Accessibility Tools

buy-expired-lease-land

 

 

မြေဂရန်ဆိုတာ...
- အစိုးရက မြေကို အသုံးပြုခွင့်ပေးထားတဲ့ အငှားစာချုပ်
- မြေကို စည်းကမ်းနဲ့အညီ အသုံးပြုနိုင်တဲ့ အခွင့်အရေး
- အဲဒီ အခွင့်အရေးက ဂရန်စာချုပ်မှာ ခွင့်ပြုထားတဲ့ သက်တမ်းအတွင်းမှာပဲ အကျိုးခံစားခွင့်ရှိပါတယ်။


- ဂရန်သက်တမ်း ကုန်ဆုံးသွားရင် အစိုးရမြေ ပြန်ဖြစ်သွားလို့ ဂရန်ရရှိထားသူက သူရရှိထားတဲ့ မြေအသုံးပြုပိုင်ခွင့် အခွင့်အရေးလည်း ကုန်ဆုံးသွားပါတယ်။
- အဲဒီမြေမှာ သူ့အနေနဲ့ အခွင့်အရေးတစ်စုံတစ်ရာ မရှိတော့ပါဘူး။
(တရားရုံးချုပ် အထူးအယူခံခုံရုံးက ဆုံးဖြတ်ခဲ့တဲ့ ဦးဝင်းမောင် ပါ ၂ ဦးနှင့် ဒေါ်ငွေခိုင် (ခ) ဒေါ် လှမေ (၄င်း၏ အထွေထွေကိုယ် စားလှယ် စာရသူ ဒေါ်ရင်ရင်ထွန်း) ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၆၇ စီရင်ထုံးမှာ တွေ့ရပါတယ်)


နောက်တစ်ခု အစိုးရဂရန်ရရှိထားသူက ကျူးကျော်နေထိုင်သူအား မြေဂရန်သက်တမ်းအတွင်း မြေကွက်မှ ဖယ်ရှားပေးရန် တရားစွဲဆိုရာမှာ အမှုအတောအတွင်း မြေဂရန်သက်တမ်း ကုန်ဆုံးသွားစေကာမူ လက်ရောက် ရပိုင်ခွင့်ရှိသည်လို့ ဦးအောင်သိန်းပါ ၂ ဦးနှင့် ဒေါ်မမကြီး ၁၉၆၄ ခုနှစ်မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၆၉ အမှုမှာ ဆုံးဖြတ်ထားတာလည်း တွေ့ရပါတယ်။


ဒါကြောင့် ဂရန်သက်တမ်းမကုန်သေးရင်၊ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုခြင်းကို တစ်စိတ်တစ်ပိုင်း ဆောင်ရွက်နေဆဲဖြစ်ရင် ရောင်းဝယ်/မြေဂရန်အမည်ပေါက် ဆက်ပြီးလုပ်နိုင်ပါတယ်။


တကယ်လို့ ဂရန်သက်တမ်းတိုးဖို့ အမည်ပေါက် ကွယ်လွန်သွားရင်လည်း ဂရန်အမည်ပေါက် ကွယ်လွန်သူရဲ့ အမွေဆက်ခံသူက မြေကွက်နဲ့ ပတ်သက်လို့ စီမံခန့်ခွဲနိုင်ဖို့ သက်ဆိုင်ရာ တရားရုံးမှာ အမွေထိန်းစာလျှောက်၊ တရားရုံးက အမွေထိန်းစာ ထုတ်ပေးခဲ့ရင်၊ အမွေထိန်းစာရသူက မြေကွက်ကို ဂရန်သက်တမ်းတိုးခွင့် လျှောက်တာ၊ ရောင်းချတာတွေကို တရားရုံးရဲ့ခွင့်ပြုချက်နဲ့ ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။


မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ မြေ၊ အိမ်တို့ကို ရောင်းဝယ်ရင် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှ တရားဝင် ပိုင်ဆိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် တရားဝင်ပိုင်ဆိုင်ဖို့ဆိုရင် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်တဲ့ ပစ္စည်းမျိုးဖြစ်ဖို့လိုတယ်။ ဂရန်သက်တမ်း ရှိနေမှသာ တရားဝင်ပိုင်ဆိုင်တဲ့အတွက် စာချုပ်ကို တရားဝင် ချုပ်ဆိုနိုင်ခြင်း ဖြစ်ပါတယ်။ သက်တမ်းကုန်နေရင် အစိုးရမြေဖြစ်နေလို့ တရားဝင်ပိုင်တယ်ပြောလို့ မရတော့ပါဘူး။


ဒါကြောင့် ချုပ်ပြောရရင် ဂရန်သက်တမ်းကုန်နေတဲ့ မြေကွက်ကို တရားဝင် ဝယ်လို့ မရပါဘူး။ တရားဝင် စာချုပ်လဲ ချုပ်လို့မရပါဘူး။ အရပ်သဘော ရောင်းဝယ်တာ ရချင်ရပါမယ်။ ဂရန်အမည်ပြောင်းလျောက်ဖို့ ခက်ခဲပါမယ်။ ရချင်မှလည်း ရပါမယ်။ ဂရန်သက်တမ်းတိုးပြီးမှ ဝယ်ရောင်းလုပ်တာ အကောင်းဆုံးပါလို့ ဖြေပါရစေ။

Credit : Myo Min Htun

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection