Accessibility Tools

×

Notice

Please login

 

 

မန္တလေးတိုင်းဒေသကြီးမြို.နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မြေအရောင်းအဝယ်ကိစ္စများတွင် ဝင်ရောက်လုပ်ကိုင်နေမှု
များကြောင့်မလိုလာအပ်သည့် ပြဿနာများ ဖြစ်ပေါ်နေသည့်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မြေယာအရောင်းအဝယ်လုပ်
ငန်းများတွင် ဝင်ရောက်လုပ်ဆောင်ခြင်းမပြုလုပ်ရန် မြို.နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနက တရားဝင် စာထုတ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

 

 မန္တလေးခရိုင် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၏ ညွန်ကြားချက်ဖြင့် ဖေဖော်ဝါရီ (၇)ရက်တွင်မြို.နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံသို.
တရားဝင်စာထုတ် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“အခုလို မြို.နယ်ကနေ မြေယာအရောင်းအဝယ်ကိစ္စနဲ. ပတ်သက်ပြီးတော့ ကျွန်တော်တို.ရပ်ကွက်တွေမှာ ဘယ်လိုပြဿနာမှမရှိသလို အရောင်းအဝယ်
လဲ မဖြစ်ကြဘူး၊ မြို.သစ် အရှေ.ခြမ်းနေရာတွေမှာဆိုရင်တော့ မြေအရောင်းအဝယ်တွေ ဖြစ်တာမျိုးရှိတယ်၊ ဒီလိုစာထွက်ပေးတော့ လုပ်ရကိုင်ရတာလဲ
အဆင်ပြေလာသလို ပြဿနာလဲမရှိနိုင်ဘူးပေါ့” ဟု မြို.သစ်အမှတ် (၃) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းက ပြောပြသည်။


အဆိုပါ ကိစ္စနှင့်ပတ်သက်၍ရပ်ကွက်၊ ကျေးရွာအုပ်ချူပ်ရေးမှူးများအနေဖြင့် နိုင်ငံတော်အစိုးရ၏ စီမံကိန်းဆောင်ရွက်မှုများနှင့် တိုင်းဒေသကြီးမှ ဆောင်ရွက်လျက်ရှိသည့်
စီမံကိန်းလုပ်ငန်းများမှ လွဲ၍မြေယာအရောင်းအဝယ် ကိစ္စများထောက်ခံပေးခြင်း၊ အသိသက်သေဆောင်ရွက်မှုများနှင့် အရောင်းအဝယ်များတွင် လတ်မှတ်ထိုးပေးခြင်းများ
မပြုလုပ်ရန်နှင့် လိုက်နာမှုမရှိပါက တာဝန်မှရပ်နားခံရမည့်အပြင် ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနက
ထုတ်ပြန်ထားကြောင်းသိရသည်။

 

Credit : MMK

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection