Accessibility Tools

ဂျပန်နိုု်င်ငံရဲ့ နာမည်ကြီး တိုယိုတာကားကုမ္ပဏီဟာ မြန်မာနိုင်ငံ သီလဝါစက်မှုဇုန်မှာ စက်ရုံလာတည်ဖု့ိ စီစဉ်နေတယ်လို့ မေလ(၂၆)ရက်နေ့ The Japan News သတင်းစာမျက်နှာမှာဖော်ပြထားပါတယ်။

 

 အဲဒီလို သီလဝါဆိပ်ကမ်းမှာ တိုယိုတာကုမ္ပဏီက စက်ရုံလာတည်မယ်ဆိုတဲ့ တရားဝင်ကြေညာချက်ဟာ အခုလမကုန်ခင်မှာ ထွက်ပေါ်လာဖို့ရှိပြီး၊ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း အခုနှစ်အတွင်းမှာပဲ စတင်ဆောင်ရွက်သွားဖို့ ရှိတယ်လို့သတင်းမှာ ရေးသားထားပါတယ်။

 မြန်မာနိုင်ငံမှာ ၂၀၁၈ခုနှစ်အတွင်းက မော်တော်ကားသစ် အစင်းရေ (၁၇၅၀၀)သာရောင်းချခဲ့ရတယ်ဆိုပေမယ့်၊ ဒီအရေအတွက်ဟာ (၂၀၁၇)ခုနှစ်မှာ ရောင်းချရတဲ့ ကားအရေအတွက်ထက် နှစ်ဆကျော်ပိုမိုများပြားလာတာဖြစ်ပါတယ်။ လက်ရှိအချိန်အခါမှာ တိုယိုတာကုမ္ပဏီဟာ မြန်မာနိုင်ငံကို တစ်နှစ်ကို ကားအစီးရေ (၂)ထောင်လောက်တင်ပို့်နေပြီး၊ မြန်မာနိုင်ငံရဲ့ ကားဈေးကွက်အလားအလာဟာ တိုးတက်ကောင်းမွန်လာဖို့ ရှိတယ်လို့ တိုယိုတာကုမ္ပဏီက ရှုမြင်နေပါတယ်။

လက်ရှိအချိန်အခါမှာ ဆူဇူကီးမော်တော်ကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စက်ရုံလာဖွင့်တဲ့ ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်ပြီး၊စက်ရုံနှစ်ရုံတည်ဆောက်ထားကာ မြန်မာနိုင်ငံမှာပဲ ဆူဇူကီးကားတွေကို တပ်ဆင်ရောင်းချ ပေးနေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ စက်ရုံလာတည်ဖို့ တိုယိုတာ ကားကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာအစိုးရက ပြည်ပရင်းနှီးမြှုုပ်နှံသူတွေ မြန်မာနိုင်ငံကို လာရောက်ဖို့ စွဲဆောင်ခဲ့တဲ့ ကြိုးပမ်းမှုတွေကြောင့်ဖြစ်ပြီး၊ တိုယိုတာကားကုမ္ပဏီကလည်း မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ်စီးပွားရေးတိုးတက်မှုအလားအလာဟာ အားကောင်းလာဖို့ ရှိတယ်လို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်ပကနေ လာရောက်ရင်းနှီးမြှုုပ်နှံနေကြတဲ့ အထင်ကရ ကားကုမ္ပဏီတွေဟာ ဆူဇူကီး၊နစ်ဆန်း၊ဟွန်ဒိုင်း၊ ဖို့ဒ်တို့ဖြစ်ကြပြီး အခြားကုမ္ပဏီတွေလည်း ရှိသေးတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။


@One News Myanmar.
Translated by : Pyae Sone

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection