ဂရန်အတု ဂရန်အစစ် အားအောက်ပါအချက်များဖြင့်ခွဲနိုင်ပါသည်

ဂရန်မျက်နှာဖုံးက သားရေအစိမ်းရင့်ပါ တွန့်ကြေခြင်းမရှိပါ ဌာနတံဆိပ်မှာ ရွှေရောင် လက်နှင့်ပွတ်ကြည့်လျင် ကြမ်းပြီး ဖောင်းကြွ ဖြစ်ပါတယ် အိုးအိမ်ဂရန် မှာ အပြာရောင်ပါ ( အတုမှာနက်ပြာရောင်သို့မဟုတ်အစိမ်းပုတ်ရောင်ဖြစ်ပြီးဌာနတံဆိပ်မှာကြမ်းမနေပါ )

 

 

 

ဌာနတံဆိပ်ရေစာ မှာအပြာနုပါ ထင်ရှားပြီး မံှုဝါးမနေ အရောင်မှာအရမ်းတောက်ပမနေပါ

 

စာအုပ်ချုပ်ထားတဲ့ချုပ်ရိုးမှာ သက်သက်ရပ်ရပ်ဖြစ်နေပြီး အပ်ပေါက်ရာနှင့်ချုပ်ထားသောချုပ်ရိုးစများအပြင်သို့ထွက်မနေပါ (အတုမှာချုပ်ထားသောကြိုးစများထွက်နေပြီးကြိုးထက်အပ်ပေါက်ရာကကြီးနေတက်ပါတယ်)

 

စာရွက်ရဲ့အသားဟာထူပြီး ချောနေပါတယ် စာရွက်ကို ထောင်ကြည့်လျှင် ရေစာသည် အရောင်ဖျော့ ပြီးပြတ်သားစွာ မြင်ရပါတယ်(အတုသည် ရေစာအားcolourprinterဖြင့်ထုတ်ထားသဖြင့်အရမ်းထင်းလွန်းပြီး စာရွတ်သားမှာ မထူပါ စာလုံးများအားပွတ်ကြည့်လျှင် အရောင်ပျက်သွားပါသည်)

 

 

မြေပုံဆွဲသည့်အခါအဝိုင်းများနှင့်မြေကွက် ဘောင်ခတ်ခြင်း အား မှင်နီဖြင့် ဆွဲပြီးလက်ရာမှာ သေသပ်ပြီး အစွန်းများထွက်မနေပါ လိုင်းများညီညာလွန်းပါတယ် စာသားအားအနက်ဖြင့် သာရေးလေ့ရှိပါတယ်(အတုမှာဘောင်လိုင်းများအစွန်းထွက်ပြီးစာသားအား မှင်ပြာဖြင့်ရေးလေ့ရှိပါတယ်)

 

ဟော်လိုဂရမ်မှာ အစစ်ရော အတုမှာပါ ပါလေ့ရှိပါတယ်

 

Google Play တွင်ဖတ်ရန် ==> https://bit.ly/342GJGa

Credit : UTZ Law Farm ( UTO )

 

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection