Accessibility Tools

house-paint-calculation 

အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်‌ပေများအားလုံးကိုပေါင်းပါ။

ထို့နောက်ရလာသောအဖြေကို အခန်း၏အမြင့်ပေ(ကြမ်းခင်းမှမျက်နှာကြတ်ထိ)ဖြင့်မြှောက်ပါ။ ရလာသောအဖြေ သည်ယင်းအခန်း၏ square footage ဖြစ်ပါသည်။

ထို့နောက် ဆေးသုတ်ရမည့် square footage မည်မျှရှိသည်ကိုတွက်ဆကြည့်ကြပါစို့။ တံခါးရွက်နှင့်ပြူတင်းပေါက်များကို မတူညီသောဆေးအမျိုးအစားသုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကိုနုတ်ပေးရပါမည်။ ယေဘူယျအားဖြင့် တံခါးတချပ်ချင်းစီအတွက် 20 square feet ပြူတင်းပေါက်တခုချင်းစီအတွက် 15 square feet နုတ်လိုက်ရုံပါဘဲ။ ရလာသောအဖြေသည်‌ ဆေးဖုံးအုပ်ရန်သုတ်ရမည့် အနီးစပ်ဆုံးနံရံဧရိယာဖြစ်ပါလိမ့်မည်။

ယင်းဧရိယာကို 350 ဖြင့်စားလိုက်ပါက နံရံအတွက်လိုအပ်သောဆေးပမာဏ(ဂါလံ)ကိုရပါမည်။ အဖြေတွင် စားကြွင်းက .5 ထက်နည်းပါက ကွာတား2ဗူးဖြင့်လုံလောက်နိုင်သော်လည်း .5 ထက်များပါက 1ဂါလံဝယ်သင့်ပါသည်။

Example
- 14 x 20 ပေအခန်း အမြင့် 8ပေ တံခါး2ပေါက်၊ ပြူတင်းပေါက်2ခုရှိသောအခန်းကိုတွက်ကြည့်ကြပါစို့။
Ceilingဆေးတွက်ဆမှု
1. Ceiling ၏အလျား‌ပေxအနံပေ= Ceiling area
14x20=280 square feet
2. 350ဖြင့်စားပြီးဘယ်နှစ်ဂါလံလိုမလဲတွက်ကြည့်ကြပါစို့။
280÷350=0.8
ထို့ကြောင့် ceiling ဆေးတထပ်သုတ်ရန်1ဂါလံလိုအပ်ပါမည်။2ထပ်သုတ်လျင်2ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
1. နံရံတချပ်ချင်းစီ၏အ‌လျားပေကိုပေါင်းပါ။
14+20+14+20=68 ပေ
2. နရံဧရိယာတွက်ရန်အ‌ဖြေကိုနံရံအမြင့်ပေဖြင့်မြှောက်ပါ။
68x8=544 square feet
3. ဆေးတကယ်သုတ်ရန်လိုသောနံရံဧရိယာကိုရှာရန် တံခါး1ချပ်စီတိုင်းအတွက် 20 square feetနုတ်ပါ(20x2=40)၊ ပြူတင်းပေါက်တခုချင်းစီတိုင်းအတွက် 15 square feet နုတ်ပါ (15x2=30)
544-70=474 square feet
4. ယင်းအဖြေကို 350ဖြင့်စားပြီးဝယ်ယူရမည့်ဆေးဂါလံကိုတွက်ကြပါစို့။
474÷350=1.4
ထို့ကြောင့် ဆေး1ထပ်သုတ်ရန် 1ဂါလံ 2ကွာတားလိုအပ်ပါမည်။ 2ထပ်သုတ်မည်ဆိုပါက ဆေး2ဆဝယ်ရန်လိုအပ်ပါမည်။
တံခါး၊ ပြူတင်းပေါက် ဆေးတွက်ဆမှု

1. 20 square feet= တံခါး1ချပ်
တံခါးအရေအတွက်ကို 20 ဖြင့်မြှောက်ပါ။
2x20=40 square feet
2. ပြုတင်းပေါက်အရေအတွက်ကို 7.5 ဖြင့်မြှောက်ပါ။
2x7.5=15 square feet
3. ယင်းအဖြေများကိုပေါင်းပါ။
40+15=55
4. 350 ဖြင့်စားပါ။
54÷350=0.16
ထို့ကြောင့် ဆေး1ကွာတားဝယ်ဖို့လိုအပ်ပါမည်။ တံခါး၊ ပြူတင်းပေါက် တို့အားနှစ်ဖက်စလုံးသုတ်မည်ဆိုလျင် အဖြေကို2ဖြင့်မြှောက်ပါ။

Credit : K T G - Home Decoration

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection