စာချုပ်စာတမ်းဆိုသည်မှာ-
လူတစ်ဦးနှင့်တစ်ဦး(သို့)အများနှင့်ဖြစ်စေ၊အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုဖြစ်စေ၊ငွေကြေး(သို့)

ပစ္စည်းနှင့်စပ်လျဉ်း၍နှစ်ဦးနှစ်ဖက်သဘောတူညီချက်ကို ခိုင်မာစေရန်စာဖြင့်ရေးသားဖော်ပြခြင်းကိုဆိုလိုသည်။

အရပ်ကတိစာချုပ်နှင့်မှတ်ပုံတင်စာချုပ်
မှတ်ပုံမတင်သည့် သဘောတူစာချုပ်အားလုံးမှာအရပ်ကတိစာချုပ်များဖြစ်ပြီး
သက်ဆိုင်ရာစာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် သက်ဆိုင်ရာတံဆိပ်ခေါင်းခွန်နှင့်မှတ်ပုံတင်ခငွေပေးသွင်း၍ မှတ်ပုံတင်သွင်းသည့်စာချုပ်များကိုမှတ်ပုံတင်စာချုပ်ဟုခေါ်သည်။

 

ရောင်းချခြင်း
တန်ဘိုးကိုပေးခြင်း(သို့)ပေးမည်ဟုကတိပြုသည့်အတွက်(သို့)တစ်ချို့ကိုပေးပြီးတစ်ချို့ကိုကတိပြုသည့်အတွက် ပစ္စည်းပိုင်ဆိုင်ခွင့်ကိုလွှဲပြောင်းခြင်းဖြစ်သည်။

လူနေမြေကွက်တစ်ကွက်ကိုသင်ရောင်းမည်ဆိုလျှင်
- စာရွက်စာတမ်းပြည့်စုံရမည်။
- ရောင်းချပိုင်ခွင့်လည်းရှိရမည်။
- မှတ်ပုံတင်စာချုပ်လည်းချုပ်ပေးနိုင်ရမည်။
(ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-55မှကောက်နှုတ်ချက်)

တရားဝင်ရောင်းချရန်လိုအပ်ချက်များ
(က)ရောင်းသူနှင့်ဝယ်သူတို့သည်ပစ္စည်းလွှဲပြောင်းနိုင်သည့်အရည်အချင်းရှိသူဖြစ်ရမည်။
(ခ)ရောင်းချသောပစ္စည်းသည်လွှဲပြောင်းနိာင်သည့်မရွေ့မပြောင်းနိုင်သောပစ္စည်းဖြစ်ရမည်။
(ဂ)ပိုင်ဆိုင်ခွင့်ကိုလွှဲပြောင်းပေးရန်။
(ဃ)လွှဲပြောင်းခြင်းသည်ငွေတန်ဘိုးနှင့်လဲလှယ်ခြင်းဖြစ်ရမည်။
(စ)မှတ်ပုံတင်စာချုပ်ချုပ်ဆိုရောင်းချရမည်။

 

မှတ်ချက်။
အိမ်ခြံမြေသည် မရွေ့မပြောင်းနိုင်သောပစ္စည်းဖြစ်ပါ၍
1)ရောင်းလျှင်
2)ပေးလျှင်
3)စွန့်လွှတ်လျှင်
4)အမှားပြင်လျှင်
5)ပိုင်ဆိုင်ကြောင်းကြေညာလိုလျှင်
မှတ်ပုံတင်စာချုပ်စာတမ်းဖြင့်သာပြုလုပ်ခွင့်ရှိပါသည်။
(စာချုပ်မှတ်ပုံတင်ဥပဒေ-16နှင့်ပစ္စည်းလွှဲ-54)

 

ရက်ပေါင်း(120) အတွင်းမှတ်ပုံတင်ပါ။
အိမ်ခြံမြေအတွက် မှတ်ပုံတင်စာချုပ်တွင် မြေပုံမြေရာဇဝင်လိုအပ်ပြီး အရပ်စာချုပ်နှင့်ဝယ်ပြီးနောက်ရက်ပေါင်း(120)အတွင်းမှတ်ပုံတင်ချုပ်ဆိုရပါမည်။
(စာချုပ်မှတ်ပုံတင်ဥပဒေ-21)

 

အိမ်ခြံမြေကိစ္စ စာချုပ်တွေ မှတ်ပုံမတင်လို့ကတော့-
1)ပိုင်ဆိုင်မှုတရားမဝင်ပါ။
2)မွေးစားသားသမီးများကိုအိမ်ခြံမြေအမွေပေး၍မရပါ။
3)တရားရုံးများ၌တရားဝင်တင်သွင်း၍မရပါ။
မှတ်ပုံတင်ထားရင် နှစ်100/နှစ်200မက ကြာမြင့်ပါစေ၊ ရုံးလက်ခံကိုပြန်ကြည့်ခွင့်လည်းရှိတယ်၊မိတ္တူပြန်တောင်းခံလို့လည်းရတယ်။အဲဒီမတ္တူCertified Copyကတရားဝင်တယ်။

 

ရောင်းသူ၏တာဝန်


(က)ပစ္စည်းကို မိမိပိုင်ဆိုင်ကြောင်း၊အရှုပ်အရှင်းမရှိကြောင်း၊ရောင်းချပိုင်ခွင့်ရှိကြောင်း ရှင်းပြရပါမည်။
(ခ)ချို့ယွင်းချက်များရှိကပြောပြရပါမည်။
(ဂ)စာချုပ်စာတမ်းများအားလုံးပြသရမည်။
(ဃ)ပစ္စည်းနှင့်ပတ်သက်၍မေးသည့်မေးခွန်းများသိသမျှဖြေကြားရန်။
(င)စရန်ပေးကာလအတွင်းပစ္စည်းကိုထိန်းသိမ်းစောင့်ရှောက်ရမည်။
(စ)ရောင်းဝယ်ခြင်းပြီးဆုံးလျှင် စာရွက်စာတမ်းမူရင်းအားလုံးကို ဝယ်သူသို့လွှဲအပ်ရမည်။
(ဆ)စရန်ပမာဏထက်ဝက်ကျော်ရှိက ပစ္စည်း(သို့)ပိုင်ဆိုင်မှုစာရွက်စာတမ်း မူရင်းများလွှဲပေးနိုင်သည်။ ကျန်ငွေအတွက်ခံဝန်ချုပ်ရှိရမည်။
(ဇ)ပစ္စည်းမလွှဲပြောင်းမီကာလအတွင်း အခွန်အခများကိုရောင်းသူမှပေးဆောင်ရန်။
(ဈ)စပ်တူစုပေါင်းဝယ်ယူက ငွေအများဆုံးထည့်ဝင်သူကို ပိုင်ဆိုင်မှုစာရွက်ပေးရန်။
(ည)ဝယ်သူ(သို့မဟုတ်)ဝယ်သူညွှန်ပြသူကိုကိုယ်စားလှယ်လွှဲစာပေးရန်။

 

ရောင်းသူ၏အခွင့်အရေး
1)ပစ္စည်းမလွှဲပြောင်းမီကာလအတွင်း ရရှိသမျှသော အကျိုးအမြတ်(ကြားကာလအမြတ်အစွန်းများအားလုံး)ရောင်းသူနှင့်သာသက်ဆိုင်သည်။
(ခ)ငွေမကျေမီ ပစ္စည်းကို ဝယ်သူသို့လွှဲပြောင်းပေးခဲ့လျှင်ကျန်ငွေအပေါ်အတိုးတောင်းပိုင်ခွင့်ရှိသည်။
အိမ်မြေဝယ်သူသည်
1)စာရွက်စာတမ်းအရင်စစ်ပါ။
2)ငွေကိုအပြည့်ပေးပါ။
3)မှတ်ပုံတင်စာချုပ်ကိုယ်တိုင်လုပ်ရပါမည်။
(ပစ္စည်းလွှဲ-55(5/ခ))

 

ဝယ်သူ၏တာဝန်
(က)ပေါက်ဈေးမသိ၍ရောင်းသူကဈေးနည်းနေကြောင်းဝယ်သူကသိလျှင် ရောင်းသူအားပြောကြားရမည်။
(ခ)ရောင်းသူအားတန်ဘိုးငွေအပြေပေးရမည်။
(ဂ)ဝယ်သူသို့အရောင်းအဝယ်ပစ္စည်းအားလွှဲပြောင်းပေးပြီးနောက် ယင်းပစ္စည်းထိခိုက်ဆုံးရှုံးပါကဝယ်သူခံရမည်။
(ဃ)ပစ္စည်းလွှဲပြောင်းပြီးနောက် ယင်းပစ္စည်းနှင့်သက်ဆိုင်သည့် အခွန်အခများကို ဝယ်သူက ကျခံရမည်။

 

ဝယ်သူ၏အခွင့်အရေး
စရန်ချပြီးရင်ဝယ်ပြီးသလိုပါပဲ။
ဆက်မဝယ်ဖြစ်ရင်စရန်စာချုပ်ပါ အချက်အလက်တွေအတိုင်းရှေ့ဆက်ရပါမည်။
(ပဋိညာဉ်အက်-37)

မြေဝယ်သူကတော့ကျန်တာအကုန်လုပ်ရသည်။
အိမိခြံမြေမှတ်ပုံတင်ဖို့အတွက် ရာဖြတ်တင်ရသည့်အလုပ်၊
အခွန်တော်တံဆိပ်ခေါင်းဝယ်ရမည့်အလုပ်
ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ
တို့ကိုမြေဝယ်သူမှတာဝန်ယူဆောင်ရွက်ရပါတယ်။
(စာချုပ်စာမ်းမှတ်ပုံတင်ချုပ်ဆိုခြင်းနှင့်ပတ်သက်၍)

ကိုးကား။ဦးမြင့်လွင်(စာချုပ်လမ်းညွှန်)၊ကြည်စိုး-IC(အိမ်ခြံမြေ)

မြောင်းတကာစက်မှုဇုန်အနီး
LandHmawbi
280 Lakhs
Condo  ပြည်သာယာ၊သင်္ကန်းကျွန်းမြို့နယ်
CondoYangon
2900 Lakhs
ရောင်းမည်
2500 Lakhs

 

No Internet Connection