Accessibility Tools

FIND YOUR BEST PROPERTY

Properties for Sale / Rent in Myanmar

 

 

ပုံစံ ၁၀၅ ဆိုသည်မှာ မြေပုံစာရွက်ဖြစ်ပြီး ပုံစံ ၁၀၆ ဆိုသည်မှာ မြေရာဇဝင်အတိုချုပ် ဖြစ်ပါသည်။

 

 

ပုံစံ ၁၀၅/ ၁၀၆ တို့တွင် ပိုင်ရှင်အမည်၊ မြေအမျိုးအစား နှင့် အကျယ်အဝန်းတို့ကိုဖော်ပြထားပါသည်။

 

မြို့နယ်မြေစာရင်းဦးစီးဌာနက ထုတ်ပေးတဲ့ မြေပုံမြေရာဇဝင်တွေမှာ မြေပုံကို မြေစာရင်းပုံစံ ၁၀၅ မြေ ရာဇဝင်ကို ပုံစံ ၁၀၆
အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့မြေပုံရဲ့အပေါ်တွင် (S -22)လို့ရေးသားထုတ်ပေးလေ့ရှိသည်။

 

ရန်ကုန်မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံကတော့ ပုံစံနံပါတ်မရှိပါ။
မြေပုံမြေရာဇဝင်လျှောက်ထားရန် လိုအပ်သည့်အချက်များ

 

အမည်ပေါက်ဖြစ်ပါက -

(၁) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(၂) မြေခွန်မြေခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ
(၃) လျှောက်ထားရသည့်အကြောင်းအရာ
အမည်ပေါက်မဟုတ်ပါက -
ပိုင်ဆိုင်ရသည့်အကြောင်းအရောင်းအဝယ်ဆက်စပ်စာချုပ်များ (သို့) ပိုင်ဆိုင်ရသည့် အကြောင်းတရား ရုံးအနိုင်ဒီကရီ (သို့) ပိုင်ဆိုင်ရသည့်အကြောင်းတရားရုံးကျမ်းကျိန်လွှာ ပါရှိရမည်။

 

မြေပုံမြေရာဇဝင်လျှောက်ထားသော အကြောင်းအရာအချို့ 

 

- အိမ်အသစ်ဆောက်ရန် မြေပုံမြေရာဇဝင်လျှောက်ထားခြင်း
- အကြီးစားပြင်ဆင်ရန်အတွက်လျှောက်ထားခြင်း
- မြေကွက်ခွဲရန်အတွက်လျှောက်ထားခြင်း
- ခြံစည်းရိုးကာရန်အတွက်လျှောက်ထားခြင်း
- မိမိပိုင်ဆိုင်ကြောင်း မှတ်တမ်းထားရန်အတွက်လျှောက်ထားခြင်း
- အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ရန်အတွက် လျှောက်ထားခြင်း
- အပိုင်ပေးစာချုပ်ချုပ်ရန်အတွက် လျှောက်ထားခြင်း
- စွန့်လွှတ်စာချုပ်ချုပ်ရန်အတွက် လျှောက်ထားခြင်း
- အမှားပြင်စာချုပ်ချုပ်ရန်အတွက် လျှောက်ထားခြင်း
- ဘဏ်မှ ငွေချေးရန်အတွက် လျှောက်ထားခြင်း
ဥပမာ အားဖြင့် အဝီစိတွင်းတူးရန်အတွက် လျှောက် ထားပြီး ရရှိတဲ့ မြေပုံရာဇဝင်တစ်ခုနှင့် အရောင်းအဝယ် ကိစ္စမပြုလုပ်နိုင်ပါ။ အရောင်းအဝယ်စာချုပ်ချုပ်ဆို
ရန်အတွက်သာဆိုသည့် မြေရာဇဝင်မှလွှဲပြီး ကျန်မြေပုံမြေရာဇဝင်တွေနဲ့စာချုပ်ချုပ်ဆိုလို့မရပါ။

 

လျှောက်ထားသည့်အကြောင်းအရာအားပြောင်လဲ၍အသုံးပြု၍ မရပါ။

 

မည်သည့်ပုဂ္ဂိုလ်များကလက်မှတ်ရေးထိုးလျှင် မြေပုံမြေရာဇဝင်သည်အတည်ဖြစ်သနည်း
အိုးအိမ်ဦးစီးဌာနကထုတ်တဲ့ မြေပုံမြေရာဇဝင် ဖြစ်တဲ့ (S-22) ကမြေပုံ၊သူနဲ့တွဲနေသော ဂရန် လိုကိစ္စ တွေမှာ ဘာပဲဖြစ်ဖြစ် အိုးအိမ်ဦးစီးဌာန ကမြေပုံမြေရာဇဝင် တွေမှာဌာန၏ ညွှန်ကြားရေးမှူးချုပ် အဆင့် လက်မှတ်ရေးထိုး ပေးပါသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပေးတဲ့ မြေပုံမြေရာဇဝင် တွေမှာလည်း မြို့ ပြစီမံကိန်း နှင့်မြေစီမံခန့်ခွဲ မှုဌာန ၊ဌာနမှူးက လက်မှတ်ရေးထိုးပေးပါသည်။
သက်ဆိုင်ရာ မြို့နယ်ကထုတ်ပေးတဲ့ (၁၀၅) ပုံံစံ မှာသက်ဆိုင်ရာမြို့နယ်မြေစာရင်းဌာနမှူး ကိုယ်တိုင် လက်မှတ်ရေးထိုး မှတရားဝင်ပါသည်။
၁၀၅ ဆိုတာပိုင်ဆိုင်မှုအာမခံချက်မဟုတ်ပါ။

 

၁၀၅ ဆိုတာ တည်နေရာကိုဖော်ပြရန် ၊အိမ်ဆောက်လုပ်ခွင့်လျှောက်ထားရာတွင် တည်နေရာကိုရည် ညွှန်းဆိုရန်အတွက် မြေစာရင်းဌာနကထုတ်ပေးတဲ့ မြေပုံစံတစ်ခုသာဖြစ်ပါသည်။

 

Credit : LLB Group Myanmar

 

No Internet Connection