Accessibility Tools

FIND YOUR BEST PROPERTY

Properties for Sale / Rent in Myanmar

 

 

ဂရန်မြေနဲ့ ဥယျာဉ်ခြံမြေမှာ သိသင့်တာတွေ နဲ့ပတ်သက်ပြီး အမေးအဖြေ ကဏ္ဍအနေနဲ့ ဖော်ပြပါတယ်။

 

မေး။ ။ ဂရန်အမည်ပေါက်ရောင်းရင် ပထမရောင်းသူအမည် ပေါက်မှ မိမိလက်ရှိဝယ်ယူသူအ မည်ပေါက်ပြောင်းရင် ဂရန်စာ အုပ်အသစ်မှာ မိမိနာမည်နဲ့ ရမှာ လား၊ ဒါမှမဟုတ် ဂရန်စာအုပ်အ ဟောင်းနဲ့ မိမိပိုင်ဆိုင်ကြောင်း စာရွက်ပဲတွဲပေးပြီး ထွက်တာလား ။

 

ဖြေ။ ။ သူတစ်ပါးအမည်ပေါက် ဂရန်မြေကို ဝယ်ပြီး အမည်ပြောင်း ရင် အဲသည်ဂရန်စာအုပ်အ ဟောင်းကို ပြန်ကိုင်ရပါတယ်။ ဂရန်စာအုပ်မှာ အမည်ပြောင်းမှတ် တမ်းစာရွက် တွဲပေးလိုက်ပါတယ်။ အဲသည်စာရွက်မှာ မြေတိုင်းရပ် ကွက်၊ မြေကွက် အလွတ်၊ မြေ လွတ်တည်နေရာ၊ မြေဧရိယာ၊ မြေ အမည်ပေါက်ပိုင်ရှင် နာမည်ကနေ ဝယ်ယူသူပိုင်ရှင်အမည်ကို အရောင်းအဝယ်စာချုပ်အမှတ် — အရ အမည်ပြောင်းပေး လိုက်သည် စသဖြင့်ရေးသားပြီး ဌာနမှူး မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဆိုပြီး အရာရှိလက်မှတ်နဲ့ ရုံးစည်း တံဆိပ်တို့ ပါဝင်မှာ ပါ။ ဂရန်စာအုပ်အသစ် ကိုင်ချင်ရင်တော့ မိမိနာမည်ပြောင်းပြီး နောက်မှ ဂရန်ပျောက်နဲ့ ဂရန်သစ် လျှောက်ရမှာပါ။

 

မေး။ ။ ဥယျာဉ်ခြံမြေကို အိမ် ဝိုင်းမြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါသလား။ ရောင်းခွင့်ရဖို့ ဘာတွေလုပ်ဆောင်ရမှာပါလဲ။

 

ဖြေ။ ။ ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါတယ်။ ရောင်းခွင့်ရဖို့ အ တွက် မြေကွက်တည်ရှိရာမြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာန မှာ မိမိအမည်ပေါက်မှန်ကန်မှု ရှိ မရှိသွားရောက်စစ်ဆေးရပါ တယ်။ မြေကွက်ရိုက်ရောင်းရင် လည်း အဲသည်မြေစာရင်းဦးစီးဌာ နမှာပဲတရားဝင်လျှောက်ထား နိုင်ရင်အကောင်း ဆုံးဖြစ်ပါ တယ်။ ဥယျာဉ်ခြံမြေက မိမိပိုင် ဆိုင်တာမှန်ပေမဲ့ မြေအမည် ပေါက်က အခြားသူ အမည် ပေါက် နေရင်တော့ ဝယ်သူပိုင်ဆိုင်တဲ့ အဆက်ဆက်စာချုပ်တွေတင်ပြပြီး မိမိအမည် ပြောင်းပေးဖို့။ အဲသည် မြေစာရင်းရုံးမှာပဲ လျှောက်ထား ရမှာ ဖြစ်ပါတယ်။

Credit : Kumudra 

 

No Internet Connection