Accessibility Tools



၂၀၂၆ စက်တင်ဘာ (၁) နေ.ကစပြီးတော့ ရောင်းခွန်ဆောင်စရာမလိုသေးတဲ့ မြေအမျိုးအစားများစွာထဲကမှ (၃) မျိုးအကြောင်းကိုပြောပြပေးချင်ပါတယ်

အဲဒီမြေတွေကတော့ နံပါတ်တစ်အနေနဲ. ရွာမြေပဲဖြစ်ပါတယ် ရွာမြေဆိုတာ မြို.မြေလိုမျိုး တစ်ကွက်ချင်းနယ်နိမိတ်တိုင်းတာပြီးတော့ မြေပုံထုတ်မှတ်တမ်းတင်ထားမျိုးမရှိတာကြောင့် ခေတ်အဆက်ဆက်လိုက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ်ခွင့် ပေးထားတာပဲ ဖြစ်ပါတယ်။

ရွာမြေတွေက ပုံစံ (၁၀၅/၁၀၆) မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ. သက်သေတွေရှေ.မှာပဲ အရပ်ကတိစာချုပ် ချုပ်ဆိုပြီး အရောင်းအဝယ်ပြုလုပ် ကြတာကြောင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး အမည်ပြောင်းလို.မရတာကြောင့် တရားဝင်ရောင်းခွန် ဆောင်လို.မရတာပဲ ဖြစ်ပါတယ်။

နံပါတ်နှစ်မြေကတော့ စလစ်မြေပဲ ဖြစ်ပါတယ်၊ တိုးချဲ.မြေ လယ်ယာမြေ အစားထိုးချပေးထားတဲ့မြေကို မြို.နယ်မြေစာရင်းက စလစ်ထုတ်ပေးထားပြီးတော့ အမည်ပြောင်းလဲကာ အိမ်ဆောက်လုပ်ခွင့်ပေးထားတဲ့ မြေအမျိုးအစားပဲ ဖြစ်ပါတယ်။

စလစ်မြေတွေဟာ ဆက်စပ်စာချုပ်တွေနဲ. လွှဲပြောင်းရောင်းချနေတာဖြစ်ပြီး ဂရမ်မြေလိုမျိုး တရားဝင်အမည်ပေါက် ပြောင်းလဲရောင်းချလို.မရနိုင်တာကြောင့် ရောင်းခွန်ဆောင်စရာလိုတဲ့ မြေအမျိးအစားထဲမှာ မပါဝင်ပါဘူး။

နောက်ဆုံးတစ်မျိုးကတော့ ပါမစ်မြေပဲ ဖြစ်ပါတယ်၊ ပါမစ်မြေဆိုတာက သက်ဆိုင်ကုမ္ပဏီက စည်းကမ်းချက်တွေနဲ.အညီ လူနေအိမ် ဒါမှမဟုတ် အဆောက်အအုံတွေကို ဆောက်လုပ်နေထိုင်ခွင့်ပြုထားတဲ့ မြေအမျိုးအစားပဲဖြစ်ပါတယ်။

ပါမစ်မြေကို ၂၀၂၄ မတိုင်ခင်က ဂရမ်ပြောင်းလဲလျှောက်ထားခွင့်ပြုခဲ့ပေမဲ့ ယခုအခါမှာတော့ ပါမစ်အမည်ပေါက် ကိုယ်တိုင်ကလွဲ၍ ဂရမ်ပြောင်း လျှောက်ထားလို.မရတော့ပါဘူး၊ လက်ရှိမြေပြင်မှာ အရောင်းအဝယ် ပြုလုပ်နေတဲ့ ပါမစ်မြေတွေဟာ အမည်ပေါက်ကနေပြီးတော့ အဆင့်ဆင့်လွှဲပြောင်း ရောင်းချနေတာဖြစ်လို. တရားဝင်ဂရမ်အဖြစ် ပြောင်းလဲလျှောက်ထားလို.မရတော့ပါဘူး၊ ပါမစ်မြေတွေက တရားဝင်လွှဲပြောင်းရောင်းချပိုင့်ခွင့်မရှိတာကြောင့် ရောင်းခွန်ဆောင်ရတဲ့ မြေမျိုးအစားထဲမှာ မပါဝင်ပါဘူး။

Credit : (သီရိ) Arr man Thit Property
ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs