Accessibility Tools

 

 

မြေငှားဂရန်သက်တမ်းတိုးနဲ့ ဂရန်အသစ်လျှောက်မယ်ဆိုရင် သိသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ထိုသို. လျှောက် ထားက အမည်ပေါက် (သို.) မှတ်ပုံတင်စာချုပ် အဆင့် ဆင့်ဖြင့် ဝယ်ယူထားသည့် နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် တရားရုံးစီရင်ချက်နှင့် ဒီဂရီ ရယူထားသူကသာ
လျှောက် ထားရပါမည်။

မြေငှားဂရန် သက်တမ်းတိုးလိုလျှင်

• ကိုယ်တိုင်အမည်ပေါက်ဂရန်ကို သက်တမ်းတိုးရတာ ပိုလွယ်ပါတယ်။
• အမည်ပေါက်မဟုတ်လျှင် တော့ ပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်တွေလိုပါတယ်။
• ဂရန်မူရင်းရဲ. Photocopy နဲ. မြေပုံတို.ပူးတွဲရပါမယ်။
• မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်း (ကွာတားကြေးဖြတ်ပိုင်း)လိုပါတယ်။ (ဒါကိုလဲ ID မိတ္တူ နဲ.တကွ မြို.တော်စည်ပင်ကို တင်ရမှာပါ။
• ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီ၏ အမိန်. -၃/၂၀ဝ၁-အပိုဒ် ၄ (ဃ)၏လုပ်ပိုင်ခွင့်များအရ ဂရန်တစ်စောင်အားသက်တမ်းတိုးမြှင့်ပေးခြင်းသာဖြစ်ပါသည်။
• သက်တမ်းကုန်ဆုံးသော ဂရန်မြေကိုသာ ဂရန်အသစ်ထုတ်ပေးရန် လေ ျှာက်ထားနိုင်ပါသည်။
1. လျှောက်ထားသူ၏ နိုင်ငံသားမိတ္တူ

2. မူရင်းဂရန်နှင့်ပူးတွဲပါမြေပုံ

3. ပိုင်ဆိုင်ကြောင်းအထောက်အထား၊ ဆက်စပ်စာချုပ်များ

4. မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံစာ

5. အိမ်နီးချင်း နှစ်ဦး၏ထောက်ခံချက်

6. မြေဌားခကိုပေးဆောင်နိုင်ပါကြောင်း ဝန်ခံချက်

7. မြေဌားစာချုပ်ပါ စည်းကမ်းချက်များကိုလိုက်နာနိုင်ကြောင်းဝန်ခံချက်တို.ဖြင့် ပူးတွဲ၍ တင်သွင်း လျှောက် ထားရပါသည်။

• ထိုသို. လျှောက် ထားချက်ကို စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်ဆေး၍ ပြည့်စုံမှန်ကန်ပါက ကန်.ကွက်ရန်ရှိ/မရှိ သတင်းစာမှာ ကြောငြာပါမည်။
• ကန်ကွက်သူရှိပါက လျှောက် လွှာအား ဆိုင်းငံ့၍ပြေလည်အောင် ဖြေရှင်းရမည်။ ဖြေရှင်းခြင်းပြီးဆုံးမှသာ ဂရန်သစ်ထုတ်ပေးမည်ဖြစ်ပါသည်။
• သက်တမ်းကုန်ဆုံးသည့် ဂရန် ပြန်အပ်ရပါမည်။
• ဂရန်ပျောက်ဆုံးက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရပါမည်။

မြေငှားဂရန် အသစ်လျှောက်

မြေငှားဂရန် အသစ်ထုတ်ပေးတဲ့ မြေအမျိုးအစားတွေမှာ လိုင်စင်မြေ၊ စကွာတာမြေ နဲ့ ပါမစ်မြေတို့ဖြစ်ပါတယ်။

လိုအပ်တဲ့ အထောက်အထားတွေမှာ.......

၁။ နိုင်ငံသားဖြစ်ရမည် (နိုင်ငံသားကတ်ပြား မိတ္တူ)။

၂။ အိမ်ရာဆောက်လုပ်နေထိုင်ခွင့် လက်မှတ်။

၃။ အမည်ပေါက် (သို့) ဥပဒေနဲ့ အညီဆက်ခံခွင့်ရှိသူမှ တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ကျမ်းကျိန်လွှာ။

၄။ လွှဲပြောင်းခြင်းဖြစ်ပါက ကတိစာချုပ်လွှာ (ဥပမာ- အရောင်း၊ အဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းခြင်းစတဲ့ လွှဲပြောင်းခြင်းများ)။

၅။ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး တရားရုံးရဲ့ အမိန့်ဒီဂရီ။

၆။ အဆောက်အအုံရှိကြောင်း အထောက်အထားတို့ လိုအပ်ပါတယ်။

မှတ်ချက်။ ။ ဂရန်ခွန်အနေဖြင့်မြို.မြေချထားရေးမှသတ်မှတ်မြေတန်ဘိုး၏ ၆% ပေးဆောင်ရပြီး၊
စက်မှုဂရန်အတွက် နှစ်ဆပေးဆောင်ရမည်။

 

Ref : Kyi Soe (I.C) & Kumudra

Photo credit : YCDC

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection