How to calculate wood

 

သစ်သားတွေက ၁ တန်မှာ 50 cuft (cubic feet) ရှိပါတယ်။ အထူက ၁ ပေ၊ ဗျက်က ၁ ပေ နဲ့ အရှည်က ပေ ၅၀ ဆိုရင် သစ် ၁ တန် ပဲဖြစ်ပါတယ်။


1’ x 1’ x 50’ = 50 cuft = 1 ton
နောက်တစ်ခုက လက်မနဲ့ ပြောရင်တော့ 7,200 Rft ပဲဖြစ်ပါတယ်။ ၁ ပေ မှာ ၁၂ လက်မ ရှိပါတယ်။
12" x 12" x 50' = 144" x 50' = 7200 Rft က ၁ တန်ပဲဖြစ်ပါတယ်။ သူကတော့ ၁ လက်မ ပတ်လည်ရဲ့ အရှည်ပဲ ဖြစ်ပါတယ်။
ဥပမာ - 3"x 1" သစ်သားကို တွက်ပြပါမယ်။
3"x 1" သစ်သားကို 12 ft ရှည်တဲ့ သစ်သားအချောင်း 100၊ နောက်ထပ် 18 ft ရှည်တဲ့ သစ်သားချောင်းက 200 ဝယ်ကြမယ်ဆိုပါစို့။ သူတို့ကို သစ် ဘယ်နှစ်တန် ရလဲလို့ တွက်ကြည့်ရအောင်နော်။
စုစုပေါင်း အရှည် = (12' x 100) + (18' x 200)
= 4800 Rft
ပြီးတော့ သစ်တန်တွက်မယ်ဆိုရင် လိုချင်တဲ့ လက်မနဲ့ မြှောက်ပေးပါ့မယ်။ ခုနက 4800 Rft ကို 3"x 1" နဲ့ ထပ်မြှောက်ပေးပါ။
စုစုပေါင်းသစ်တန် = 4800 x 3 x 1
= 14,400 Rft
1 ton - 7200 Rft = 14400 ÷ 7200
= 2 ton ရပါတယ်။
တစ်နည်းအားဖြင့် အလွယ်မှတ်ချင်ရင်တော့
သစ်တန်တွက်နည်း = (လိုချင်တဲ့ သစ်သား အရှည် x လိုချင်တဲ့ သစ်သား size) ÷ 7200 Rft

Credit : Original writer

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection