Accessibility Tools

×

Notice

Please login

 

ရန်ကုန်မိုးပျံအမြန်လမ်း ကို ၂၀၂၀ ဇူလိုင်က စတင်၍ သုံး နှစ်အတွင်း အပြီးဆောက်လုပ် မည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနက မေလ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက Pre-Bid Conference (အကြိုလေလံ လုပ်ငန်းများအ တွက် အစည်းအဝေး)ကို Inter-national Finance Corporation -IFC (အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း)နှင့် လုပ်ငန်းလုပ်ကိုင်ရန် အရည်အချင်းပြည့်မီ သည့် ကုမ္ပဏီနှင့် မေလ ၂ ရက်က ပြုလုပ်ခဲ့သည်။ 

ထို့အပြင် တင်ဒါယှဉ်ပြိုင်လို သည့် ကုမ္ပဏီများသည် မေလ ၇ ရက်မှ ၉ ရက်အထိ ဝန်ကြီးဌာန၊ IFC တို့နှင့် သီးခြားစီတွေ့ဆုံရမည် ဟု ဝန်ကြီးဌာနကဆိုသည်။ ကုမ္ပဏီများသည် ဇွန်လတွင် အဆိုပါစီမံကိန်းအတွက် အဆိုပြုလွှာစတင်တင်သွင်းရမည် ဖြစ်သည်။

 ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းတစ်ခုလုံးတွင် ရန်ကုန်မြို့ တွင်းပတ်လမ်းနှင့် မြို့ပြင်ပတ် လမ်းဟူ၍ နှစ်ပိုင်းရှိပြီး မြို့တွင်း ပတ်လမ်းသည် စုစုပေါင်း ၅၄ ကီလိုမီတာနှင့် မြို့ပြင်ပတ်လမ်းမှာ ၁၂၄ ကီလိုမီတာဖြစ်သည်။ မြို့တွင်းပတ်လမ်းအတွင်း လမ်းကို အပိုင်း(က)နှင့်(ခ)ဟူ၍ နှစ်ပိုင်း ထပ်မံခွဲထားပြီး ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှုဇုန်အထိ ပတ်လမ်းဖြစ်သည်။

 အပိုင်း(က)တွင် ရန်ကုန်မြို့တွင်း ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှုဇုန်အထိအပြင် ရန်ကုန်၊ မန္တလေး ချိတ်ဆက်မည့် ၁၅ ကီလို မီတာလမ်းပိုင်းပါ ပါဝင်သည်။ အပိုင်း(ခ)သည် ရန်ကုန်မြို့တွင်းမှ ရန်ကုန်အနောက်ဘက်ခြမ်းကို ပတ်၍ အပိုင်း(က)ကို မင်္ဂလာဒုံ စက်မှုဇုန်၌ ချိတ်ဆက်ရန်ဖြစ်သည်။ 

မိုးပျံအမြန်လမ်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ပူးပေါင်းပြီး Public Private Partnership (PPP) အစီအစဉ် ဖြင့် အကောင်အထည်ဖော်ရန်ဖြစ် သည်။ ထိုသို့ အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီး ဌာနက IFC ကို အကြံပေးအဖွဲ့ ငှားထားပြီး IFC က တင်ဒါရွေးချယ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲမည့်အပိုင်းဆောင်ရွက်မည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့် က ပြောကြားသည်။


Credit: 7Daydaily

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
ရက်ကွက်သန်.၊ နေရာကောင်း မြေကွက်ရောင်းမည်
LandHmawbi
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection