Accessibility Tools

eclipta alba benefits

မြန်မာပြည်မှာ ကြိတ်မှန်ရွက်ကို များသောအားဖြင့် အနာကျက်ပြီး အမာရွတ်မကျန်အောင် အသုံးပြုကြတာများပါတယ်။
သူမှာနောက်ထပ် အာနိသင်တွေအများကြီးရှိနေသေးတာကို အံ့သြဖွယ်တွေ့ရပါတယ်။


ကြိတ်မှန်ရွက်မှာ နှစ်မျိုးရှိတဲ့အနက် Eclipta alba ၏ အသုံးဝင်မှု အကြောင်းလေးပြောပြပေးသွားပါမယ်နော်
ကြိတ်မှန်ရွက်ဟာ ဆံပင်ကို သန်စွမ်းနက်မှောင်စေတာကြောင့် သူ့ကို " King of hairs "လို့လဲခေါ်ကြပါသေးတယ်။ ဆံပင်ဦးရေပြားခြောက်သွေ့ပါက အရွက်အရည်ကို လိမ်းပြီးခေါင်းလျှော်နိုင်ပါတယ်။ဆံပင်ကျွတ်များပါက အရွက်အရည်ကို နွားနို့နဲ့ ရောပြီး လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ (india အယူအဆဖြစ်ပါတယ်။)
အားကစားသမားများ ခြေထောက်၊လက်တွေနာကျင်ကိုက်ခဲပါက အရွက်ကို ကြိတ်ပီး နာကျင်တဲ့နေရာတွေအုံ့ပြီး ပျောက်ကင်းအောင်အသုံးပြုကြပါတယ်။
ထိုင်းနဲ့ India မှာဆိုရင် ပန်းနာရောဂါဖြစ်ပါက အပင်တစ်ပင်လုံးကို မီးရှို့ပြီး ရလာသောပြာကို ပျားရည်နဲ့ တစ်ရက် ၃ကြိမ်ကို ၃လသောက်သုံးခြင်းဖြင့်ပျောက်တယ်လို့ဆိုပြန်ပါတယ်။


မီးလောက်ဒဏ်ရာများရပါကလဲ အပင်တစ်ပင်လုံးကို အရည်ညစ်၍ရလာသော အရည်ကို တစ်ရက်လျှင် ၂ကြိမ်နှုန်းနဲ့ ၁၅ရက်သုတ်လိမ်းခြင်းဖြင့် သက်သာစေပါတယ်။
ဝမ်းချုပ်ပါက ကြိတ်မှန်ရွက်အမြစ်ကို အမှုန့်ကြိတ်ပြီး တစ်ရက်လျှင် တစ်ကြိမ်နှုန်း ၃ရက်သောက်သုံးပါက ဝမ်းမှန်စေပါတယ်။
ရေကျောက်ရောဂါဖြစ်ပါကလဲ အရွက်နဲ့ပင်စည်ကို ကြိတ်၍ ရလာသောအရည်ကို မုန့်ညှင်းဆီနဲ့လိမ်းပေးနိုင်ပါတယ်။


သွားဖုံးရောင်တာဖြစ်ပွားပါကလဲ ကြိတ်မှန်အရည်ကို တစ်ရက်ကို ၂ကြိမ်နှုန်းနဲ့ ၃ပတ် သို့ လုံးဝပျောက်ကင်းအောင်ထိ အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် ‌နေရာဒေသအလိုက် အသုံးပြုမှုများစွာလဲ ရှိပါသေးတယ်။
ဒီအပင်လေးတွေကို ရှာဖွေလိုပါက ရေမြောင်း၊ ရေကန် စတဲ့ ဘေးလေးတွေမှာပေါက်လေ့ရှိကြပါတယ်နော်

Credit : FAME Organic Pharming Project 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection