မနေ့က မန္တလေး၊ပြည်ကြီးတံခွန်မြို့နယ် ထဲက မိတ်ဆွေတစ်ယောက်က ကျနော့ဆီ လာတယ်။သူဝယ်ထားတဲ့မြေကွက်လေး သူငွေလိုနေလို့ ပြန်ရောင်းတာ ပွဲပျက်သွားလို့တဲ့။ကျနော့စာရွက်က ငွေသွင်းလိုနေလို့ဆိုလား?၊ငွေသွင်းပြေစာမပါလို့ဆိုလား??ဆရာတဲ့ စုံမစုံ ဘာလိုလို့ဘာဖြစ်နေတယ်ဆိုတာ ကြည့်ပေးပါအုံးတဲ့။

 ဒါနဲ့ကျနော်လည်း နားလည်သလောက်၊လေ့လာမိသလောက်ကြည့်တော့ သူ့စာရွက်က ပါသင့်ပါထိုက်တဲ့စာရွက် အပြည့်အစုံပါပဲ၊စာရွက်တွေကလည်း ကျနော်ကြည့်ရသလောက် ပုံမှန်တွေပါပဲပေါ့။

 စုံပါတယ်လို့ သူ့ကိုပြောပြတော့ ဆရာ သူတို့ဘက်က မစုံဘူးလို့ပြောတယ်ဆရာ၊မြေကွက်ချထားမိန့်(စလစ်/အကြောင်းကြားစာ)ပါပေမဲ့ အဲဒီမြေကွက်အတွက် မြေဘိုး၊လမ်းဘိုးပေးသွင်းထားတဲ့ငွေရပြေစာ မပါလို့တဲ့ဗျာ။

 ကျနော်လေ့လာမိသလောက်(အကုန်သိလို့တော့မဟုတ်ပါ)ပြောရရင် ဒီမြေကွက်တွေက အလကားပြန်ပေးတာမို့လို့ အဲဒီအချိန်ထဲက မြေကွက်အတွက် ငွေမသွင်းခဲ့ရလို့ ငွေသွင်းပြေစာတွေမပါတာပါလို့။ကျနော်လည်းအရင်က မသိခင်က ဒါမျိုးမြေကွက်တွေ ဝယ်ပေးဖို့ကြုံရင် ငွေသွင်းပြေစာ ပါမပါ ၊တောင်းရမှာလား၊မတောင်းရဘူးလား ဇဝေဇဝါဖြစ်ခဲ့ဘူးပါတယ်။ဒါပေမဲ့ယတိပြတ် တော့မငြင်းခဲ့ပါဘူး၊ကိုယ်မသိတဲ့အကြောင်းအရာပါလာရင် ကိုယ့်ထက်သိတဲ့၊တက်တဲ့၊နားလည်တဲ့၊ဒီကိစ္စတွေမှာ အတွေ့အကြုံရှိပီးသား ဆရာသမား၊မိတ်ဆွေ၊အပေါင်းအသင်းများကို မေးမြန်းပီးမှ ပြန်ပြောဖြစ်ပါတယ်...ကိုယ်မသိသေးတော့ ရုံးစုံစမ်းလိုက်အုံးမယ်ဆိုပီး ရက်ချိန်းယူလိုက်တာပေါ့ဗျာ

 ဒါကြောင့် ဝယ်သူကိုပြန်ပြောကြည့်ပါအုံး၊နားလည်တဲ့သူဒါမှမဟုတ် ဘေးပတ်ဝန်းကျင်ကမြေကွက်တွေလည်း ဒီအတိုင်းပဲလား...ဆိုတာ မေးကြည့်ပါ၊ပီးမှဆုံးဖြတ်ပါလို့ ။

 တစ်ခြားအကြောင်းအရာကြောင့်ဆိုရင်တော့ ကျနော်မပြောတက်ဘူးပေါ့ဗျာ(ဥပမာ တစ်ချို့က ဈေးမကြိုက်တာ၊အလှည့်မကြိုက်တာ၊အသစ်တွေ့နေတာ၊ ပြောပီး မှမလိုချင်တော့တာဆို အားနာတော့ ဒဲ့မပြောပဲ တခြားဟာ လွဲချတက်တာမျိုး)။လို့ သူ့ကိုပြောပြလိုက်တယ်။

 ဝယ်သူမျက်စိလည်မယ်ဆိုလည်း လည်စရာပါပဲ၊ကျနော်တို့မန္တလေးမြို့မှာက မြေနေရာချထားမိန့်(စလစ်)တွေက နေရာဒေသ/အချိန်ကာလ/ရုံးဌာန အမျိုးမျိုးက အကြောင်းအရာအမျိုးမျိုးနဲ့ချထားတော့ ငွေသွင်းရတာတွေရော၊ငွေမသွင်းရတာတွေရော ရှိတော့ သူတွေ့ဘူးထားတာမျိုး မဟုတ်တော့ လိုတယ်ထင်လို့ပြောမိတာဖြစ်ပါလိမ့်မယ်။

 ကျနော်တို့မန္တလေးမြို့မှာ ယခင်တည်ရှိပီးသား ဘိုးဘပိုင်မြေ၊ဂရန်မြေများမှလွဲ၍ အများအားဖြင့် ၁၉၈၅-၁၉၈၈ နောက်ပိုင်းမှာ မြို့ကွက်သစ်များ ဖော်ထုတ်ပီး မီးဘေးသင့်ခံရသူများ၊နိူင်ငံဝန်ထမ်းများ၊ကျူးကျော်နေထိုင်မှုတွင် ဖယ်ရှားခံရသူများ၊လမ်းဖောက်တံတားဆောက်၍ မြေနေရာပါသွားပီး နစ်နာသူများ၊စက်မှုလုပ်ငန်းလုပ်ကိုင်သူများ....စသည့်အမျိုးမျိုးသော အကြောင်းအရာများဖြင့် မြို့ကွက်သစ်မြေနေရာများအား၊မြေနေရာချထားရေးအဖွဲ့၊ကော်မတီ ၊ရပ်ကွက်အဆင့်၊မြို့နယ်/ခရိုင်အဆင့်၊တိုင်း အဆင့်အလိုက်..စသည့် မြေနေရာချထားကြောင်း အကြောင်းကြားစာများဖြင့် မြေနေရာများ ချထားရရှိခဲ့ကြပါတယ်။

အထက်ပါအကြောင်းအမျိုးမျိုးဖြင့် မြို့ကွက်သစ်ဖော်ထုတ်တဲ့အနေနဲ့၁၉၈၅-၁၉၈၈ ခုနှစ်လောက်တွေက စပီး မြန်မာ အက္ခရာ အစဉ်အတိုင်း ....
က၊ခ၊ဃ၊င၊စ၊ဆ၊ဇ၊ဈ
(ယခု ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၂)၊(၃)၊(၄)၊(၅) )စသည့်ရပ်ကွက်များအားလည်းကောင်း၊နိုင်ငံဝန်ထမ်းများအား -
ဏ၊တ
(ယခုမြို့သစ်-၁)စသည်တို့ဖြင့်လည်းကောင်း၊
ယခုမဟာအောင်မြေမြို့နယ်ထဲရှိ-
ဒ၊ဓ၊န၊ပ....ရပ်ကွက်များပြီးနောက်
ယခု ကံသာယာ၊ထွန်တုံးရပ်ကွက်ရှိ -
ဖ ၊ဗ ...ရပ်ကွက်များ
ယခုပြည်ကြီးတံခွန်မြို့နယ်ရှိ
ဘ...ရပ်ကွက်များပီးနောက်
မ (မြို့သစ်-၁၊မဟာမြိုင်၊ရဲမွန်တောင် ရှိအကွက်များ) ၊
ယ၊လ၊ဝ၊သ၊ဟ၊ဠ၊အ...စသည့် ရပ်ကွက်များ-
ခုနှစ်အားဖြင့် အစဉ်လိုက်ချထားခဲ့ကြောင်း၊ မြန်မာအက္ခရာများ တစ်လုံးချင်းကုန်၍ ...
ကက၊ခခ၊ဂဂ၊ငင၊စစ၊ဆဆ၊ဇဇ(ကံသာယာ၊အောင်ပင်လယ်၊ထွန်တုံး ရပ်ကွက်များ)၊
ညည ၊တတ၊ထထ၊ဒဒ၊ဓဓ၊နန၊ပပ(သင်ပန်းကုန်း၊စက်မှု၊ပြည်ကြီးတံခွန်မြို့နယ်ရှိရပ်ကွက်များ) ပီးနောက်...
ဖဖ၊ဗဗ၊ဘဘ၊မမ (ထွန်တုံး၊မြရည်နန္ဒာ၊အောင်သာယာရှိရပ်ကွက်များ)၊
လလ ၊ဝဝ ...စသည်တို့ဖြင့်လည်းကောင်း
*** သသ တို့ အအ တို့တော့မရှိသေးပါဘူး 

အင်္ဂလိပ်အက္ခရာများဖြင့်လည်း 

A.B.C.D.E.F.G.H.I (ချမ်းမြ၊စိုက်ပျိုးရေးကွက်သစ်၊မြို့သစ်-၁ရပ်ကွက်အားလည်းကောင်း)
A.B.C.D.E.F.G.H အဖြစ် ကံသာယာ ရပ်ကွက်တွင်လည်ကောင်း ၊
စက်မှုဇုံမြေကွက်များအဖြစ်လည်း A.A 1.H...စသည့်
အက္ခရာနှင့် ဂဏန်းများတွဲ၍လည်းချထားခဲ့ကြောင်း-
အမျိုးမျိးသော အက္ခရာများ ဖြင့် ၊အကြောင်းအရာ အမျိုးမျိုး၊စာရွက်စာတမ်းပုံစံ အမျိုးမျိုးဖြင့်၊ အချိန်အခါအလိုက် တာဝန်ရှိသူအမျိုးမျိုးက လက်မှတ်ရေးထိုး ချထားပေးခဲ့တော့ စာရွက်စာတမ်းပုံစံစုံသလိုပဲ ခေတ်ကာလအလျောက် ငွေသွင်းရတဲ့ နှုန်းထားတွေလည်း ကွာနေတာ တွေ့ရပါတယ်။
ဒီထဲမှာ မူလ ရွာမြေကိုပြန်အကွက်ရိုက်လို့၊စည်ပင်လမ်းဖောက်တဲ့ထဲပါသွားလို့၊မြို့ပြဖွံ့ဖြိုးရေးနယ်နမိတ်ထဲပါသွားလို့ ပြန်ချထားခံရတဲ့မြေကွက်တွေကတော့ စချပေးစဉ်အခါကတည်းက အလကားပြန်ပေးတာမို့ ငွေသွင်းပြေစာ(လမ်းဘိုး၊မြေဘိုး..)မပါတာလို့လေ့လာမိသလောက်သိရပါတယ်။
ဥပမာ...အများအားဖြင့်..ချမ်းမြထဲက အောင်သာယာ တို့....ပြည်ကြီး ထဲက ညည၊တတ၊ထထ၊ဒဒ၊ဓဓ၊နန၊ပပ တို့ပေါ့ ဒါတောင်အကုန်မဟုတ်ပါဘူး ။
(ဘယ်အရာမှ ပုံသေမမှတ်ပါနဲ့)
အခြားအကွက်တွေကတော့ အများအားဖြင့်..ခေတ်ကာလ အချိန်အခါအလိုက်...ပေ ၄၀×၆၀ တစ်ကွက်ကို
၁၈၀၀ိ/-( ဒါတောင်မတက်နိူင်လို့ ခွဲသွင်းခဲ့တဲ့သူတွေရတဲ့မြေကွက်တွေဆိုရင် ၁၂၀၀ိ/-၊၆၀၀ိ/- တို့ပါပါသေးတယ်)
၆၄၀၀ိ/- (မြေဘိုး ၄၀၀၀ိ/-၊လမ်းဘိုး ၂၄၀၀ိ/-)(မြို့သစ်ဘက် အများဆုံးတွေရတဲ့ငွေသွင်းပြေစာတွေပေါ့)
ပေ ၃၀×၄၀ ကို ၂၀၀၀ိ/- သွင်းခိုင်းထားတဲ့မြေကွက်တွေတွေ့ရသလို
၁၅×၄၀ (သို့)၂၀×၃၀ ပေ မို့ ၁၀၀၀ိ/- သွင်းထားတဲ့ငွေရပြေစာတွေနဲ့မြေကွက်တွေလည်းတွေ့ရပါတယ်။
ဒီထက်သေးတဲ့ ၁၀×၃၀ လေးတွေလည်း ၅၀၀ိ/- ငွေသွင်းလေးတွေနဲ့တွေ့ရပါသေးတယ်။

အဲ့နောက်တော့ ခေတ်ကာလအခြေအနေအလျှောက် ငွေသွင်းရတဲ့နှုန်းထားတွေပြောင်းလဲလာလို့ အရင်က အကွက်တွေနဲ့အခု နောက်ကျတဲ့အကွက်တွေ ငွေသွင်းနှုန်းထားတွေမတူညီတာပါ။
အဲဒါနဲ့ ငွေသွင်းပြေစာ မပါရင် ဘာဖြစ်တက်တုန်းဆရာဆိုတော့....???
အဲဒါကတော့ ဖြစ်ပေါ်လာတဲ့အကြောင်းအရာ၊အခြေအနေ၊အချက်အလက်အပေါ်မူတည်မှာပဲလို့။ဥပဒေအရတော့ ဂရန်ပေါက်ပီးရင် အဲဒီစာရွက်တွေက မလိုတော့ပေမဲ့ ခုမန္တလေးအနေအထားအရ မြေတစ်ကွက် ပါသင့်ပါထိုက်တဲ့စာရွက်စာတမ်းအပြည်အစုံ(အရပ်အခေါ် အပေါ်ခြမ်း၊အောက်ခြမ်း.../ စလစ်ခြမ်း၊ဂရန်ခြမ် း အမျိုးမျိုးပါပဲ)ပါမှ ဈေးအပြည့်ရတက်မို့၊ဈေးကွက်အရ ပဲထိခိုက်တက်တယ်လို့ပဲပြောရတော့မှာပေါ့ဗျာ...
(အခြားမြို့တွေမှာတော့ ဂရန်ထွက်ပီးရင် အဲဒီစာရွက်တွေကို ရုံးကပြန်သိမ်းထားလိုက်ပီး ဂရန်ပဲထုတ်ပေးလိုက်တယ်လို့သိရတယ်ဗျ)(အခြားမြို့ကမိတ်ဆွေတွေလည်းပြောပြပေးပါအုံး)
အထင်ရှားဆုံးဥပမာ ပေးရရင် ခု ကျနော်စီးနေတဲ့ crown ကားဗျာ ဝယ်တုန်းက G ဖြစ်တယ် ဂရိတ်ပြည့်တော့(ပါသင့်ပါထိုက်တဲ့ ထိုင်ခုံမော်တာ ၄လုံး၊တံခါး၊နောက် ယင်းလိပ်၊ရေခဲသေတ္တာ၊ထိုင်ခုံမန်မိုရီ၊ ...စသည်ဖြင့်ပေါ့)အဲ့အချိန်က သိန်း ၄၀၀ ပေးရတယ်ဗျ၊ ဒါကသက်သက်ကြွားတာ 
crown ချင်းတူပေမဲ့ ဂရိတ်မပြည့်တဲ့ကားကတော့ အဲတုန်းက ၃၅၀ လောက်ဆို ဝယ်လို့ရတယ်ဗျ။ ၅၀ လောက်တော့ကွာတယ်ဗျ။
ကျနော်ပြန်ရောင်းတဲ့အချိန်ကျရင်လည်း ခေတ်ကာလပေါက်ဈေး ဂရိတ်ပြည့်ဈေးပြန်ရမှာပေါ့ဗျာ။

ဒီအတိုင်းပါပဲ မြေကွက်တွေမှာလည်း သူ့တန်ရာတန်ကြေးရှိပီးသားမို့ မြေစာရွက်စာတမ်းမှာ ပါသင့်ပါထိုက်တဲ့စာရွက် တစ်ရွက်လို ၊နှစ်ရွက်လိုဆိုရင် ကိုယ်ဝယ်တုန်းက ဈေးနည်းနည်းလျော့ဝယ်ခဲ့ရသလို ကိုယ်ပြန်ရောင်းရင်လည်း ဈေးနည်းနည်း လျော့နေမှာပဲလို့...

ခု ခင်များစာရွက်ကတော့ ဂရိတ်ပြည့်မို့
ဒီလူမကြိုက်
နောက်လူကြိုက်ကာ
ထိုက်တဲ့သူရပါလိမ့်မယ်

 Author : Tin Aung Moe

မြောင်းတကာစက်မှုဇုန်အနီး
LandHmawbi
280 Lakhs
Condo  ပြည်သာယာ၊သင်္ကန်းကျွန်းမြို့နယ်
CondoYangon
2900 Lakhs
ရောင်းမည်
2500 Lakhs

 

No Internet Connection