Accessibility Tools

 village land2

 

ရွာမြေ (Village Land) ဆိုသည်မှာ -
အရပ်စကား၊ ဥပဒေအရပါ နားလည်လွယ်အောင် ရှင်းပြပါလျှင် "ကျေးရွာနယ်နိမိတ်အတွင်း လူနေထိုင်ရန် သီးသန့်သတ်မှတ်ထားသော အစိုးရမြေ" ကို ဆိုလိုခြင်း ဖြစ်ပါတယ်။


“မြေစာရင်းလက်စွဲဥပဒေ" တွင်
အခွန်စည်းကြပ်ခြင်း ကိစ္စနှင့်စပ်လျဉ်း၍ ရွာမြေဆိုသည်မှာ ကြေးတိုင်ဝန်က ဖြစ်စေ၊ ခရိုင်ဝန်က ဖြစ်စေ၊ ရွာအဖြစ် နယ်နိမိတ်ပိုင်းခြား၍ မြေပုံနှင့် မှတ်ပုံစာရင်း (၁-ခ) တွင် သတ်မှတ်ထားသောမြေကို ဆိုလိုသည် ဟု ဖွင့်ဆိုထား၍
"အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများဥပဒေ" တွင် ကျေးရွာဆိုသည်မှာ မြို့တစုံတရာ နယ်နိမိတ်အတွင်း မပါမဝင်သည့် အိမ်ရာနေရာ ဆောက်လုပ်ရန် ချထားသည့် ရပ်ကွက်ကို ဆိုလိုသည် ဟု ဖေါ်ပြ ထားသည်။
ရွာမြေ၏ ထူးခြားချက် နှင့် အနှစ်သာရများကို အောက်ပါ အချက်အလက် (၅) ချက်နဲ့ ခွဲခြားကြည့်နိုင်ပါသည်


-
၁။ ရွာမြေ၏ သဘောသဘာဝ


ရွာမြေသည် လယ်ယာမြေများသဖွယ် စိုက်ပျိုးရန်အတွက် မဟုတ်ဘဲ အိမ်ခြေ၊ အဆောက်အဦ ဆောက်လုပ်နေထိုင်ရန်အတွက် သီးသန့်ဖြစ်သည်။
ရွာမြေကို ပြည်ထဲရေးဝန်ကြီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) က စီမံခန့်ခွဲသည်။ (လယ်ယာမြေလို လယ်/စီ က စီမံတာမျိုး မဟုတ်ပါ)။


၂။ ရွာမြေဖြစ်ပေါ်လာပုံ


ကျေးရွာတစ်ရွာ တိုးချဲ့ဖို့ရန် လိုအပ်လာတဲ့အခါ အစိုးရက စိုက်ပျိုးရေးမြေ သို့မဟုတ် အခြားမြေအမျိုးအစားကို "ရွာမြေ" အဖြစ် အမိန့်ကြော်ငြာစာနဲ့ သတ်မှတ်ပေးရပါသည်။


ရွာမြေနယ်နိမိတ် (Village Plot) အဖြစ် သတ်မှတ်ပြီးမှသာ အိမ်ဆောက်ပြီး တရားဝင် နေထိုင်ခွင့် ရရှိခြင်းဖြစ်ပါသည်။


၃။ ပိုင်ဆိုင်မှုပုံစံ


ရွာမြေမှာ အဓိကအားဖြင့် ပိုင်ဆိုင်မှု (၂) မျိုး တွေ့ရသည် 


ဂရန်ရှိရွာမြေ


တစ်မြို့နယ်လျှင် ကျေးရွာတစ်ရွာ ဂရန် စီမံချက်ဖြင့်
ကျေးရွာအတွင်း ရွာမြေ နေအိမ်အကွက်များကို ဦးပိုင်ခွဲစိတ်တိုင်းတာ၍ အစိုးရမှ နှစ်ရှည် (ဥပမာ - ၃၀ နှစ်၊ ၆၀ နှစ်) နေထိုင်ခွင့် ဂရန်စာချုပ် ချထားပေးလျက်ရှိပါသည်။ ဤမြေသည် အခိုင်မာဆုံးဖြစ်သည်။


ဂရန်မရှိသည့်ရွာမြေ


ရွာမြေအဖြစ် သတ်မှတ်ထားသော်လည်း ဂရန်မလျှောက်ထားရသေးသော မြေများ။ ၎င်းတို့ကို "ရွာစာရင်းဝင်မြေ" လို့လည်း ခေါ်ပြီး အစဉ်အဆက်နေထိုင်သူမှ အရပ်ကတိစာချုပ် အဆင့်ဆင့်ဖြင့် အရောင်းအဝယ် လုပ်လေ့ရှိကြပါသည်။

ပိုင်ဆိုင်မှု အထောက်အထား

ဂရန်မရှိသော ရွာမြေများသည် မြေပုံတွင် ရွာမြေ စကားအဝါရောင်သင်္ကေတသာ ရှိပြီး မြေတစ်ကွက်ချင်း၏ တည်နေရာနှင့်ရာဇဝင်ကို တိုင်းတာဖေါ်ပြထားခြင်းမရှိပေ။


ဦးပိုင် နယ်နိမိတ် သတ်မှတ်မထား၊ တစ်ကွက်ချင်းအတွက် မြေဧရိယာ စာရင်းလည်း မရှိသည့်အတွက် ၁-က၊ ၁-ခ စာရင်းများ မထူထောင်ထားသဖြင့် ယင်းရွာအတွင်း မြေကွက်အား မည်သူပိုင်သည်ဟု သက်သေခံ မပေးနိုင်ပါသောကြောင့်

အဓိကအနေဖြင့် လက်ရောက်ရယူနေထိုင်သူသာလျှင် နေထိုင်ခွင့်ရရှိမည်သည်သာဖြစ်ပါသည်။ 

 

၄။ ရွာမြေရဲ့ အကျိုးကျေးဇူး

 

လယ်ယာမြေဥပဒေ နှင့်အခြားသောမြေယာဥပဒေများနည်းတူကန့်သတ်ချက်များ မရှိသည့်အတွက် စိတ်ချလက်ချ အိမ်ဆောက်နိုင်ပါသည်။

ဂရန်လျှောက်နိုင်ခြင်း

 

ရွာမြေအစစ်အမှန်ဖြစ်ရင် အစိုးရဆီမှာ တစ်မြို့နယ်တစ်ကျေးရွာစီမံချက်ဖြင့် မြေငှားဂရန် (Grant) လျှောက်ထားနိုင်သည်။
ဂရန်ရှိလာလျှင် တရားဝင် လွှဲပြောင်းခြင်းများ ပြုလုပ်နိုင်၍ မှတ်ပုံတင်စာချုပ်ကြီးများချုပ်ဆိုနိုင်သလို ဘဏ်မှာ အပေါင်ထားပြီး ချေးငွေရယူနိုင်သည်။


၅။ ရွာမြေ နှင့် လယ်ယာမြေ ကွာခြားချက်


အများစု မှားတတ်ကြခြင်းများသည့် ရွာအနားတွင်ရှိသော "လယ်ယာမြေ"၊ "မြေလွတ်မြေရိုင်း"များ ကို ရွာမြေဟု ပြောဆိုသတ်မှတ်၍ အရောင်း/အဝယ်ပြုလုပ်ကြခြင်းများပင်။

 

"လယ်ယာမြေ"၊ "မြေလွတ်မြေရိုင်း"စသည့် မြေများသည် နိုင်ငံတော်မှ ရွာမြေအဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်ထားခြင်းမရှိဘဲ မည်သည့်နည်းဖြင့်မျှ ရွာမြေ ဖြစ်မလာပါ။ ရပ်/ကျေး ၊ မြို့နယ် အဆင့်မျှဖြင့် သတ်မှတ်၍ မရနိုင်ပါ။

 

၎င်းမြေများအား အကွက်စိတ်ရိုက်ခြင်း၊ အိမ်ဆောက်လုပ်နေထိုင်းခြင်း၊ ဌာနဆိုင်ရာ အဆင့်ဆင့်မှ ခွင့်ပြုချက်မရှိဘဲ မိမိတို့ဆန္ဒအလျောက် တိုးချဲ့ခြင်းများသည် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် သွေဖယ်ပါ၍ တချိန်ချိန်တွင် ဥပဒေ၏ အရေးယူခြင်းခံရမည်။

 

ရွာမြေသည် အိမ်ဆောက်လူ‌ နေထိုင်ရန် သီးသန့်ဖြစ်၍ လယ်ယာမြေသည် စိုက်ပျိုးရန် သီးသန့်ဖြစ်ပါသည်။ (လယ်ယာမြေ၊ မြေလွတ်မြေရိုင်းများအား ခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်လျှင် တရားမဝင်ပါ)။

 

ရွာမြေသည် "လူနေဖို့ တရားဝင်သတ်မှတ်ထားတဲ့ မြေ" ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရွာမြေကို ဝယ်ယူမယ်ဆိုရင် မြေစာရင်းမြေပုံမှာ ရွာမြေအဖြစ် ရေးဆွဲထားခြင်း ရှိ/မရှိ စစ်ဆေးရန် အရေးကြီးဆုံး ဖြစ်ပါသည်။

 

Credit : Original writer

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection