
ဂရန်သက်တမ်းတိုးလျှောက်ထားခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာရေးနယ်နိမိတ်အတွင်းနေထိုင်သူဖြစ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရပါမည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဝဘ်ဆိုဒ်တွင် အွန်လိုင်းမှ လည်းလျှောက်ထားနိုင်ပါသည်။ အွန်လိုင်းမှ လျှောက်မည်ဆိုပါက စာရွက်စာတမ်းအထောက် အထားများ ကို ပီဒီအက်ဖ် ဖိုင်လုပ်ပေးရပါသည်။
အောက်ပါစာရွက်စာတမ်း အထောက်အထားတို့ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်။
(၁) လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း မိတ္တူ ( ဂရန်အမည်ပေါက်သူကိုယ်တိုင်လျှောက်လျှင် ပိုမြန်ပါသည်။)
(၂) မူရင်းမြေဂရန် နှင့် ပူးတွဲပါမြေပုံ
(၃) ပိုင်ဆိုင်ကြောင်း အထောက်အထားဆက်စပ်စာချုပ်များ
(၄) မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်( နောက်ဆုံးလမြေခွန်ပြေစာမိတ္တူ)
(၅) ရပ်ကွက်အတူနေနှစ်ဦး၏ထောက်ခံချက်
(၆) ပြင်ဆင်သတ်မှတ်သည့်မြေငှားခကိုပေးဆောင်နိုင်ကြောင်း ဝန်ခံချက်၊
(၇) မြေငှားစာချုပ်ပါ စည်းကမ်းချက်တို့ကို လိုက်နာနိုင်ကြောင်း ဝန်ခံချက်တို့ဖြစ်သည်။
ဌာနမှ ကြေငြာစာ(၂) စောင်ထုတ်ပေးသည့်အခါတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့တွင် သတ်မှတ်ရက်အတိုင်းကပ်ထားပေးရပါမည်။ မြေရာဇဝင်တွင် ကန့်သတ်ချက်မရှိပါက အမှုတွဲအားဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပြီးဂရန်သက်တမ်းထပ်မံတိုးမြှင့်ပေးမည်ဖြစ်ပါသည်။
မြေပုံကူးလျှောက်ထားခြင်း
မြေငှားစာချုပ် ဂရန် လျှောက်ထားခြင်း
အိမ်တိုင်ရာရောက်ဝန်ဆောင်မှုအားနှုန်းထားသတ်မှတ်ခြင်း
မြေပုံကူးဝန်ဆောင်ခများနှင့်ကြာမြှင့်ချိန်
အမည်ပြောင်းအမှုတွဲများစာရင်း
စသည်တို့နှင့်ပတ်သက်သော နှုန်းထားများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
အုပ်စု(၁)ဒလ၊ ဆိပ်တို၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ(အရှေ၊ ဆိပ်ကမ်း၊ တောင်၊ မြောက်)၊ မင်္ဂလာဒုံ
၁၀၀၀၀
အုပ်စု(၂)အင်းစိန်၊ မြောက်ဉက္ကလာ၊ တောင်ဉက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ကြည့်မြင်တိုင်၊ အလ
၂၀၀၀၀
အုပ်စု(၃)ကမာရွတ်၊မရမ်းကုန်း၊ လှိုင်၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ စမ်းချောင်း
လမ်းမတော်၊ ပန်းပဲတန်း၊ လသာ၊ ကျောက်တံတား၊ ဒဂုံ၊ ဗဟန်း၊ ဆိပ်ကမ်း၊ ရန်ကင်း
၃၀၀၀၀
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားနိုင်သော လျှောက်လွှာ အမျိုးအစားတို့မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
မြေပုံကူး
မြေတိုင်း
အမည်ပြောင်း
ဂရန်သစ်
ဂရန်မိတ္တူ
ဂရန်ခွဲ
ဂရန်သက်တမ်းတိုး
၃ (က) လက်မှတ်
အတည်ပြု / တိုင်းခွဲ
အမည်ပေါက်မှန် မမှန် စိစစ်ခြင်း
လိုင်စင်သက်တမ်းတိုး
မြေချပါမစ်
မြေကွက်ခွဲစိတ် / ပေါင်းစည်း
မြေခွန်/ မြေငှားခစည်းကြပ်
မြေခွန် /မြေငှားခ ပြင်ဆင် တို့ဖြစ်ကြပါသည်။ လျှောက်လွှာပုံစံများကို ဝဘ်ဆိုဒ်တွင် တင်ထားပြီးဖြစ်၍ အလွယ်တကူလျှောက်ထားနိုင်ပါကြောင်း မျှဝေအပ်ပါသည်။
Credit : ဆရာကြီးမိုးထက်




