Accessibility Tools

 

 

ရန်ကုန်မြို့တွင်းရှိ ကျပ်သိန်းတစ်ထောင်အောက် မြေကွက်များမှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများထံမှ သိရသည်။

 

ထိုကဲ့သို့ အရောင်းအဝယ်သွက်နေခြင်းမှာ ပြီးခဲ့သည့် သြဂုတ်လကတည်း ကစတင်ခြင်းဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ရန်အတွက် လိုက်လံဝယ်ယူနေသောကြောင့် အရောင်းအဝယ်သွက်ခြင်းဖြစ်ကြောင်း သိရသည် ။

“ မြေကွက်တွေကို ကားအရောင်းစင်တာ ၊ ဆေးရုံ ၊ ဆေးခန်း ၊ စားသောက်ဆိုင်ဖွင့်လှစ်ဖို့ဆိုပြီး ဝယ်ယူကြတာများတယ် ။အဓိကအနေနဲ့ ဒဂုံအရှေ့က ကျပ်သိန်းတစ်ထောင်အောက်မြေကွက် တွေကို အဝယ်လိုက်တာများတယ် ။အဲ့ထဲမှာမှ လမ်းမတန်းနဲ့နီးတဲ့ မြေကွက်က ပိုအရောင်းအဝယ်ဖြစ်တယ် ” ဟု အိမ်ခြံမြေ ဝယ်ရောင်းပြုလုပ်နေသူ မဥမ္မာက ပြောသည် ။

အရောင်းအဝယ်သွက်နေသည့် မြေကွက်ဝယ်ယူမှုတွင် လုပ်ငန်းလုပ်ကိုင်ရန် ဝယ်ယူသူများပြီး နေထိုင်ရန်အတွက် ဝယ်ယူသူ နည်းပါးကြောင်း ၊ ဝယ်ယူရာတွင်လည်း ဒဂုံမြို့သစ်လေးမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ မြေကွက်များကို အဓိကဝယ်ယူ နေခြင်းဖြစ်ကြောင်း သိရသည် ။

လက်ရှိ အိမ် ၊ ခြံ ၊ မြေ ဈေးကွက်တွင် မြေကွက်ငှါးရမ်းမှု အခြေအနေမှာသိသာစွာပြောင်းလဲမှုမရှိဘဲ ကျပ်သိန်းထောင်အောက် မြေကွက်များမှာလည်း မြို့နယ်အလိုက် ရှိနေခြင်းကြောင့် ဈေးနှုန်းမြင့်တက်နိုင်ခြေ နည်းပါးကြောင်း သိရသည်။

ယခုကဲ့သို့ မြေကွက်အရောင်းအဝယ်များမှာ နောက်ထပ်နှစ်လခန့်ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူတစ်ချို့သုံးသပ်ပြောသည် ။

Credit : Shwesathtagan

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection