ကွန်ဒိုမီနီယံ (Condominium) ဝယ်ယူသူ မြန်မာနိုင်ငံသားများကို အခွန် လျှော့ပေးရန် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်ညှိနှိုင်းလျက်ရှိကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးရှိန်ဝင်းက ပြောသည်။

 

 ၂ဝ၁၈ ခုနှစ် သြဂုတ် ၂၇ ရက် က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့ရာတွင် အခွန်လျှော့ပေါ့ ပေးရန် ၎င်းကဆောက်လုပ်ရေး လုပ်ငန်းရှင်များကိုယ်စားတင် ပြတောင်းဆိုခဲ့မှုအပေါ် နိုင်ငံတော်အနေဖြင့် အမြန်ဆုံးလုပ်ဆောင် ပေးနေသည်ကိုတွေ့ရှိရကြောင်း ဦးရှိန်ဝင်းက ပြောသည်။

''တင်ပြခဲ့တာက ကွန်ဒိုမီနီ ယံနဲ့ပတ်သက်ပြီး တင်ပြတာ၊ အခု ကွန်ဒိုမီနီယံဥပဒေကကျလာပြီ၊ အခုကလည်း ပြောတဲ့အတိုင်းပဲ။ နိုင်ငံတော်အနေနဲ့အမြန်ဆုံး လုပ်ဆောင်ပေး တာတွေ့ရတယ်။ နောက်ပြီးတော့ ကွန်ဒိုမီနီယံ နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီတွေ မှတ်ပုံတင်ဌာနတွေ အားလုံးကိုလည်း သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီးက ဒီဇင်ဘာ ၅ရက်က အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်တယ်။ အသုံးပြုဖို့ အတွက် တံဆိပ်ခေါင်းခွန်တို့ အခွန်အခတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ညှိနှိုင်းပြီးမှ ဆက်လက်ပြီးတော့ လုပ်ဆောင်မှာဖြစ်ပါတယ်''ဟု ၎င်းက ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၁ ရက်က ပြောသည်။

 ကွန်ဒိုတိုက်ခန်းဝယ်ယူသူများကို အခွန် လျှော့ပေါ့ပေးခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာအခွန် ရရှိမှုလျော့နည်းပါက မိမိတို့စည်းစိမ်အကုန်စိုက် ထုတ်ပေးလျော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် ကတိပေးပြောကြားခဲ့သည်။

''ဒီတိုက်ခန်းတွေက နိုင်ငံခြားသားအပြင် နိုင်ငံသားတွေလည်း ဝယ်မှာဖြစ်ပါတယ်။ ဝယ်ယူ နိုင်ဖို့အတွက် ဆွဲဆောင်မှု လုပ်ပေးရမှာ ဖြစ်ပါ တယ်။ မလုပ်ပေးလို့ရှိရင် ၆ဝ ရာခိုင်နှုန်းက မရောင်းရဘဲနဲ့ ၄ဝ ရာခိုင်နှုန်းပဲ ရောင်းနိုင်မလို ဖြစ်နေတယ်''ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ကွန်ဒိုမီနီယံဥပဒေအရ အလုပ်လုပ်ကြည့်ပြီး လက်တွေ့ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာ၍ အလုပ်မဖြစ်လျှင် ထပ်မံပြင်ဆင်နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဒုညွှန်ကြားရေးမှူး ဒေါ်မိုးသီတာကပြောသည်။

ကွန်ဒိုမီနီယံဥပဒေသည် ယခင်ကရှိပြီးသား ဥပဒေကိုပင် မွမ်းမံထားခြင်းဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအတွက် အနည်းငယ် သက်သောင့်သက်သာရှိစေမည့် အချက်များပါဝင်လာသော်လည်း Developer များ မျှော်မှန်းထားသကဲ့သို့များစွာ လျှော့ချပေးနိုင်မှုမရှိကြောင်း၊ ဥပမာ- အားဖြင့် Devepoloper များက စီမံကိန်းများ ကုန်ကျစရိတ်စုစုပေါင်း၏ ၃ရာခိုင်နှုန်းသာ Down Payment အဖြစ် အစိုးရသို့ ပေးသွင်းထားရန် တောင်းဆိုနေသော်လည်း ၁၅ ရာခိုင်နှုန်းငွေသွင်းထားရန် လွှတ်တော်ကဆုံးဖြတ်ခဲ့ကြောင်း၊ အစိုးရ ၏ သတ်မှတ်ချက်နှင့် လုပ်ငန်းရှင်များ၏လိုလား ချက်အကြား ကွာခြားချက် ဖြစ်ပေါ်ရခြင်းမှာ မြန်မာ နိုင်ငံတွင် စီမံကိန်းချေးငွေစနစ်မရှိသောကြောင့် ဖြစ်ကြောင်း ၎င်းကပြောသည်။ 

ကွန်ဒိုမီနီယံ ဥပဒေထွက်ပေါ်လာပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံခန့်ခွဲမှု ကော်မတီ များကို ဖွဲ့စည်းပြီးဖြစ်ကာ ဥပဒေအရ အကျုံးဝင် သည့်ဆောက်ပြီးသားကွန်ဒိုမီနီယံများသည် မှတ်ပုံ တင်လုပ်ခွင့်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက နိုင်ငံခြားသားများကို ကွန်ဒိုအခန်းများ၏ ရာခိုင် နှုန်း ၄ဝ ကို ရောင်းချခွင့်ရမည်ဖြစ်သည်။ ကွန်ဒိုမီနီယံဥပဒေသည် အထူးဥပဒေဖြစ်ကာ အထူးတံဆိပ်ခေါင်းခွန်၊ အထူးအခွန်များဖြင့် ဖြေလျော့မှုများလုပ်ပေးကာ ကွန်ဒိုဈေးကွက်ကို ဖော်ဆောင်သင့်ကြောင်း လျှော့ပေါ့ပေးရေးလုပ်ငန်း စဉ်များကို နှစ်နှစ်၊ သုံးနှစ်ခန့်ဆောင်ရွက်ပေးမှ သာ ရပ်ဆိုင်းလုနီးပါးဖြစ်နေသော ဆောက်လုပ်ရေး လောကတစ်ခုကို ပြန်လည်လည်ပတ်စေမည်ဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။


Credit: Democracytoday

 

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection