Accessibility Tools

 

 

ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် မိုးပျံရထားလမ်းအတွက် လမ်းကြောင်းရွေးချယ်နေပြီး ဂျပန်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

 

‘‘လုပ်နေတဲ့အခါကျ လမ်းကြောင်းရွေးတဲ့ဟာတွေ နောက် မိုးပေါ်ပျံမလား၊ မြေအောက်လျှို မလားဆိုတဲ့ ဟာလေးတွေ ဒီဟာကတော့ အတိုင်ပင်ခံတွေနဲ့ အသေးစိတ်လေ့လာနေတဲ့ အဆင့် ပေါ့နော်’’ ဟု ၎င်းက ယမန်နေ့အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာအချို့အား ပြောသည်။

ထိုသို့ လေ့လာပြီးမှသာဆောင်ရွက်မည့် ဒီဇိုင်းပုံစံကိုသိနိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းစီမံကိန်းကို ပေါ့လျော့စွာမလုပ်ကိုင်ဘဲ သေချာစိစစ်၍တစ်သက်လုံး အကျိုးရှိမည့်လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်မည်ဟု ဒုဝန်ကြီးကဆိုသည်။

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းသည့် ပြဿနာဖြေရှင်းနိုင်ရန် မြန်မာအစိုးရဘက်က မြန်မြန်ဆောင်ရွက်ရန် ဆော်သြနေကြောင်း ၎င်းကပြောသည်။

ထို့အပြင် ရန်ကုန်ရှိ ယာဉ်ကြောကျပ်တည်းမှုနှင့် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာ စေရန် ရန်ကုန်မိုးပျံလမ်းမကြီး စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည် ဖော်နေမှုလည်း ရှိသည်။

‘‘ဝန်ကြီးဌာနတွေ အကုန်လုံးပူးပေါင်းပြီးတော့ ရန်ကုန်မြို့ပြည်သူတွေအတွက် ယာဉ်ကြော ကျပ်မှု ပြဿနာကို ဝိုင်းဖြေရှင်း မှာပါ’’ ဟု ဦးကျော်မျိုးက ပြောသည်။

ဆက်လက်၍ ရန်ကုန်မြို့တွင် ဂျပန်နိုင်ငံက ပံ့ပိုးကူညီမည့် ဒီဇယ်လျှပ်စစ်ရထားများလည်း ပြေးဆွဲမည်ဟု ၎င်းကဆိုသည်။

 Credit : 7Daydaily

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection