Accessibility Tools

 

မြေအမည်ပေါက်ဖြစ်သူထံမှ မြေကိုအဆင့်ဆင့်ဝယ်ယူထားခဲ့ကြပြီး မိမိတို့အမည်ပြောင်းခြင်းမပြုပဲ ကိုယ်စားလှယ်လွှဲစာပါဝါ (SP/GP) ယူထားပြီးနေခြင်းမှာ အမည်ပြောင်းလျှင် အခွန်ပေးဆောင်ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်လိုခြင်း မရှိသည့်အတွက် ပါဝါကိုင်၍ အခွန်ရှောင်နေကြခြင်းဖြစ်သည်။


မြေအမည်ပေါက် ကွယ်လွန်လျှင် ကိုယ်စားလှယ်ပါဝါ အလိုအလျောက်ပျက်ပြယ်ပါပြီ။ မြေအမည်ပေါက် ကွယ်လွန်သွားသဖြင့် ၎င်းအမည်ပေါက်က လွှဲအပ်ထားသော ပါဝါ အသုံးမပြုလိုက်ရခင်ကို ပျက်ပြယ်သွားပြီဖြစ်သည့်အတွက် နောက်ဆုံးဝယ်ယူထားသူအတွက် ရှေ့ဆက်အစီအစဉ်အဖြစ် အမည်ပြောင်းခြင်း လုပ်ငန်းရပ်တန့် သွားပြီဖြစ်ပါတယ်။


ဝယ်သူအမည်ပြောင်းနိုင်ဖို့ရာ ဥပဒေနှင့်ညီသော အခြားနည်းလမ်းများရှာဖွေရပါပြီ။ ထိုသို့ပါဝါပျက်ပြယ်သွားပြီဆိုပါက မြေအမည်ပေါက်သူ၏ မိသားစုကို ရှာဖွေစုံစမ်း၍ အကူအညီတောင်းပြီး ဝယ်သူအား အမည်ပြောင်းပေးရန် ဆောင်ရွက်ခိုင်းမည်လား။ ဒါမှမဟုတ် အမည်ပေါက်မိသားစုကို ရှာမရတဲ့အဆုံး တရားရုံးကပဲ မြေနှင့်အိမ်အရောင်းအဝယ်ကတိစာချုပ် မှတ်ပုံတင်ချုပ်ဆိုပေးစေလိုမှုဖြင့် တရားပြိုင်အဖြစ် တရားစွဲဆိုခြင်းဆောင်ရွက်မည်လား စသဖြင့် နည်းအမျိုးမျိုး စဉ်းစားကာ ခေါင်းခဲရတော့မည်ဖြစ်သည်။


သို့ဖြစ်ရာ မြေအမည်ပေါက်ရှိစဉ်က ပါဝါယူထားပြီးသည်ကို လုံ့လ၊ ဝီရိယ အားစိုက်ကာ ကြိုးစားပြီး အမည်ပြောင်းထားခဲ့လျှင် အထက်အပိုဒ်တွေမှာ ဖော်ပြထားတဲ့ အခက်အခဲအရှုပ်အထွေးတွေ မရင်ဆိုင်ရပဲ မြေပိုင်ဆိုင်မှုနှင့်ပက်သက်ပြီး ရောင်းချလိုကဖြစ်စေ၊ မိမိလက်ဝယ်ထားလိုကဖြစ်စေ၊ အဆင်ပြေ ချောမွေ့မှာ ဖြစ်တဲ့အတွက် ယခုလို ပါဝါရယူထားပြီး အမည်ပြောင်းမဆောင်ရွက်ထားပါက အစမကောင်း၊ အနှောင်း မသေချာဆိုသလို နောင်ရေးအတွက် ဖြေရှင်းမရဖြစ်တတ်ပါကြောင်း ဗဟုသုတဖြစ်စေရန် ဖော်ပြလိုက်ပါသည်။

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection