၁။ မန္တလေးမြို.တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မည်သည့်စီပွားရေးလုပ်ငန်းမဆို လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင်ကို သန်.ရှင်းရေးဌာနသို. တင်ပြလေ ျှာက်ထားရမည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်းများမှ အဆောက်အအုံဌားရမ်း၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်


ရှိခြင်းတို.အတွက် မန္တလေးမြို.တော်စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ - ၇၆ အရလည်းကောင်း
မန္တလေးမြို.တော်စည်ပင်သာယာရေးကော်မတီ၊ တည်းခိုခန်း၊ ဘော်ဒါဆောင်နှင့် အခန်းလိုက်ဌားသော အဆောက်အအုံများဆိုင်ရာ နည်းဥဒေ (၃) အရလည်းကောင်း၊ အိမ်ပိုင်ရှင်က အဌားအိမ် ဌားပိုင်ခွင့်လုပ်ငန်းလိုင်စင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းလိုင်စင်လေ ျှာက်ထားရမည်ဖြစ်ကြောင်း၊ မန္တလေးနေ.စဉ်သတင်းစာတွင် (၂၇.၁၀.၂၀၁၆ မှ ၃၁.၁၀.၂၀၁၆) ရက်နေ.အထိ အသိပေးကြောညာပြီး ဖြစ်ပါသည်။

 

၂။ အဌားအိမ် ဌားပိုင်ခွင့် လုပ်ငန်းလိုင်စင်လေ ျှာက်ထားခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းလိုင်စင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ လုပ်ထုံးလုပ်နည်း စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

(က) အငှားအိမ် ဌားရမ်းခြင်းလိုင်စင်လေ ျှာက်ထားရမည့် အဆောက်အအုံသတ်မှတ်ချက်

(၁) အဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ၊ အခန်းများဖွဲ.၍ အခန်းလိုက်ဖြစ်စေ၊ ဌားရမ်းခသတ်မှတ်ချက်ဖြင့် ဌားရမ်းသောအဆောက်အအုံများ (သို.တည်းမဟုတ်) မြေကိုဌားရမ်း၍
ဌားရမ်းသူက အဆောက်အအုံဆောက်လုပ် ဌားရမ်းသည့် အဆောက်အအုံများ

(၂) မည်သူ.ကိုမဆို နိုင်ငံခြားငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားသားထံမှ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ ဌားရမ်းခယူ၍ လူနေအိမ်အဖြစ်ဖြစ်စေ၊ အခြားနည်းဖြင့် အသုံးပြုရန်ဖြစ်စေ ဌားရမ်းသောအဆောက်အအုံများ

 

(ခ) သတ်မှတ်ချက်နှင့်အညီ လိုင်စင်လေ ျှာက်ထားခြင်း

(၁) အထက်အပိုဒ်(က)ပါ သတ်မှတ်ချက်များနှင့်ညီညွတ်သော အဆောက်အအုံ၏ပိုင်ရှင် (သို.တည်းမဟုတ်) အဆောက်အအုံပိုင်ရှင်ထံမှ စာချုပ်ချုပ်ဆို ဌားရမ်းထားသူ (သို.တည်းမဟုတ်)
မြေကိုဌားရမ်း၍ ဌားရမ်းသူက အဆောက်အအုံဆောက်လုပ်၍ ဌားရမ်းခြင်းလုပ်ငန်းလုပ်ကိုင်သူသည် အဌားအိမ် ဌားပိုင်ခွင့် လိုင်စင်ရရှိရေးအတွက် ကြိုတင်လေ ျှာက်ထားရမည်။

(၂) ဤလုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်မထုတ်ပြန်မှီ ဌားရမ်းခြင်း လုပ်ငန်းဆောင်
ရွက်လျက်ရှိသူသည်ဤလုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်သည့်နေ.မှ ရက်ပေါင်း
(၆၀)အတွင်း အဌားအိမ် ဌားပိုင်ခွင့်လိုင်စင်ရရှိရေးအတွက် လေ ျှာက်ထားရမည်။

(၃) အဌားအိမ် ဌားပိုင်ခွင့်လိုင်စင်ကို သတ်မှတ်လေ ျှာက်လွှာပုံစံဖြင့် လေ ျှာက်ထားရမည်
(၄) လေ ျှာက်လွှာနှင့်အတူ အောက်ပါအချက်အလက်များ ပူတွဲပါရှိရမည်

(ကက) အိမ်၊ခြံ၊မြေ အဆောက်အအုံပိုင်ရှင်မှ ပိုင်ဆိုင်ကြောင်းအထောက်အထားစာချုပ်စာတမ်း(သို.မဟုတ်)
ဂရန်အမည်ပေါက်စာချုပ် (သို.မဟုတ်) ဘိုးဘွားပိုင် အမည်ပေါက်မြေပုံ၊ မြေရာဇဝင် (၁၀၅)၊ (၁၀၆)မိတ္တူ၊ (မူရင်းတင်ပြအစစ်ဆေးခံရပါမည်)။

(ခခ) အိမ်၊ခြံ၊မြေ အဆောက်အအုံပိုင်ရှင်နှင့် ဌားရမ်းသူတို.ချုပ်ဆိုထားသည့် မြေကွက်လပ်
(သို.မဟုတ်) အဆောက်အအုံဌားရမ်းခြင်း သဘောတူစာချုပ်မိတ္တူ(မူရင်းတင်ပြအစစ်ဆေးခံရပါမည်။)

(ဂဂ) ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်
(ဃဃ) လေ ျှာက်ထားသူအိမ်ရှင်၏ မှတ်ပုံတင်မိတ္တူ။
(ငင) လေ ျှာက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ၊
(စစ) ပတ်(စ်)ပို.အရွယ်ဓာတ်ပုံ(၃)ပုံ

 

(၅) အထက်ပါအပုဒ်ခွဲငယ်(၁)အရ အဌားအိမ်ဌားပိုင်ခွင့်လိုင်စင်လေ ျှာက်ထားရယူခြင်းမပြုဘဲ
အဆောက်အအုံဌားရမ်းခြင်းလုပ်ငန်းလုပ်ကိုင်ပါက မန္တလေးမြို.တော်စည်ပင်သာယာရေးဥပဒေပုဒ်မ(၁၀၉) (က) တားမြစ်ချက်နှင့် ငြိစွန်းသဖြင့် ပုဒ်မ - ၁၁၂ (က)အရ ဒဏ်ကြေးငွေချမှတ်ခြင်းခံရမည်။

 (၆) အထက်အပိုဒ်ခွဲငယ် (၂)အရ ရက်ပေါင်း(၆၀)အတွင်း အဌားအိမ် ဌားပိုင်ခွင့် လိုင်စင်လေ ျှာက်ထားခြင်းမရှိပါကမန္တလေးမြို.တော်စည်ပင်သာယာရေးဥပဒေပုဒ်မ(၁၀၉) (က) တားမြစ်ချက်နှင့် ငြိစွန်းသဖြင့် ပုဒ်မ - ၁၁၂ (က)အရ ဒဏ်ကြေးငွေချမှတ်ခြင်းခံရမည်။

(ဂ) လိုင်စင်လေ ျှာက်ထားသူများကို စည်းကမ်းနှင့် ညီ ၊ မညီ စိစစ်ခြင်း

(၁) လေ ျှာက်လွှာလက်ခံရရှိသည့်အခါတွင် သန်.ရှင်းရေးဌာနဌာနမှူးသည် သက်ဆိုင်ရာမြို.နယ်ဌာနစုမှူးအား သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်ညီ၊ မညီ စစ်ဆေးတင်ပြရန် တာဝန်ပေးခြင်း
(၂) သက်ဆိုင်ရာမြို.နယ်ဌာနစုမှူးသည် စည်းကမ်းချက်များနှင့်ညီ၊ မညီကွင်းဆင်းစစ်ဆေးပြီး စည်းကမ်းချက်များနှင့် မညီညွတ်ပါက စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်တင်ပြရန် အိမ်ပိုင်ရှင်အား ပြင်စင်စေခြင်း၊ စည်းကမ်းနှင့်ညီညွတ်ပါက လိုင်စင်ခွင့်ပြုပေးရန် ဌာနမှူးထံ ထောက်ခံတင်ပြခြင်း

 (ဃ) လိုင်စင်ထုတ်ပေးခြင်း

(၁) သက်ဆိုင်ရာမြို.နယ်ဌာနစုမှူးမှ ထောက်ခံတင်ပြလာသည့်အပေါ် ဌာနမှူးမှ လိုအပ်သလို စိစစ်၍
စည်းကမ်းများနှင့်ညီညွတ်သော အဌားအိမ်ကို လိုင်စင်ထုတ်ပေးရန်အတွက် ကော်မတီသို.တင်ပြ၍
အစည်းအဝေးအတည်ပြုချက်ရယူခြင်း၊ ခွင့်ပြုပါက သတ်မှတ်လိုင်စင်ခကို လုပ်ထုံးလုပ်နည်းများနှင့်
အညီပေးသွင်းစေခြင်း

(၂) လေ ျှာက်ထားသူပိုင်ရှင်အား လိုင်စင်ထုတ်ပေးခြင်း

 (င) လိုင်စင်သက်တမ်းတိုးခြင်း

(၁) လိုင်စင်တွင်ဖော်ပြထားသည့် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း(၃၀)အတွင်း ကြိုတင်၍ လိုင်စင်
သက်တမ်းကို တင်ပြလေ ျှာက်ထားရမည်။
(၂) အိမ်ဌားရမ်းခွင့်လိုင်စင်သက်တမ်း ကုန်ဆုံးသော်လည်း လိုင်စင်ဆက်လက်ခံယူရန် ပျက်ကွက်ပါက
သတ်မှတ်သည့်နောက်ကျဒဏ်ကြေး ပေးဆောင်ရမည်။

 ၃။ အဌားအိမ်ဌားရမ်းခြင်းလုပ်ငန်းလိုင်စင် လေ ျှာက်ထားရန်ကိစ္စနှင့်ပတ်သက်၍ အများပြည်သူများအားသိရှိစေရန်အတွက် ပညာပေးကာလကို ၂၀၁၇ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ သတ်မှတ်ပြီး ပညာပေးကာလ (၃)လပြည့်ပြီးနောက် အဌားအိမ်ဌားရမ်းခွင့်လုပ်ငန်းလိုင်စင် လေ ျှာက်ထားခြင်းမရှိပါက မန္တလေးမြို.တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။ သိုဖြစ်ပါ၍ အဌားအိမ်ဌားပိုင်ခွင့်လိုင်စင်လေ ျှာက်ထားစေခြင်းကို အထက်အပိုဒ်များပါအတိုင်း
လုပ်ထုံးလုပ်နည်းများသတ်မှတ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက သန်.ရှင်းရေးဌာန၊ နန်းရှေ.ဈေးအပေါ်ထပ်သို. လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 Ref : မန္တလေးမြို.တော်စည်ပင်သာယာရေးကော်မတီ

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection