုံးဖြတ်မှာလားပေါ့ ။


(၉) Jurisdiction Clause

အငြင်းပွားမှုဖြစ်လာရင် ဘယ်ဥပဒေနဲ့ ဖြေရှင်းမလဲဆိုတာကို တစ်ခါတည်းထည့်ထားတာဖြစ်ပါတယ် ။ မြန်မာနိုင်ငံ ဥပဒေနဲ့
ဖြေရှင်းမလား နိုင်ငံခြားက ဥပဒေ နဲ့ ဖြေရှင်းမလားဆိုသော အချက်ဖြစ်ပါတယ်။ ထိုအချက်ကို ထည့်မထားတဲ့အခါ

ဘယ်ဥပဒေနဲ့ ဆုံးဖြတ်မလဲ ပြန်ကြည့်ရပါတယ် ။ အလုပ်တော့ ရှုပ်ပါတယ် ။ Jurisdiction Clause ကိုထည့်လိုက်ရင်
ဘယ် ဥပဒေနဲ့ ဆုံးဖြတ်မလဲဆိုတာကို တစ်ခါတည်းပြီးသွားလိမ့်မယ် ဖြစ်ပါတယ် ။


(၁၀) Confidentiality Clause

Confidentiality Clause ကတော့ ပြောဆိုတဲ့ အကြောင်းအရာတွေ ၊ Contract ပဋိဉာဉ် စာချုပ် ချုပ်ဆိုသော အကြောင်းအရာ တွေကို Confidentiality ထားရပါမယ် ။

မပေါက်ကြားစေရဘူး ။ထိုအရာကလည်း (၂) မျိုးရှိပါတယ်။
တစ်ချို့ အရာတွေကတော့ Contract ပဋိဉာဉ် တည် မြဲနေသော အချိန်ကာအတွင်းမှာ မပေါက်ကြားရင် ရပါတယ်။
Contract ပဋိဉာဉ်ပြီးသွားရင် ပေါက်ကြားလို့ ရတယ်။
နောက်တစ်ခုကတော့ Contract ပဋိဉာဉ် တည်မြဲနေသောအချိန် အတွင်း မပေါက်ကြားစေနဲ့ ၊ Contract ပဋိဉာဉ်ပြီးသွား
ပြီး သုံး နှစ် ကြာသော အချိန်အထိ ထိန်းထားတာမျိုးတွေလည်း ရှိပါတယ် ။

 

ကျွန်တော်သည် ဥပဒေပညာရှင်တစ်ယောက်တော့ မဟုတ်ပါ။
ကျွန်တော့်အားသင်ကြားပြသပေးပါသောဒုတိယ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)
SECM Chairman ဒေါက်တာမောင်မောင်သိမ်း ၏ သင်ကြားပို့ချချက်များအား ပြန်လည်ပြီး မျှဝေပေးဖြစ်ပါတယ်။

လိုအပ်ချက်များရှိပါက ဝေဖန်အကြံပေးနိုင်ပါသည်။

 

ဆက်လက်ကြိုးစားပါမယ်။

 



Credit : Pyae Soan Win Notes 

 

No Internet Connection