
၁၇% ပေးဆောင်မှ အမည်ပြောင်းလို့ရမယ့် မြေအကြောင်း
မြေအမျိုးအစား အမျိုးမျိုးရှိကြတဲ့အနက် ရောင်းလို့ရတဲ့မြေရှိသလို ၊ လက်ရှိမူဝါဒ အရလူနေခွင့်ပဲပြုပြီးပြန်ရောင်းခွင့်မရှိတဲမြေလည်းရှိပါတယ်။
ဥပမာ- စလစ်မြေ၊ပါမစ်မြေ ဆိုရင်ချထားပေးခြင်းခံရသူယာယီနေထိုင်ဖို့ နေထိုင်ခွင့်ခြချထားပေးတဲ့မြေအမျိုးအစားပါ။ဒါပေမယ့် ယာယီမှ သားစဉ်မြေးဆက် နေထိုင်ဖို့ ဂရန်မြေအဖြစ်ပြောင်းခွင့်ပြုထားတဲ့မြေအမျိုးအစားပဲဖြစ်ပါတယ်။
မြေအမည်ပေါက် ဖို့ဆိုရင် ဂရန်မြေ ဘိုးဘပိုင်မြေ ဖြစ်ဖို့လိုပါတယ်။
ပေ ၄၀ ၆၀ ဂရန်မြေကွက်ထဲက ပေ ၂၀ ၆၀ ခွဲဝယ်မယ်ဆိုရင် ရာဖြတ်နူန်းအရ တစ်စတုရန်းပေ ၁၀၀၀၀၀ ဖြတ်တယ်ဆိုရင် ၂၀ x ၆၀ =၁၂၀၀ စတုရန်းပေအတွက် သိန်း ၁၂၀၀ ရာဖြတ်နူန်းထွက်တယ် အဲ့ထဲက ရောင်းသူက ရောင်းခွန် ၁၀% အတွက်သိန်း ၁၂၀ ဆောင်ရပြီး ဝယ်သူက ၇% အတွက် ၈၄ သိန်း ဆောင်ရပါတယ်။
အရင်ဝယ်ထားသူ အမည်ပြောင်းချင်ရင် တဦးထဲ ၁၇ % ဆောင်ရပါမယ်။
အဲ့လို အခွန်ဆောင်ပြီးပြီဆိုမှ မှတ်ပုံတင်ရုံးမှာ မြေအမည်ပေါက် ဒါမှမဟုတ် အမွေဆက်ခံသူမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ် ၊ စာချုပ်ရရင်မှ စည်ပင်မှာ အမည်ပြောင်းရပါမယ်။
အဲ့လိုမဟုတ်ပဲ အခွန်မဆောင်ထားဘဲ ရိုးရိုးအရပ်စာချုပ်နဲ့ပဲဝယ်ထားတယ်ဆိုရင်တော့် ရိုးရိုးအရပ်စာချုပ်နဲ့ အမည်ပြောင်းလို့မရပါကြောင်းဖော်ပြပေးလိုက်ရပါတယ်။
Credit : Original uploader




