Accessibility Tools

 

 

လစာ ဝင်ငွေအပေါ် ဝင်ငွေခွန်တွက်ချက် နိုင်ရန် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ နေ့စဉ်ထုတ် သတင်းစာတွေမှာ အသိပေးနေတဲ့ တွက်ချက်မှု နမူနာ ပုံစံ ဖြစ်ပါသည်

 

အကျုံးဝင်သည့် ဝင်ငွေများ ။ ။ မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို.မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ပင်စင်၊ ကရုဏာကြေးနှင့် လစာနှင့် လုပ်ခအစား သို.မဟုတ် ယင်းတို.အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်နှင့် အကျိုးခံစားခွင့်များမှရရှိသည့် ဝင်ငွေတို.အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ပါသဖြင့် နှစ်တစ်နှစ်အတွင်းရရှိသည့် လစာဝင်ငွေ၊ လစာဝင်ငွေအပြင် ကောက်မရှင်ကြေး၊ နှစ်စဉ်ကြေး၊ ပညာရှင်ကြေး တို.ကိုလည်း စုစုပေါင်းလစာဝင်ငွေတွင် ထည့်သွင်းတွက်ချက်ရမည် ဖြစ်ပါသည်။

အခွန်နှုန်း ။ အောက်ပါအတိုင်းဖြစ်ပါသည်-

အကျိုးသက်ရောက်သည့်ရက်။ ။ ၁-၄-၂၀၁၆ ရက်မှ စတင်ရရှိသည့် လစာဝင်ငွေအတွက်မှ စတင်အကျိုးသက်ရောက်ပါသည်။

အခွန်ကျသင့်မှု ။ အောက်ပါအတိုင်းဖြစ်ပါသည်-

တစ်နှစ် စုစုပေါင်း လစာဝင်ငွေကျပ် ၄၈သိန်းထက် မကျောက်ပါက ဝင်ငွေခွန်ပေးဆောင်ရန်မလိုပါ။
တစ်နှစ် စုစုပေါင်း လစာဝင်ငွေကျပ် ၄၈သိန်းထက် ကျော်လွန်သော်လည်း စုစုပေါင်း လစာဝင်ငွေမှ သက်သာခွင့်များဖြစ်သည့် အခြေခံသက်သာခွင့်၊ အတူနေမိဘအတွက် သက်သာခွင့်၊ အိမ်ထောင်ဖက်အတွက် သက်သာခွင့်၊ သားသမီးအတွက် သက်သာခွင့်၊ အသက်အာမခံအတွက် ပေးရသည့် ပရီမီယံ၊ လူမှုဖူလုံရေးရန်ပုံငွေသို. ထည့်ဝင်ငွေတို.ကို နုတ်ပယ်ပါ၊ နုတ်ပယ်ပြီး ကျန်ရှိသော အခွန်စည်းကြပ်ရန် ဝင်ငွေမှာ ကျပ်သိန်း ၂၀ မကျော်ပါက ဝင်ငွေခွန် ပေးဆောင်ရန်မလိုပါ။
(အခွန်စည်းကြပ်ရန် ဝင်ငွေ = စုစုပေါင်းလစာဝင်ငွေ - အခြေခံသက်သာခွင့်များ)

ဥပမာ

ဦးရွှေသည် နှစ်အတွက်လစာဝင်ငွေစုစုပေါင်း ၆၀သိန်း ရရှိပါက

စုစုပေါင်းလစာဝင်ငွေ = ၆၀၀၀၀၀၀

 အခြေခံသက်သာခွင့် = ၁၂၀၀၀၀၀
(၆၀၀၀၀၀၀ x ၂၀%)

 အတူနေမိဘအတွက် သက်သာခွင့်
(တစ်ဦး ၁၀၀၀၀၀၀ စီ x ၂ ဦး) = ၂၀၀၀၀၀၀

 အိမ်ထောင်ဖက်အတွက် သက်သာခွင့် = ၁၀၀၀၀၀၀

 သားသမီး ၂ ဦးအတွက် သက်သာခွင့် = ၁၀၀၀၀၀၀
(တစ်ဦး ၅၀၀၀၀၀ စီ x ၂ ဦး)

ဦးရွှေနှင့်အိမ်ထောင်ဖက်အသက်အာမခံ = ၅၀၀၀၀
(ဦးရွှေအတွက် ၃၀၀၀၀ + ဇနီး ၂၀၀၀၀)

 ဦးရွှေအတွက် ထည့်ဝင်လူမှုဖူလုံရေးရန်ပုံငွေ = ၅၀၀၀၀

 (နုတ်) သက်သာခွင့်စုစုပေါင်း = ၅၃၀၀၀၀၀

 အခွန်စည်းကြပ်ရန်ဝင်ငွေ = ၇၀၀၀၀၀

 ကျသင့်အခွန် = အခွန်မကျသင့်

အခွန်စည်းကြပ်ရန် ဝင်ငွေကျပ်သိန်း ၂၀ ထက်ကျော်ပါက ကျပ်သိန်း ၂၀ ထက်ပိုသည့်ပမာဏအတွက်သာ သတ်မှတ်ရာခိုင်နှုန်းအတိုင်း အခွန်တွက်ချက်ပေးဆောင်ရမည်ဖြစ်ပါသည်။
ဥပမာ-

ဦးရွှေသည် နှစ်အတွင်း လစာဝင်ငွေသိန်း ၉၀ ရရှိပါက
စုစုပေါင်းလစာဝငွေ = ၉၀၀၀၀၀၀
(နုတ်)သက်သာခွင့်များ = ၅၉၀၀၀၀၀
(အခြေခံသက်သာခွင့် + အတူနေမိဘ + အိမ်ထောင်ဖက် +
သားသမီး + အာမခံ + လူမှုဖူလုံရေးရန်ပုံငွေ)

အခွန်စည်းကြပ်ရန်ဝင်ငွေ = ၃၁၀၀၀၀၀

အခွန်တွက်ချက်ခြင်း
ကျပ်သိန်း ၂၀ အထိ ဝ% ဖြင့် = ဝ
၂၀၀၀၀၀၁ - ၃၁၀၀၀၀၀ အထိ
၁၁၀၀၀၀၀ x ၅% ဖြင့် = ၅၅၀၀၀
တစ်နှစ်ကျသင့်အခွန် = ၅၅၀၀၀
တစ်လကျသင့်အခွန် = ၄၅၈၃

Ref : Internal Revenue Department

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection