မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများ

(က) မရွှေ.မပြောင်းနိုင်သော ပစ္စည်းကို အပိုင်းပေးသည့် စာချုပ်စာတမ်းများ

 (ခ) မရွှေ.မပြောင်းနိုင်သော ပစ္စည်း၌ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ တန်ဖိုငွေကျပ်တစ်သိန်းနှင့်အထက်ရှိသည့် မရွှ.မပြောင်းနိုင်သောပစ္စည်းများ ရောင်းချခြင်း၊ ဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွားတစ်စုံတစ်ရာဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန်.သတ်ခြင်း၊ စွန်.လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို.ကို ခိုင်မာစေရန်ပြုလုပ်သည့် သေတမ်းစာမဟုတ်သော စာချုပ်စာတမ်းများ၊ ယင်းစာချုပ်စာတမ်းတို.နှင့် သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့်အပေါ် တရားရုံးက ချမှတ်သည့် စီရင်ချက်၊ ဒီဂရီ၊ အမိန်.

 (ဂ) တန်ဖိုးငွေကျပ်တစ်သိန်းနှင့်အထက်ရှိသည့် ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နှံ၍ ပေါင်နံှငွေချေးခြင်းမှ
တစ်ပါး ပေါင်းနံှခြင်းကို ပေါင်းနံှသူ လတ်မှတ်ရေးထိုးပြီး အနည်းဆုံးအသိသက်သေနှစ်ဦးက မှန်ကန်ကြောင်း ဝန်ခံလတ်မှတ်ရေးထိုးထားသည့် ပေါင်နံှခြင်း စာချုပ်များနှင့် ပေါင်နံှခြင်း ဖျက်သိမ်းသော စာချုပ်များ

 (ဃ) မရွှေ.မပြောင်းနိုင်သော ပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ဌားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ ဌားရမ်းခြင်း၊ ဌားရမ်းခကို နှစ်အလိုက် သတ်မှတ်၍ ဌားရမ်းခြင်းစာချုပ်များ

 (င) ကုမ္ဗဏီအသင်းအဖွဲ.တို.က မရွှေ.မပြောင်းနိုင်သော ပစ္စည်း ပိုင်ဆိုင်ခွင့်အားလုံးကိုဖြစ်စေ၊ အချို.တဝက်ကိုဖြစ်စေ၊ ယင်းပစ္စည်းနှင့်သက်ဆိုင်သည့် အကျိုးစီးပွားကိုဖြစ်စေ ယံှမှတ်အပ်နံှသူသို. ပေါင်နံှခြင်း၊ ပေးအပ်ခြင်း သို.မဟုတ် အခြားနည်းဖြင့် လွဲှအပ်ခြင်းပြု.သည့် စာချုပ်စာတမ်းများ

 (စ) ကိတ္တိမသားသမီးမွေးစားခြင်း စာချုပ်စာတမ်းများ

 (ဆ) နိုင်ငံတော်အစိုးရက အခါအားလျော်စွာသတ်မှတ်သည့် စာချုပ်စာတမ်းများ

 မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်းများ

 (က) မရွှေ.မပြောင်းနိုင်သော ပစ္စည်း၌ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ တန်ဖိုးငွေကျပ်တစ်သိန်းအောက် မရွှေ.မပြောင်းနိုင်သောပစ္စည်းများ ရောင်းချခြင်း၊ ဆိုင်ရာဆိုင်ရာခွင့်
အကျိုးစီးပွားတစ်စုံတစ်ရာ ဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွဲှအပ်ခြင်း၊ ကန်.သတ်ခြင်း၊ စွန်.လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို.ကို မျက်မှောက်ကာလအတွက်သော်လည်းကောင်း၊ နောင်ကာလအတွက်သော်လည်းကောင်း ဖြစ်မြောက်စေရန်ပြုလုပ်သည့် ငွေလက်ခံရရှိခြင်း သို.မဟုတ်
ပေးအပ်ခြင်းကို ဝန်ခံသည့် စာချုပ်စာတမ်းများ

 (ခ) အပေါင်တန်ဖိုး ငွေကျပ်တစ်သိန်းအောက်ဖြင့် ပေါင်နံှသောစာချုပ်စာတမ်းများ

 (ဂ) မရွှေ.မပြောင်းနိုင်သော ပစ္စည်းများကို တစ်နှစ်ထက်မပိုသောကာလအတွက် ဌားရမ်းသည့် အဌားစာချုပ်စာတမ်းများ

 (ဃ) ရွှေ.ပြောင်းနိုင်သော ပစ္စည်းများပေါ်တွင် ဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွား တစ်စုံတစ်ရာ ဖြစ်ပေါ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန်.သတ်ခြင်း၊ စွန်.လွှတ်ခြင်း၊ ဖျက်သိမ်းခြင်းတို.နှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းများ

 (င) သေတမ်းစာများ

 (စ) မိသာစုစီမံခန်.ခွဲမှု စာချုပ်စာတမ်းများ

 (ဆ) တရားရုံးကချမှတ်သည့် ဒီဂရီများ သို.မဟုတ် အမိန်.များနှင့် အနုညာတခုံလူကြီးတို.၏
ဆုံးဖြတ်ချက်များ

 (ဇ) တရားရုံးကဖြစ်စေ၊ အခွန်အရာရှိ သို.မဟုတ် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ.အစည်းက
ဖြစ်စေ၊ မရွှေ.မပြောင်းနိုင်သော ပစ္စည်းတစ်ခုခုကို လေလံတင်ရောင်းချပြီးနောက် ဝယ်ယူသူအား
ထုတ်ပေးသည့် အရောင်းသက်သေခံလက်မှတ်

 (ဈ) မရွှေ.မပြောင်းနိုင်သော ပစ္စည်းကို အစိုးရဌာန၊ အစိုးရအဖွဲ.အစည်းများ ထုတ်ဝေသည့် ဂရန်စာချုပ်
သို.မဟုတ် ခွဲဝေပေးသည့် စာချုပ်စာတမ်းများ

 (ည) အထက်ဖော်ပြပါ စာချုပ်စာတမ်းများအပြင် ပုဒ်မ ၁၆ ပါ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများအဖြစ် သတ်မှတ်ထားသည့် စာချုပ်စာတမ်းများမှတစ်ပါး အခြားစာချုပ်စာတမ်းများ

 

 

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection