Accessibility Tools

 

ကနေ့ အမျိုးသမီးတစ်ယောက်
တောင်ဥက္ကလာ သင်္ဃန်းကျွန်း မြောက်ဥက္ကလာ
သုံးမြို့နယ်က မြေကွက် ၇ ကွက် အတွက်
ဂရန် ၇ အုပ်ကိုင်ပြီး
မြေစီမံ မှု လာလျှောက်ပါတယ်


သက်ဆိုင်ရာ အရာရှိက
စစ်ကြည့်လိုက်တဲ့အခါ
၇ အုပ်လုံး ဂရန်အတုတွေ ဖြစ်နေပါတယ်
ကျနော့်ဆီ လာပြလို့
ခေါ်စစ်လိုက်တော့
ဂရန်ပိုင်ရှင်တွေဆီက GP အားလုံးယူထားပြီး
အရောင်းလျှောက်ဖို့ လာတာလို့ သိရပါတယ်။
စရံ တစ်ဝက်ချေ ပြီးသားပါ တဲ့။
မြေတန်ဖိုး ကြီးတဲ့ မြို့တွေဆိုတော့
တစ်ကွက်ကို ထောင်ဂဏန်း အောက်လျော့ဖို့
မရှိပါဘူး ။
တစ်ဝက်ချေတယ်ဆိုတော့ ၅၀၀ x ၇=၃၅၀၀
အမျိုးသမီး ခမျာမှာ အသံတောင် မထွက်နိုင်တော့ပါဘူး ။
မျက်ရည် တွေတွေ ကျလို့ ။
စခန်းမှာ အမှု သွားဖွင့် မယ်ဆိုပါတယ်။
အကျိုးဆောင်ကုမ္ပဏီ တစ်ခုက ဝန်ထမ်းလဲ
ပါလာပါတယ်။

မြို့/မြေ ဌာန မှာ ဂရန် အမည်ပေါက်စစ်တာဟာ
အမည်ပေါက်ကိုဘဲ သိရမှာဖြစ်ပါတယ်။
ဂရန် အတု အစစ် ခွဲခြားပေးလိုက်တာ မဟုတ်ပါဘူး။
ဝယ်မဲ့သူ များ အနေနဲ့ အမည်ပေါက်စစ်ရုံနဲ့ မခိုင်လုံပါဘူး ။

သက်ဆိုင်ရာ ဌာန အရာရှိများထံမှာ ဂရန်အတုဟုတ်မဟုတ်
မူရင်း ကိုင်ပြီး မေးဖို့လိုပါတယ်။
မြို့/အိုး ဂရန် ဆိုလဲ မြို့/အိုးမှာ သွားစစ်ဖို့လိုပါတယ်။
ခု လာလျှောက်တဲ့ ဂရန် ၇ အုပ်မှာ
၄အုပ်က ဘဏ်ချေးထားတာ တွေ့ရပါတယ်။
ပိုင်ရှင်တွေက ဂရန်ကို ဘဏ်ချေးတယ်
ပြီးတော့ အတုလုပ်ပြီး ရောင်းတယ် ။
ဘဏ်က ဂရမ်ကိုလဲ ပြန်ရွေးတော့မယ် မထင်ပါဘူး။
အဲ့တော့
မြေဝယ်တဲ့အခါ
ဂရန် အတု အစစ် ဆိုတာကို
အထောက်အထား ခိုင်မခိုင် ဆိုတာကို
သက်ဆိုင်ရာ ဌာန ကျွမ်းကျင်ဝန်ထမ်းများထံမှာ
(ကောင်းတာကတော့ အရာရှိတွေ ဆီမှာ စစ်တာပို
ကောင်းပါတယ်) သေသေချာချာ စစ်ဖို့လိုပါတယ်။
ယခုပို့စ်က
ပြည်သူတွေ မြေကိစ္စ အလိမ် မခံရစေဖို့
သတိကြီးကြီးထားဖို့ သတိပေးလိုရင်း ဖြစ်ပါတယ်။

Google Play Download link => https://bit.ly/342GJGa


Credit : Minaung Lin

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection