Accessibility Tools

(သခြ) R1 to R4  

 

နှစ်၃၀အထက် ရှိသောရွာမြေ၊ရွာမြေအဖြစ်အသိပြုခြင်းတွင်သင်္ကေတအနေဖြင့်


(သ/အ) G
(သ/အ) RH
(သ/အ) R4
(သ/အ) R1 to R3 ( စ၁ မှ စ၃)


အခြားသုံးစွဲခွင့်တင်ထားခြင်းဖြင့်လူနေရပ်ကွက်ကျေးရွာအတွင်းကျေးရွာဆက်စပ်နယ်မြေ လူနေထိုင်
ခွင့်လျောက်ထားသောရွာမြေများသင်္ကေတအနေဖြင့်

(သခြ) G
(သခြ) R1 to R4

R ဘေးမှာ သ/အ ၊ သ/ခြ ပါလျှင် ဝယ်လို့ရပါသည်။

 

ပြေစာ စလစ်များအကြောင်း

ပြေစာစလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည်။ သို့သော် စည်ပင်ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။

Gပြေစာ(စလစ်) R/G ပြေစာ(စလစ်) L
ပြေစာ (စလစ်) စ
ပြေစာ (စလစ်)
ပုံစံ(5) ပြေစာ (စလစ်)
ရွာမြေ ပြေစာ(စလစ်)
R3 R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

 

G ပြေစာ (စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် ။သို့သော် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင်(သ/အ) လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

 

R/G ပြေစာ(စလစ်)
လယ်မှ ပုံစံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေဖြစ်သည်။

 

ရွာမြေပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Signal ပြသမည် Signal မပြသသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည်။

အစိုးရစီမံကိန်းရှိသော် လည်း မပယ်ဖျက်နိုင်၊စက်မှုဇုံလည်းဝင်လာ၍မရနိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ်မှုမျိုး အလျှဉ်းမရှိပါ။

 

R4ပြေစာ(စလစ်)

ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။

အစိုးရမဖျက်သိမ်းပါ ။လူနေခွင့်ရှိပါသည်။ အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့ပြောင်းလျှောက်ရန် လွယ်ကူပါသည်။ လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေမယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2 လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်သတိထားရပါမည်။ လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည်။

တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးအများဆုံးဖြစ်သည်

 

မြေခွန်ပြေစာအကြောင်း

ပြေစာအရွယ်အစား ဟာ ၄" ၅" ထက်မပိုကြပါဘူး။မြန်မာနိူင်ငံနယ်ပယ်ဒေသအချိူ့မှာ ပြေစာ စာတွင်တွင်ကျယ်ကျယ် အသုံးဝင် နေကြပါ
သေးတယ်...အချို့သောသူတွေက ပြေစာဆိုတာနဲ့လယ်ယာမြေ လို့တစ်ထစ်ချ ပြောဆိုတတ်ကြပါတယ်
ရွာမြေ ၊ဘိုးဘွားပိုင်မြေ၊ဥယျာဉ်ခြံမြေ တွေဟာလဲ
ပြေစာ နဲ့ဘဲ အသုံးပြု ထားကြပါတယ်။
မြေလုပ်ကိုင်သူ အမည်နဲ့ ဧရိယာ အကျယ်အဝန်းပါပါမယ်။

 

ပြေစာနဲ့မြေကိုအချို့ကသုံးမရဘူး။ရောင်းမရဘူး။ဘာမှအသုံးမဝင်ဘူးလို့ယူဆ
ထားကြသူတွေရှိပါတယ်။ အမှန်တကယ်တော့ပြေစာဟာ ရောင်းဝယ်ခွင့်ရှိပြီးနေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစားတစ်ခုပါဘဲ။

ပြေစာ ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွေမှာ
အမည်ပြောင်းတာ အခွန်ဆောင်တာတွေဆောင်ရွက်လို့ရပါတယ်။
မြေခွန်ပြေစာအကြောင်းရသိရှိနားလည်သူများက
ကောင်းစွာ အသုံးချတတ်ကြပြီး အချို့သောနားမလည်သူများက တရားမဝင်မြေ ဟုယူဆ ထားကြသည်ကိုတွေ့ရှိရပါတယ်။

 

အချူပ်အားဖြင့်ဆိုသော် မြေခွန်ပြေစာ ပါရှိသော
မြေသည် တရားဝင်မြေ ဖြစ်ပြီး ၊ပါမစ်မြေ ဂရန်မြေထက် အဆင့်နိမ့်သောမြေ အမျိူးအစားတစ်ခုဖြစ် သော်လည်းမြေခိုင်မာပါတယ်ဆိုတာ

 

Credit: Original uploader

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection