Log in
x
or

Don't have an account ?

Register

x
x
Register
x

 

 

၂ဝ၂ဝပြည့်နှစ်တွင် ရန်ကုန်မြို့တွင် ဂျပန်နိုင်ငံအကူအညီဖြင့် စတင်တည်ဆောက်မည့် မိုးပျံလျှပ်စစ်ရထားပြေးဆွဲရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅ဘီလီယံခန့်ကုန်ကျနိုင်မည်ဟု ကနေ့ဦးခန့်မှန်းထားကြောင်းမြန်မာ့မီးရထားစီမံကိန်းဒါရိုက်တာထံမှ သိရသည်။

ယင်းစီမံကိန်းကို ဂျပန်နိုင်ငံ၏အကူအညီဖြင့် မြန်မာ့မီးရထား၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းစီမံကိန်းကို လုပ်ဆောင်ရန်ယခင်ကတည်းက လျာထားချက်ရှိသော်လည်းလိုအပ်သည့် လျှပ်စစ်မရရှိသဖြင့် အကောင်အထည်မဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၂ဝပြည့်နှစ် ဝန်းကျင်လောက်တွင် လျှပ်စစ်သည်အာမခံနိုင်သော အဆင့်ရှိနိုင်သည့်အတွက် အဲဒီနှစ်ကျမှ စလုပ်ရန်စီမံချက်ဆွဲနေပြီး ခန့်မှန်ခြေ ၂ဝ၂၄ခုနှစ်တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။စီမံကိန်းပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းကာလသည် လေးနှစ်ခန့်ကြာမြင့်နိုင်မည်ဖြစ်ပြီး ၂ဝ၂၄ခုနှစ်တွင်ပြေးဆွဲမှုစတင်နိုင်မည်ဟုခန့်မှန်းထားကြောင်း သိရသည်။

ယင်းရထားလမ်းကြောင်းအသစ်ကို တောင်နှင့်မြောက်၊အရှေ့နှင့်အနောက်ဟူ၍ သွယ်တန်းပြေးဆွဲ၍ ရေးဆွဲထားပြီး လက်ရှိမြို့ပတ်ရထားလမ်းများနှင့် ချိတ်ဆက်မည်ဖြစ်ကာတောင်နှင့်မြောက်လမ်းကြောင်းကို ဒလမြို့နယ်မှ မင်္ဂလာဒုံမြို့နယ်အထိလည်းကောင်း၊အရှေ့နှင့် အနောက်လမ်းကြောင်းကို လှိုင်သာယာမြို့နယ်မှ ရန်ကုန်မြို့လယ်ကိုဖြတ်ကာ ဒဂုံမြို့သစ်အထိလည်းကောင်းဖောက်လုပ်ရန်စီမံကိန်းရေးဆွဲထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နေ့စဉ်ခရီးသွားပြည်သူ ၂ ဒသမ ၅သန်းခန့်ရှိပြီး ခရီးသည်ဦးရေနှစ်သန်းခန့်သည် ဘတ်စကားကိုသာ အဓိကစီးနင်းနေရပြီး ယင်းစီမံကိန်းလုပ်ငန်းများအားလုံးပြီးစီးပါက ရန်ကုန်မြို့တွင်းခရီးသွားလာမှုအပေါ်တွင် အကျိုးဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit :Myawaddy

Myanmar Property News