Accessibility Tools

×

Notice

Please login

 

တိုက်ခန်းအိမ်ရာဥပဒေသစ်တွင် ပိုင်ဆိုင်မှုစာအုပ်များ ထုတ်ပေးမည့်အပြင် ဘဏ်တွင်အပေါင်ပစ္စည်းအဖြစ် ထားရှိလာနိုင်မည်ဖြစ်ကြောင်း MKT ဆောက်လုပ်ရေးပိုင်ရှင် ဦးမျိုးမြင့် ပြောပြချက်အရ သိရသည်။

 

အိမ်ရာဥပဒေသစ်မှာ ပြည်ထောင်စုအဆင့်တွင် ပြည်သူ့လွှတ်တော်သို့ ရောက်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးအဆင့်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ မကြာခင် တင်ပြမည်ဖြစ်ကြောင်း သိရသည်။

“အခုကတော့ သိန်း ၁၀၀၀၊ ၁၅၀၀ အခန်းတွေ အရောင်းအဝယ် ပြန်ဖြစ်နေတယ်။ ပိုင်ဆိုင်မှုကတော့ ခိုင်မာဖို့ လိုချင်ကြတာပေါ့။ လတ်တလောက အရပ်စာချုပ်နဲ့ မှတ်ပုံတင်ထားတာပဲရှိတာလေ။ ဒါပေမဲ့ ကွန်ဒိုမီနီယံဥပဒေထွက်လာတော့ ဈေးကွက်က ပြန်ဖြစ်လာတယ်။ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး ဝယ်လာတဲ့သူတွေလည်း ရှိတယ်။ အခုဆိုရင် တိုက်ခန်းအိမ်ရာဥပဒေက ပြည်ထောင်စုအဆင့်မှာဆိုရင် ပြည်သူ့လွှတ်တော်ရောက်နေပြီ။ ရန်ကုန်တိုင်းဒေသကြီးအဆင့်ကတော့ အခု ရေးနေပြီ။ သုံးလေးခါ အစည်းအဝေးတွေလည်း လုပ်ပြီးပြီ။ မကြာခင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို တင်မယ်။ ဒီဥပဒေတွေ ထွက်လာရင်တော့ မောင်ဖြူဆို မောင်ဖြူ သူဝယ်ထားတဲ့နာမည်နဲ့ စာအုပ်ထွက်လာမယ်။ သူပိုင်ဆိုင်တယ်။ အရောင်းကြီးကြပ်ရေးအဖွဲ့ ဆိုတာလည်း ပါလာမယ်။ နောက်လိုအပ်ရင် ဘဏ်မှာပေါင်လို့လည်း ရမယ်။ ပိုင်ဆိုင်မှု ခိုင်မာလာမယ့်သဘောပေါ့’’ ဟု MKT ဆောက်လုပ်ရေးပိုင်ရှင် ဦးမျိုးမြင့်က ပြောသည်။

ဦးမျိုးမြင့်

MKT ဆောက်လုပ်ရေးပိုင်ရှင်
ရန်ကုန်တိုင်းဒေသကြီးတွင် တိုက်ခန်းပေါင်း သိန်းနှင့်ချီရှိနေပြီး ၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း နှစ်လယ်ပိုင်းတွင် ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် နှစ်ကုန်ပိုင်းတွင် သိန်းရာနှင့်ချီသော အခန်းများ၊ သိန်းတစ်ထောင်၊ နှစ်ထောင်အခန်းများ ပြန်လည်အရောင်းအဝယ်ဖြစ်လာကြောင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။

Credit: မင်းသီဟန်(အကုန်သိသတင်းဌာန)

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection