ပူပြင်းတဲ့လတွေမှာအပူဒဏ်ကိုခံနိုင်ဖို့လေအေးပေးစက်ဖွင့်တာ၊ပန်ကာရှေ့တွင်နေတာတို့ပြုလုပ်လေ့ရှိကြပါတယ်။

ဒါပေမယ့်ဒါတွေဟာအေးမြစေတဲ့တစ်ခုတည်းသောနည်းလမ်းတွေမဟုတ်ပါဘူး။

မီတာခကုန်ကျခြင်း မရှိဘဲ နေအိမ်ကိုအပူဒဏ်မှကာကွယ်နိုင်တဲ့နည်းလမ်းများစွာလည်း ရှိပါသေးသလို ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။

 


၁။ လိုက်ကာများပိတ်ပါ။
ဒီလုပ်ဆောင်ချက်ကရိုးရှင်းလွန်းလှပါတယ်။ မလိုအပ်တဲ့အပူချိန် ၃၀ ရာခိုင်နှုန်းကျော်ဟာ ပြတင်းပေါက်ကနေ ဝင်ရောက်လာလေ့ရှိတယ်။ အဲဒါကြောင့်အုပ်ဆောင်းနဲ့လိုက်ကာတွေကို အသုံးပြုခြင်းက မီတာခကို ၇ရာခိုင်နှုန်းကျော် ချွေတာပေးနိုင်ပြီး အခန်းအပူချိန်ကိုလည်း ၂၀ ဒီဂရီကျော်ကျော် လျော့ကျပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် တောင်ဘက်နဲ့အနောက်ဘက်ကို မျက်နှာမူထားတဲ့ ပြတင်းပေါက်တွေကိုသာ အဓိကထားပြီး လိုက်ကာပိတ်ထားခြင်းက သင့်အိမ်ကို အသေးစား ဖန်လုံအိမ် ဖြစ်မသွားအောင် ကာကွယ် ပေးပါတယ်။


၂။အခန်းတံခါးတွေပိတ်ပါ။
နေ့တစ်နေ့ရဲ့အပူဆုံးအချိန်တွေမှာ အခန်းအတွင်းမှာရှိတဲ့လေအေးတွေ အပြင်ထွက်မသွားအောင် အခန်းတံခါးတွေကို ပိတ်ထားသင့်ပါတယ်။ ပိုအေးတဲ့ညအချိန်တွေမှာလည်း နေအိမ်အတွင်းမှာ သဘာဝလေ ရရှိနေသလိုခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။


၃။ လေအေးပေးစက်အစားပန်ကာဖွင့်ပါ။
လေအေးပေးစက်တစ်ခုတည်းကသာ ပင်လယ်လေလိုအေးမြမှုမျိုးပေးနိုင်တာမဟုတ်ပါဘူး။ဒီ့အပြင် တခြားရိုးရှင်းတဲ့နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ပန်းကန်လုံးအလွတ်ထဲကို ရေခဲတုံးထည့်ထားပါ။
(ရေခဲထုပ်တစ်ထုပ်စာအေးမျှမှုကိုပေး စွမ်းနိုင်တဲ့ရေခဲတုံးဖြစ်ပါစေ) ရေခဲတုံးကိုဖြတ်တိုက်တဲ့လေကပိုအေးမြပြီး နှင်းကျချိန်မှာ ဖြစ်တတ်တဲ့အပူချိန်အတိုင်းရရှိနိုင်တာကြောင့် အဲ့ဒီပန်းကန်လုံးကို ပန်ကာ ခပ်ကြီးကြီးရှေ့မှာထားလိုက်ပါ။ ဒီနည်းလမ်းက အရမ်းထိရောက်မှုရှိပါတယ်။ ယုံယုံကြည်ကြည်လုပ်ကြည့်ပါ။


၄။ အိပ်ရာခင်းများလဲလှယ်ပေးပါ။
ရာသီဥတုကိုလိုက်ပြီးအိပ်ရာခင်းလဲခြင်းက အခန်းကိုလန်းဆန်းစေရုံသာမက အအေးဓာတ်ကို ထိန်းသိမ်းဖို့အကောင်းဆုံး နည်းလမ်းလည်းဖြစ်ပါတယ်။ ရက်ထည်တွေဖြစ်တဲ့ ဖလန်နယ်အိပ်ရာခင်းတို့၊ သိုးမွှေးစောင်တို့က အလွန်ကောင်းပေမဲ့ ဒီလိုရာသီဥတုမျိုးမှာ ချည်ထည်က ပိုလေဝင်လေထွက်ကောင်းပြီး အေးမြတာကြောင့် အသုံးပြုဖို့သင့်တော်ပါတယ်။ထပ်အကြံပေးရမယ်ဆိုရင် ဂျုံပန်းစေ့ခေါင်းအုံးတစ်လုံး နှစ်လုံးလောက် ဝယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ဂျူံပန်းစေ့တွေကြားမှာ လေဝင်လေထွက်ရှိတာကြောင့် ခေါင်းအုံးစွပ် စွပ်ထားရင်တောင် သမားရိုးကျခေါင်းအုံးတွေလို ခန္ဓာကိုယ်ကို မပူအိုက်စေပါဘူး။


၅။ မျက်နှာကြက်ပန်ကာကို ဘယ်ဝိုက်လည်အောင်လုပ်ပါ။
မျက်နှာကြက်ပန်ကာတွေကို ရာသီအလိုက်ပြင်ဆင်မှုတွေလုပ်ပေးဖို့လိုအပ်ပါတယ်။ နွေရာသီမှာ ပိုအေးမြစေဖို့အတွက် မျက်နှာကြက်ပန်ကာကို ဘယ်ဝိုက်လည်အောင်လုပ်ပြီး အရှိန်တင်ထားမယ်ဆိုရင် လေပြေလေညှင်းလေးတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။


၆။ အိမ်ကိုမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့အပူချိန်ကိုဂရုစိုက်ပါ။
သင့်ဘိုးဘေးတွေက လေအေးပေးစက်မရှိဘဲ နေထိုင်နိုင်ခဲ့သလို သင်လည်းနေနိုင်ပါတယ်။ ခန္ဓာကိုယ်အေးမြစေဖို့အရသာရှိတဲ့ရေခဲရေကို တစိမ့်စိမ့်သောက်ခြင်းကစပြီး သွေးခုန်နှုန်းပြင်းထန်တဲ့နေရာတွေဖြစ်တဲ့ လည်ပင်းနဲ့လက်ကောက်ဝတ်တွေမှာ ရေခဲဝတ်ကပ်တာမျိုး လုပ်ဆောင်ခြင်းကလည်း ကောင်းမွန်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ တခြားနည်းလမ်းတွေအနေနဲ့ကတော့ အဝတ်အစားရွေးချယ် ဝတ်ဆင်ခြင်းပါပဲ။


၇။ ရေချိုးခန်းပန်ကာကိုဖွင့်ထားပါ။
ရေချိုးခန်းပန်ကာ ဒါမှမဟုတ် မီးဖိုချောင်ကအခိုးထုတ်ပန်ကာကိုဖွင့်ပါ။ ဟင်းချက်ခြင်း ဒါမှမဟုတ် ရေနွေးနဲ့ ရေချိုးခြင်းတို့ကြောင့် ဖြစ်လာတဲ့လေပူတွေကို နှစ်ခုလုံးကစုပ်ယူပေးနိုင်ပါတယ်။


၈။အိပ်ရာကိုအပူဒဏ်ခံနိုင်အောင်ပြုလုပ်ပါ။

ရိုးရှင်းတဲ့လုပ်ဆောင်မှုပါ။ သင်အိပ်တဲ့အခါ ရေအေးအိတ်ကိုခေါင်းအုံးအောက်ထားအိပ်ဖို့ပဲဖြစ်ပါတယ်။ ခြေထောက်အေးဖို့အတွက်ဆိုရင်တော့ ရေနွေးထည့်ထားတဲ့ပုလင်းကို ရေခဲသေတ္တာ ထဲထည့်ပြီးမှ ကုတင်ခြေရင်းမှာထားအိပ်ပါ။ အဲဒါက ထူးဆန်းကောင်းထူးဆန်းနေနိုင်ပေမယ့် မအိပ်ခင်မှာ အိပ်ရာခင်းအနည်းငယ်စိုထိုင်းသွားခြင်းက သင့်ကိုအေးမြအောင်ကူညီပေးပါလိမ့်မယ်။


၉။ ည လေညှင်းဝင်ပါစေ
နွေရာသီမှာညဘက်ဆိုရင် အပူချိန်လျော့ကျလေ့ရှိပါတယ်။ မအိပ်ခင်မှာ ပြတင်းပေါက်တွေဖွင့်ထားခြင်းဟာ သင်နေထိုင်တဲ့နေရာကို အေးမြလန်းဆန်းစေပါတယ်။
ပန်ကာတစ်လုံးတပ်ဆင်ပြီး လေဆန်ဖြစ်အောင် မရမကဖန်တီးထားမယ်ဆိုရင် အခန်းထဲမှာ လေကြောင်းတစ်ခုဖြစ်ပေါ်နေစေမှာပါ။ မနက်ခင်းအပူချိန်များ မလာခင်မှာတော့ ပြတင်းပေါက်တွေ လိုက်ကာတွေကိုပိတ်ဖို့လိုအပ်ပါတယ်။


၁၀။ အလင်းရောင်ဖြာထွက်သောမီးလုံးကိုမသုံးပါနဲ့။
အလင်းရောင်ဖြာထွက်တဲ့မီးလုံးတွေကိုပြောင်းသုံးချင်နေသူတွေအတွက် သတင်းကောင်းပါပဲ။ အလင်းရောင်ဖြာထွက်တဲ့မီးလုံးက အပူထုတ်လွှတ်ခြင်းအားဖြင့် စွမ်းအင် ၉၀ ရာခိုင်နှုန်းခန့် ကိုဖြုန်းတီးပစ်နိုင်တာကြောင့် ဒီမီးလုံးတွေကို စွန့်လွှတ်လိုက်မယ်ဆိုရင် အိမ်တွင်းအေးမျှမှုကို အနည်းငယ်ပြောင်းလဲပစ်နိုင်ရုံသာမက မီတာခလည်းချွေတာရာရောက်ပါတယ်။


၁၁။အိမ်ပြင်မှာချက်ပြုတ်ပါ။
လူတိုင်းသိပေမဲ့လည်း ပြောရဦးမှာပါပဲ။ နွေရာသီမှာ ဒယ်အိုးတွေ၊ မီးဖိုတွေအသုံးပြုခြင်းက အိမ်ထဲမှာပိုမိုပူလောင်စေပါတယ်။ နဂိုကမှ အပူချိန် ၁၀၀ ဒီဂရီကျော်နေပြီလို့ခံစားနေရပြီဆိုရင် မီးဖိုကို ၄၀၀ ဒီဂရီအထိတင်ပြီးချက်ပြုတ်ဖို့ဆိုတာ အတော်လေးစဉ်းစားရမယ့်ကိစ္စပါပဲ။ ဒီနေရာမှာတော့ Outdoor Kitchen ရှိတဲ့သူတွေက တစ်ပန်းသာပါတယ်။ ပရိဘောဂပစ္စည်းတွေကို မီးဖိုချောင်အသုံးအဆောင်ပစ္စည်းတွေကို အိမ်အပြင်ဘက်ထုတ်ပြီးချက်ပြုတ်နိုင်ပါတယ်။


၁၂။ ရေရှည်မှာကောင်းမွန်အောင်ပြုလုပ်ပါ။
လေအေးပေးစက်လုံးဝမသုံးဘူးလို့ဆုံးဖြတ်ထားတဲ့သူဆိုရင် အခုလာမယ့်နွေရာသီမှာ အိမ်ကို ပိုမိုအေးမြ အောင် ပြောင်းလဲလေးတွေ လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအားဖြင့် ပြတင်းပေါက်ကို အပူကာဖလင်ပြားတွေနဲ့ ကာရံခြင်းကလည်း လိုက်ကာတွေလိုပဲလုပ်ဆောင်ပေးနိုင်ပါတယ်။ အလင်းရောင်ထိုးတဲ့ပြတင်းပေါက်တွေမှာ အကာတွေတပ်ဆင်ခြင်း၊ အပင်စိုက်ပျိုးခြင်း၊ နွယ်ပင်များထားရှိခြင်းစတဲ့ နည်းလမ်းတွေက နေရောင်မဝင်အောင် ကာကွယ်ပေးနိုင်သလို အိမ်ကစုပ်ယူနိုင်တဲ့အပူပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။ပိုက်ဆံအများကြီး မကုန်ရဘဲ အပူဒဏ်ကိုကာကွယ်ပေးနိုင်မှာဖြစ်ပါသည်။


Credit : Myanmar Builders Guide

ရောင်းရန်၊ ဌားရန် အိမ်ခြံမြေများ

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection