Accessibility Tools

 

သန်လျင်မြို့နယ်ရှိStar City ၊ City Loft အိမ်ရာစီမံကိန်းတိုက်ခန်းများကို အနည်းဆုံးကျပ်သိန်း ၄၂၀ ဖြင့် စတင်ရောင်းချနေသည်ဟု FMI ကုမ္ပဏီအုပ်စု လက်အောက်ခံကုမ္ပဏီ Yoma Land က ဇန်နဝါရီ ၁၉ ရက်တွင် ကြေ ညာသည်။

 

 အဆိုပါအိမ်ရာစီမံကိန်းကို လူလတ်တန်းစားများအတွက် ရည်ရွယ်၍ Star City အိမ်ရာဝင်း ရှိ မြေ ၂၂ ဧကတွင် တည် ဆောက်မည်ဖြစ်ပြီး စီမံကိန်းကို ဇန်နဝါရီ ၁၉ ရက်က စတင်ခဲ့ သည်။

 ‘‘အခုလို စတင်ရောင်းချ လိုက်တဲ့အတွက် သမားရိုးကျ အိမ်ခြံမြေဈေးကွက်ကို လက် လှမ်းမမီနိုင်သူတွေအတွက် ပိုမို လွယ်ကူစွာဝယ်ယူနိုင်စေဖို့ ရည် ရွယ်ထားပါတယ်’’ ဟု FMI ကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးသိမ်းဝေက ပြောသည်။

 အိမ်ရာစီမံကိန်းမှ တိုက်ခန်း များသည် အနည်းဆုံးကျပ်သိန်း ၄၂၀ မှ အမြင့်ဆုံး ကျပ်သိန်း ၁,၆၀၀ အထိဈေးရှိပြီး အိမ်ရာ ဝယ်ယူသူများကို ပထမအဆင့် ၂၀၂၀ တွင် တိုက်ခန်းများအပ်နံှ မည်ဟု ကုမ္ပဏီကဆိုသည်။

 ဝယ်ယူသူများအတွက် အိမ် ရာချေးငွေချေးငှားမည်ဖြစ်ပြီး ကျ သင့်ငွေ၏ ၇၀ ရာခိုင်နှုန်းကို ၂၅ နှစ်အရစ်ကျပေးသွင်းရမည်ဖြစ် သည်။ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ဖြစ်သည်။
အထက်ပါ စီမံကိန်းတွင် ပထမအဆင့်အပိုင်း(က)၌ အခန်း ၂၅၀ နှင့် အပိုင်း(ခ)တွင် အခန်း ၅၀၀ ပါဝင်မည်ဟု ဦးသိမ်းဝေက ပြောကြားသည်။
တိုက်ခန်းများဆောက်လုပ် ခြင်းကို A-1 ဆောက်လုပ်ရေး ကုမ္ပဏီက ကန်ထရိုက်ယူဆောက် လုပ်ခြင်းဖြစ်သည်။

 အခန်းဝယ်ယူရာတွင် ပထမ ဆုံးသဘောတူညီမှုအရ အခန်း ခ၏ ၁၀ ရာခိုင်နှုန်းကို စတင်ပေး သွင်းရပြီး တစ်နှစ်ကြာလျှင် နောက်ထပ် ၁၀ ရာခိုင်နှုန်းနှင့် အခန်းအပ်ပါက ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။ ကျန် ၇၀ ရာခိုင်နှုန်းကို အရစ်ကျပေး သွင်းရမည်ဟု တိုက်ခန်းဝယ်ယူ သူ ဦးအေးထွန်းကဆိုသည်။

 FMI ကုမ္ပဏီသည် Yomaland ကုမ္ပဏီ အမည်ဖြင့် သန်လျင်မြို့နယ်ရှိ မြေ ၁၃၅ ဧက တွင် ကြယ်စင်အိမ်ရာကို လူနေ အိမ်အခန်းတစ်သောင်းဖော်ထုတ် နေသည်။
ထို့အပြင် လှိုင်သာယာ၌ ပန်းလှိုင်အိမ်ရာနှင့် ရန်ကုန် မြို့လယ်မီးရထားရုံး နေရာတွင် The Peninsular Yangon အမည်ဖြင့် တည်ဆောက်နေသည်။


Credit : 7daydaily

Photo : FMI 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection