Accessibility Tools

 

 

သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ.ခြင်း
သစ်လုံးကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် လက်မကိုတည် ၄ နှင့်စား၊ ရလဒ်သည် ဒုဗြက်လက်မဖြစ်သည်။ ဒုနှင့်ဗြက်ကိုမြှောက်၊ သစ်လုံးအလျားနှင့် ဆက်မြှောက်ရသော အဖြေကိုတည်၍ ၇၂၀၀ နှင့်စားလျှင် အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့် စားလျှင် ကုဗပေရသည်။

ဥပမာ - သစ်လုံးပတ် ၆၀ လက်မ ၊ အရှည် ၃၂ ပေရှိသော သစ်လုံးကို တန်ဖွဲ.လိုလျှင်

၆၀/၄ = ၁၅ ဒုနှင့်ဗြက်လက်မ

တွက်နည်း (၁)

(၁၅ x ၁၅ x ၃၂) / ၇၂၀၀ = ၇၂၀၀/၇၂၀၀ = ၁ တန်

တွက်နည်း (၂)

(၁၅ x ၁၅ x ၃၂) / ၁၄၄ = ၇၂၀၀/၁၄၄ = ၅၀ ကုဗပေ

၅၀ ကုဗပေ = ၁ တန်

သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

(သစ် ၁ တန် = ၁” x ၁” ပတ်လည် ၇၂၀၀ ပေ)

သိလိုသော သစ်အရွယ်အစား၏ ဒုနှင့်ဗြက်ကို မြှောက်၍ရသော ရလဒ်နှင့် ၇၂၀၀ ကိုစားရသောအဖြေသည်သစ်တစ်တန်၏ ပေအရှည်ဖြစ်သည်။

 

 

တွက်နည်း (၁)

၄ x ၂ = သစ်တစ်တန်ရှိပေရှည်ကို သိလိုသော်

၄ x ၂ = ၈

၇၂၀၀ / ၈ = ၉၀၀ ပေ

( ၄ x ၂ ) သစ်တစ်တန်မှာရှိသောပေအရှည် = ၉၀၀ ပေ

သစ်ခွဲသားများကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် တွက်လိုသည့်သစ်ခွဲသား၏ ဗြက်နှင့်ဒုကို မြှောက်ပြီးနောက်သစ်တစ်တန်ရှိ ၅၀ ကုဗပေနှင့် ထပ်မြှောက်ပြီးလျှင် ၇၂၀၀ နှင့်စားခြင်းဖြင့် ကုဗပေများကိုရရှိမည်။ အကြွင်းရှိလျှင်မပြတ်မချင်း (သုည) ထိုး၍ ဆက်စားခြင်းဖြင့် ဒသမများကို ရရှိမည်။

တွက်နည်း (၂)

၄ x ၂ သစ်ခွဲသား ပေ ၉၀၀ ကို ကုဗပေ မည်မျှ ရှိကြောင်း တွက်ချက်ရာတွင်

(၄ x ၂ x ၉၀၀ x ၅၀) / ၇၂၀၀ = ၅၀ ကုဗပေ

Credit : winningland.org

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection