Accessibility Tools

သက်ဆိုင်ရာမြို.ပြစီမံကိန်းနှင့် မြေစီမံခန်.ခွဲရေးဌာနသို. အောက်ဖေါ်ပြပါ မြေအမျိုးအစားများ နှစ်(၆၀)မြေဌားဂရန် လျှောက်ထားနိုင်ပါသည်။

(၁) လိုင်စင်မြေ (သို.) ပါမစ်မြေ

တင်ပြရမည့်အထောက်အထားများ -

➢ လိုင်စင်လက်မှတ် (သို.) မြေချပါမစ် (သို.) မြေနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ။

➢ ဆက်စပ်စာချုပ်များ။

➢ နိုင်ငံသားစိစစ်ရေးကတ်။

➢ အမည်ပေါက်သူမဟုတ်က ဥပဒေနှင့်အညီ ဆက်ခံခွင့်ရှိကြောင်း တရားရုံးကျမ်းကျိန်းလွှာ။

➢ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ချမှတ်သည့် တရားရုံးအမိန်.ဒီဂရီ။

➢ အဆောက်အဦဆောက်လုပ်ပြီးကြောင်း အထောက်အထား။ (ဓာတ်ပုံ၊ ရပ်ကွက်၊ ထောက်ခံချက်)

➢ နောက်ဆုံးထမ်းဆောင်ထားသည့် မြေဌားခပြေစာ(သို.)ကြွေးကျန်ကင်းရှင်းကြောင်း မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထောက်ခံချက်။

➢ မြေကွက်အကျယ်အဝန်းမှာ မျက်နှာစာ (၂၀)ပေ နှင့် ဧရိယာ ၁၂၀၀ စတုရန်းပေ ရှိရမည်။

➢ လိုအပ်ပါက ကော်မတီ၏အတည်ပြုချက် ရယူရပါမည်။

➢ သတ်မှတ်ချက်နှင့်ကိုက်ညီက မြေဌားဂရန်စာချုပ် (၃) စောင် ပြုစု၍ အဌားချထားသူနှင့် အဌားချထားခံရသူ၊ အသိသက်သေ လက်မှတ်ရေးထိုး၍ မူရင်းတစ်စောင်၌ တံဆိပ်ခေါင်းကပ်၍ အဌားချထားခံရသူအား ထုတ်ပေးပါသည်။ ကျန်မူရင်းခွဲ (၂)စောင်ကို ဌာနတွင် မှတ်တမ်းအဖြစ် ထားရှိပါသည်။

(၂) စကွာတာမြေ

တင်ပြရမည့် အထောက်အထားများ

➢ မြေနှင့်ပက်သက်သည့် မြေဌားခ ပြေစာ၊ မြေဌား၊ ဂရန်စာချုပ်။

➢ မှတ်ပုံတင်စာချုပ်စာတမ်းများ။

➢ နိုင်ငံသားစိစစ်ရေးကတ်။

➢ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ချမှတ်သည့် တရားရုံး စီရင်ချက်အမိန်.နှင့် ဒီဂရီ။

➢ နောက်ဆုံးထမ်းဆောင်ထားသည့် မြေဌားခပြေစာ(သို.)ကြွေးကျန်ကင်းရှင်းကြောင်း မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထောက်ခံချက်။

➢ မြေကွက်အကျယ်အဝန်းမှာ မျက်နှာစာ (၂၀)ပေ နှင့် ဧရိယာ ၁၂၀၀ စတုရန်းပေ ရှိရမည်။

➢ လိုအပ်ပါက ကော်မတီ၏အတည်ပြုချက် ရယူရပါမည်။

➢ သတ်မှတ်ချက်နှင့်ကိုက်ညီက မြေဌားဂရန်စာချုပ် (၃) စောင် ပြုစု၍ အဌားချထားသူနှင့် အဌားချထားခံရသူ၊ အသိသက်သေ လက်မှတ်ရေးထိုး၍ မူရင်းတစ်စောင်၌ တံဆိပ်ခေါင်းကပ်၍ အဌားချထားခံရသူအား ထုတ်ပေးပါသည်။ ကျန်မူရင်းခွဲ (၂)စောင်ကို ဌာနတွင် မှတ်တမ်းအဖြစ် ထားရှိပါသည်။

Credit : winningland.org

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

No Internet Connection