
အလုပ်အကိုင်လေး အဆင်ပြေလာကြတဲ့အတဲ့အခါမှာ-ရွှေငွေ လက်ဝတ်ရတနာအတုံးအခဲ-စတာတွေစုဆောင်းကြတဲ့သူတွေ ရှိသလို-မြေကို ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများကလည်း မြေကို နိုင်သလောက် ဝယ်ကြပါတယ်။စုဆောင်းသူတွေအတွက်တော့- ငွေကြေးဆိုတဲ့ ကျပ်ငွေအစား-ဖောင်းပွမှုကို ကာကွယ်နိုင်အောင်- တန်ဖိုးနှင့်ကိုက်ညီနိုင်တဲ့-ပစ္စည်းကို ပြောင်းလဲထားကြတာတွေ့ရပါတယ်။
ရွှေ ဆိုတဲ့အရာကတော့ ငွေလိုတဲ့အခါ အမြန်ငွေဖေါ်နိုင်သလို မြေကတော့ ငွေအရေးတကြီးလိုအပ်တဲ့အခါမှာ ကြန့်ကြာမှု ရှိနိုင်တာလူတိုင်းအသိပါပဲ။နေရာမကောင်းရင် ပိုပြီး ကြန့်ကြာ နိုင်ပါတယ်။ တခါတလေ အရေးပေါ် ရောင်းကြရတဲ့အခါမှာတောင် ရှုံးချင်ရှုံးနိုင်ပါသေးတယ်..။
မြေဆိုတာကတော့ရောင်းတဲ့အခါမှာ စိတ်ရှည်ရှည် ထားပြီး.ရောင်းနိုင်လေ ပိုပြီးအကျိုးအမြတ်ရတယ်ဆိုတာထက်-ဖောင်းပွလာနိုင်တဲ့ငွေကြေးကို ပိုပြီး အကာ အကွယ်ပေးနိုင်တာသေချာပါတယ်။ဘယ်အချိန် ဖြစ်ဖြစ် မြတ်တယ်ဆိုတာထက် ငွေကြေးတန်ဖိုးကို ကာကွယ်ပေးနိုင်တာ ဆိုရင်လည်း မှားမည်မဟုတ်။
ငွေကြေးဆိုတာ-ကြာလေ တန်ဖိုးကျလေ..မို့ ကျပ်ငွေကို ကြာကြာ ကိုင်မထားဘဲပစ္စည်းကိုပြောင်းလဲထားကြတဲ့သူတွေအတွက်တော့- ထားတဲ့ပစ္စည်းပေါ်မှာ ပိုပြီး ထိထိ ရောက်ရောက် အကျိုးရှိတယ်လို့လည်း ဆိုနိုင်ပါသေးတယ်။
ဖြစ်ပျက်ခဲ့ဖူးတဲ့ အချိန်ကာလနှင့် မဖြစ်ခင်ကာလတွေကိုကြိုတင်ခန့်မှန်းကြည့်နိုင်သူ တွက်ဆနိုင်သူတွေကတော့.ကျပ်ငွေအစား-မြေကို နိုင်သလောက် ထားကြတာတွေ့ရပါတယ်။ဒါကတော့ လက်ထဲမှာ ငွေပိုငွေလျှံရှိသူများသာ လုပ်နိုင်တဲ့ ရင်းနှီးလုပ်ကိုင်ကြတဲ့အလုပ်မျိုးပါပဲ။
ဖောင်းပွလာတဲ့ ဒဏ်ကိုခံနိုင်ဖို့အတွက်
ထားရင် ထားသလောက်-ကာကွယ်ပေးတယ်ဆိုတာ မြေနှင့် ရွှေ ပါပဲ....။ အဲဒီအထဲကမှ..နှစ်ကာလ အကြာဆုံး အောင်းထားနိုင်သူများကတော့ မြေကို ဦးစားပေးရွေးချယ်ကြပါတယ်။ မြေကို ရွေးချယ်လိုက်တဲ့သူတွေ အများစုဟာ-ဘယ်ခေတ် ဘယ်ကာလ ပဲ ရောက်ရောက် စင်ပေါ်က ဆိုတဲ့သူတွေပါပဲ။ ချမ်းသာ တဲ့သူတွေ ငွေရှိသူတွေ လို့ပဲ ဆိုနိုင်ပါတယ်။
ရွှေကတော့ တစ်ကျပ်သား ဝယ်ထားပြီး- တစ်ကျပ်သားကို ပြန်ရောင်းလိုက်တဲ့အခါ ရလာတာငွေကြေးဟာ တစ်ကျပ်သားဖိုးပါပဲ၊ သို့သော် ဖောင်းပွလာတဲ့ငွေကြေးကိုတော့ အကာကွယ်ရလိုက်ပါတယ်..။အရင်တုန်းက မဝယ်ခဲ့ မစုခဲ့ရင်တော့ တစ်ကျပ်သား မရနိုင်တော့တာ အသေအချာပါပဲ။
ဒါကြောင့် ရွှေနှင့်မြေ နှစ်ခု ယှဉ်လာတဲ့အခါမှာ- နှစ်ခုစလုံး ကောင်းသော်လည်း-မြေကို ဦးစားပေးနိုင်ရင် ပိုပြီး ကောင်းပါတယ်။သား၊သမီး၊မြေးတွေ ကောင်းစားဖို့ ကြိုတင်ပြင်ဆင်ရာမှာ မြေ ပိုင်သူတွေဟာ အနာဂါတ်ပိုမိုကောင်းမွန်ကြောင်း တွေ့ရပါတယ်။...
အနာဂါတ်အတွက် ပြင်ဆင်မယ်ဆိုရင်-မြေကို ဦးစားပေးပြီး ရင်းနှီးမြှုပ်နှံ့မှုလုပ်တာအကောင်းဆုံးပါ-အနာဂါတ်တွေ ကောင်းဖို့ အတွက်ဆို- မြေကို ဝယ်ထား မမှားဘူး လို့ အကြံပြုလိုက်ပါတယ်....။
အားလုံးကျန်းမာချမ်းသာကြပါစေ။
Credit : MKK Business group




