Accessibility Tools

form7-rename

ပုံစံ (၇) ရပြီးတဲ့ လယ်ယာမြေကို ရောင်းဝယ် ပြီးရင် ဝယ်သူအမည်ပေါက် ပုံစံ (၇) မှာ အမည်ပြောင်းလို့ ရပါပြီ။ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်ခွင့် ပြုရန် ဥပဒေပုဒ်မ ၁၈ အရ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် လယ်ယာမြေ တန်ဖိုးကို ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထား ဖြစ်စေရေး အတွက် သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အား ခန့်အပ်တာဝန်ပေးအပ် လိုက်ပါသည်။

 

မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေတန်ဖိုးကို ဒေသန္တရ အခြေအနေနှင့် ဆီလျော်သော နှုန်းထားဖြစ်စေရေးအတွက် လယ်ယာမြေ တည်ရှိရာ ရပ်ကွက်ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က အဆိုပြုတင်ပြလာသော လယ်ယာမြေများ၏ တစ်ဧကပေါက်ဈေး နှုန်းထားအား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များသည် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ရသူက လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် ငှါးရမ်းခြင်းတို့ကို ဆောင်ရွက်ကြသည့် အခါတွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က စိစစ်အတည်ပြုထားသော လယ်ယာမြေ တစ်ဧက ဒေသပေါက်ဈေးနှုန်းထား များအရ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်စေပြီး ရပ်ကွက် ကျေးရွာ အုပ်စုလယ်ယာ စီမံခန့်ခွဲမှုအဖွဲ့၏ ရှေ့မှောက်တွင် စာချုပ် ချုပ်ဆိုခြင်းကို ၁-၆-၂၀၁၉ ရက်နေ့မှစ၍ ဆောင်ရွက်ပေးရန်၊ ချုပ်ဆိုထားသော စာချုပ်ကို ချုပ်ဆိုသည့် နေ့မှ ရက်ပေါင်း၁၂၀ အတွင်း မြို့နယ်သို့ တင်ပြလာပါက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီး လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် ညွှန်ကြား အပ်ပါသည်...တဲ့။ ကဲ.. ပြောင်းကြတော့ 

Credit : Myo Min Htun

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection