Accessibility Tools

×

Notice

Please login

steps rename lease land 

 

- ဂရန်အမည်ပေါက်သူထံက
တိုက်ရိုက်ဝယ်မယ်ဆိုရင် ရောင်းသူ (ဂရန်အမည်ပေါက်သူ)က ၄၆လမ်း ( မြေယာဌာန) မှာ အရောင်း
အဝယ်စာချုပ် ချုပ်ဆိုရန် မြေပုံ/မြေရာဇဝင်
ကူးပေးရပါမယ်။

- မြေပုံ/မြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

- အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကွက် ဓါတ်ပုံတွေနဲ့အတူ အရောင်းအဝယ်ကတိစာချုပ်မိတ္တူ၊ ရောင်းသူ/
ဝယ်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ၊ မြေပုံမြေရာဇဝင်၊ ဂရန်မိတ္တူ ​(၃)စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (အခွန်
ဦးစီးဌာန)မှာ ကာလတန်ဖိုး သတ်မှတ်ပေးရန် တင်ပြရပါမယ်။

- သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

- အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူအနေဖြင့် သတ်မှတ်ထားသည့် ဝင်ငွေခွန် ထမ်းဆောင်ရပါမယ်။
ထို့နောက်တွင်မှ ရောင်းသူမှ ရောင်းခွန် သွားရောက်ထမ်းဆောင်ရပါမည်။

- နောက်တစ်ဆင့်အနေနဲ့ တံဆိပ်ခေါင်းခွန် ၄% ကိုထပ်မံ ထမ်းဆောင်ပြီးပါက တံဆိပ်ခေါင်းများ ရရှိလာမှာ ဖြစ်ပါတယ်။

 

- အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေများ ကို မိမိ ဝယ်ယူထားသည့်မြေကွက်တည်ရှိရာ
​​မြန်မာ့စီးပွါးရေးဘဏ် မှာ သွားရောက်ငွေသွင်းရပါတယ်။

မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီးဌာနကို အကြောင်းကြားပါတယ်။

တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။ ဖုန်းဆက်ပြီးလည်းအကြောင်းကြားတတ်ပါတယ်။

- ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။

ဝယ်သူနဲ့ သက်သေ နှစ်ဦးလက်မှတ်ရေး ထိုးရပါတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေး(၀.၅%)ပေးသွင်းရပါတယ်။

- မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး ( ၂ )ပတ်ကြာရင်တော့ မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ။

ဤအဆင့်တွင် မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုခြင်းပြီးမြောက်ပါသည်။
ဆက်လက်ပြီးမိမိ အမည်ပေါက်ဆက်ပြောင်းလိုတယ်ဆိုလျှင်တော့ အောက်ပါအတိုင်းဆက်လက်ဆောင်ရွက်ဖို့လိုပါတယ်။

- စာချုပ်ကြီး ထုတ်ယူပြီးရင်တော့ ၄၆လမ်းရုံးရှိ မြေယာဌာနမှာ အမည်ပြောင်းရန် အတွက် အမှုတွဲ
ဖွင့်ပြီး အမည်ပြောင်းခ နှင့်အစရှိသည့်ပေးသွင်းငွေများကို ပေးသွင်းရပါမယ်။ အမှုတွဲဖွင့်ထားပြီး အချိန်အနည်းငယ် စောင့်ဆိုင်းပြီးရင် ဂရန်အမည်ပြောင်းသည့်အဆင့်ပြီးမြောက်ပါသည်။

Credit : ဒေါ်မေသူ@ဒေါ်သက်ဝေအောင် (အထက်တန်းရှေ့နေ)

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection