Accessibility Tools

Property ownership

တနေ့က အိမ်ခြံမြေ ဝယ်ယူထားတဲ့သူတစ်ယောက် လက်ဝယ် ၁၀နှစ်ပိုင်ဆိုင်ပြီးမှ ဥပဒေအရ အမှုရှုံးလို့ ပိုင်ပြီးသားပစ္စည်း ဆုံးရှုံးလိုက်ရတဲ့ ကိစ္စ တစ်ခု fb ပေါ်မှာတွေ့လိုက်ရတယ်။

သူတို့ ဖြစ်ခဲ့တဲ့ ကိစ္စကို အတိုချုပ်ပြောရရင် အရပ်စာချုပ် ချုပ် ၊ မြေကွက် နဲ့ စာရွက်စာတမ်း လက်ရောက်ရယူထားပေမယ့် ပိုင်ဆိုင်မှု ခိုင်မာဖို့ရာ SP သို့မဟုတ် မှတ်ပုံတင် စာချုပ်ကြီးချုပ်ပြီး နာမည်မပြောင်းထားလို့ တရားရေးအရ အမှုရှုံးရတာပါ။

 

ဒါကလည်း အိမ်ခြံမြေလောကမှာ တချို့ တချို့သောသူတွေ လုပ်နေကြ အမှားတစ်ခုပါ။ အိမ်ခြံမြေဆိုတာ ရွှေတို့ ဒေါ်လာတို့လို အတုအစစ်ခွဲ ငွေရှင်းပြီး ကိုယ်ပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းလို့ ရတဲ့အရာမဟုတ်ပါ။

 

မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် ပိုင်ဆိုင်မှုခိုင်မာဖို့ရာ မူလပိုင်ရှင်ဆီက ကိုယ်ဝယ်တဲ့ မြေကွက်အတွက် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာSpecial Power ယူရင်ယူ။ မဟုတ်ရင် ရာဖြတ်တင် အခွန်ဆောင် ပြီး မှတ်ပုံတင်စာချုပ်ကြီးချုပ် ရပါမယ်။ အဲ့အထိ ကိုယ်ပိုင်ဖြစ်ပြီလားဆို မဖြစ်သေးပါဘူး။ စည်ပင်ရုံးမှာ ကိုယ့်အမည်ပေါက်ဖြစ်ဖို့ရာ မှတ်ပုံတင်စာချုပ်ကြီးနှင့်တကွ အခွန်ဆောင်ထားတဲ့ ပြေစာဖြတ်ပိုင်း၊ ဂရံမိတ္တူ၊ အမည်ပြောင်း မည့်သူရဲ. မှတ်ပုံတင်မိတ္တူ တို့ကိုတင်ပြပြီး ဂရံအမည်ပြောင်း ထပ်လျောက်ရပါဦးမယ်။ စည်ပင်က နာမည်ပြောင်း ရရှိတဲ့အချိန် သက်ဆိုင်ရာဂရံမှာ ကိုယ့်နာမည်ဖြည့်သွင်းပြီးတဲ့ အချိန်ရောက်မှသာ ကိုယ်ပိုင်ပစ္စည်းအဖြစ် ရောက်ရှိမှာဖြစ်ပါတယ်။

 

အခုခေတ် တချို့မြေကွက်ဝယ်ယူသူတွေ ကို သတိပေးချင်တာက သိန်းရာထောင်ချီရင်းပြီး မြေကွက်တစ်ကွက် ဝယ်ယူပြီးမှ အခွန် သိန်း ဆယ်ဂဏန်းလောက်ကို များတယ်မမြင်ဘဲ နာမည်ပြောင်း စေချင်ပါတယ်။မူရင်း စာရွက်စာတမ်း လက်ရောက်ရယူထားတာ ဘယ်လောက်ပဲကြာကြာ နာမည်မပြောင်းထားရင် မူလပိုင်ရှင် ရဲ့ ပိုင်ဆိုင်မှုပါပဲ။

 

မသမာတဲ့ မူလပိုင်ရှင်ဟာ အပျောက်၊အပျက်ပြန်လျောက်ပြီး ဂရံအသစ်ထပ်မံ ထုတ်ယူလို့ရသလို၊ SP ယူထားပြီး နာမည်ပြောင်းမလျောက်မိတဲ့အခါမူလပိုင်ရှင် တေသွားခဲ့ရင်တောင် သားသမီး၊ဇနီး တွေက အမွေဆက်ခံခွင့် နဲ့ ဆက်ပြီး အမှုလုပ်လို့ရပါသေးတယ်။

 

အဲ့ဒါကြောင့် အိမ်ခြံမြေ တိုက်ခန်း ဝယ်ယူသူများအနေနဲ့ ဥပဒေအကြောင်းအရ တရားဝင် ပိုင်ဆိုင်မှုခိုင်မာဖို့ရာ အဝယ် ကိစ္စပြီးတာနဲ့ဆက်လက်ဆောင်ရွက်ကြပါလို့ အကြံပြုရေးသားလိုက်ရပါတယ်။ မြန်မာပြည်သူ ပြည်သားများလုံး လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

 

Credit : Original writer

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection