အိမ်ခြံမြေအရောင်းအဝယ်ပြုကြရာမှာ ဂရန် မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲက ပါမစ်မြေကို အရောင်းအဝယ်အများဆုံး ပြုလုပ်ကြတာ တွေ့ရတယ်လို့ သိရပါတယ်။

 ရောင်းအားကောင်းတဲ့အ ကြောင်းရင်းကတော့ ပါမစ်မြေအ ရောင်းအဝယ်လုပ်တဲ့အခါ စရိတ် ကုန်ကျမှုနည်းခြင်းက အဓိကအ ချက်ဖြစ်တယ်။ အရောင်းအဝယ် စာချုပ်ကို အရပ်ကတိစာချုပ်နဲ့ ချုပ်ဆိုနိုင်ပြီး အဆင့်ဆင့်လွှဲ ပြောင်းရောင်းချနိုင်တယ်။ အရောင်းအဝယ် အဆက်အစပ်ကွင်း ဆက်မပြတ်အရောင်းအဝယ် ကတိစာချုပ်တွေရှိဖို့သာလိုပါတယ်လို့ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးက ပြောပါတယ်။

 မြေချပါမစ်စာရွက်စာတမ်းကို ကိုင်ထားပြီး လက်လွှဲရောင်းချနိုင်ခွင့်ရှိသလို မိမိအမည်ပေါက် နှစ် ၆၀ ဂရန်လည်း လျှောက်ထားနိုင်တယ်။ တရားဝင်ကုန်ကျစရိတ် သုံးသိန်းနီးပါးသာ ကုန်ကျနိုင်ပါ တယ်။ တခြားသူအမည်ပေါက် ဂရန်မြေကို ဝယ်ယူအမည်ပြောင်း ပါက မြေရဲ့ရောင်းရငွေကာလ တန်ဖိုးပေါ်မူတည်ပြီး အခွန်ဆောင်ရတာတွေ၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ရတာတွေ ကုန်ကျစရိတ်အရမ်းပဲ မြင့်သွားမှာဖြစ် တယ်။ ဒါကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူစုဆောင်းထား ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

 စိစစ်ပေးခြင်း 

ပါမစ်မြေကွက်ကို ဝယ်ယူဖို့ စရန်ပေးလိုက်တာနဲ့ရောင်းသူရဲ့ လက်ဝယ်ရှိမြေချပါမစ်အစစ်အမှန်ဖြစ်မဖြစ်ဆိုတာကို သက်ဆိုင်ရာမြို့နယ် မြေနဲ့အခွန် မြေယာရုံးခွဲတာဝန်ရှိသူတို့က မိမိတို့ရုံးရှိ လက်ခံစာအုပ်နဲ့ တိုက် ဆိုင်စစ် ဆေးဆောင်ရွက်ပေးပါတာကြောင့် မြေဝယ်လိုသူတွေအနေနဲ့ ပါမစ်မြေကွက် ပိုနှစ်သက်ပြီး ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။

 ခက်ခဲလာခြင်း  

အခုဆိုရင် အချို့မြို့နယ်တွေမှာ မြေယာရုံးခွဲတွေ မထားတော့တာကြောင့် မြေချပါမစ်အတု၊ အစစ်ခွဲခြားစိစစ်မှုကို ဘယ်မြို့နယ် မြေယာရုံးခွဲကမှ စစ်ဆေးပေးခြင်း မရှိတော့တာကြောင့် မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးဖို့ ခက်ခဲသွားလို့ အရောင်းအဝယ် ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

 မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အရင်က မြို့ပြနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးလက်မှတ်နဲ့ စည်းတံဆိပ် ရိုက်နှိပ်ထုတ်ပေးထားတဲ့ပါမစ်မြေနဲ.   ယခုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နဲ့ စည်းတံဆိပ်ရိုက်နှိပ်ထားတဲ့ ပါမစ်မြေလို ပုံစံနှစ်မျိုးရှိ နေတာ ကြောင့် သတိပြုဝယ်ယူ သင့်တယ် လို့ သိရပါတယ်။

 စည်ပင်အမည်ပေါက်ပါမစ်မြေ 

 ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ထုတ်ပေးတဲ့မြေချပါမစ်တွေ အမှန်အကန်ဟုတ်မဟုတ် စစ် ဆေးဖို့ ခက်ခဲနေတဲ့အချိန်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ ပြစီမံကိန်းနှင့်မြေ ယာစီမံခန့်ခွဲရေးဌာနမှာ ဂရန်အမည်ပေါက်အဖြစ် ပြောင်းလဲချပေးထားတာတွေ ရှိလာသလို အမည်ပေါက်မှန်ကန်ခြင်းရှိ မရှိကိုလည်း တရားဝင်လျှောက်ထားကြည့်ရှု နိုင်တာကြောင့် စည်ပင်အမည်ပေါက် ပါမစ်မြေတွေကို ယခုအခါ ပိုပြီး ဝယ်ယူသင့်တယ်လို့ သိရပါတယ်။


Credit : Kumudra

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection