Accessibility Tools

 

မေးမြန်းမှုကို ဒီပို့စ်နဲ့ပဲ ဖြေလိုက်တယ်

အခန်းပေး အခန်းယူ ဆောက်လုပ်မယ်ဆိုရင် ....
မြေရှင် + ကန်ထရိုက် ချိတ်ဆက်ထားမှ
( ဆောက်လုပ်ခွင့်ပါမစ် ဆိုတာ ဖြစ်လာတာပါ )


D .C - map. မြေပုံကူး/မြေတိုင်း မိမိဆောက်လုပ်မည့်
မြေ အကျယ်အဝန်းအတွက် ဘေးအိမ်တွေလက်မှတ်ထိုး
D.C map အတွက် ခရိုင်အလိုက် မြေယာ AE လက်မှတ် စုံမှ
ခန်းမ ( မြို့ တော် ခန်းမ ) D.C map အတွက် ငွေးသွင်း ရပါတယ်
သွင်းချင်တိုင်း သွင်းလို့ မရပါဘူး
တနင်္လာ - ဗုဒ္ဓဟူး - သောကြာ မနက် ၉း၀၀ ညနေ ၂း၀၀အထိပါဘဲ ငွေသွင်းပြီးမှ ၁ လအတွင်း မြေလာတိုင်းတာပါ ပြီးမှ D.C map စာရွက်ထွက်ဖို့
၄၅ ရက်လောက်ကြာပါတယ်


Proposal Drawing.မိမိ အဆောက်အဦး ပုံစံငယ် တင်ရပါတယ် အဲ့ မှာ
RSE Construction sign လက်မှတ်နဲ့ တွဲတင်ရတာပါ
YCDC ဆယ်ထပ်ရုံးမှာ ပုံစံစစ်မယ် ( ရစ်မယ် )
YCDC ခြောက်ထပ်ရုံး ကို ပို့မယ် ပုံစံ စစ်မယ် ( ရစ်မယ် )
ပြင်လိုက်တင်လိုက်နဲ့ ၄၅ ရက်လောက်ကြာပါတယ်
ပြီးရင်ပုံစံ စစ်ဆေးခအတွက်မြို့တော် စည်ပင်ဘဏ်မှာ
ငွေသွင်းခိုင်ပါတယ် ပြီးရင် ငွေသွင်း ချလန် ကို
YCDC ဆယ်ထပ်ရုံး ကိုပြန်ပို့ပေးရတယ်


အားလုံးက ထိုင်ခုံမှာဘဲ ထိုင်နေတာပါ၊ကိုယ်တိုင်ကိုယ်ကျ လိုက်လုပ်နေရတပါ
Soil Test မြေစမ်းခြင်းfoundation အတွက်
မိမိဆောက်လုပ်မည့် မြေပျော့ခြင်း မာခြင်းကို တိုင်းတာရတာပါ
မြေစမ်း ပြီး Soil Test စာအုပ်ထွက်ဖို့အတွက် အချိန် တစ်လခွဲ ကြာမြင့်ပါတယ်
RSE Structure Caculation/sign.တွက်မယ် ချက်မယ် လက်မှတ်ထိုးမယ်
နှစ်ပတ်လောက်တော့ကြာပါတယ်
RSE Construction sign.လက်မှတ်ထိုးမယ် တုန်းထုမယ်
Pile RSE Structure sign.လက်မှတ်ထိုးမယ် တုန်းထုမယ်
Pile Company signလက်မှတ်ထိုးမယ် တုန်းထုမယ်
( RSE / Pile sign စုံဖို့ အနည်းဆုံး ၁ လ ပါဘဲ )

 

မီးသတ်ထောက်ခံချက်စပြီ ကျနော်တို့ Proposal အောင်ထားတဲ့ ပုံစံကိုကြည့်မယ် မီးသတ်က သက်မှတ်ချက်အတိုင်း ပုံစံ ပြန်ဆွဲမယ်
ပြီးပြီ ဆိုရင် YCDC နဲ့ မဆိုင်ဘူးမီးသတ် ကိစ္စ ဆိုတော့ငွေကို တာမွေ
တရားရုံးနောက်က ဘဏ်မှာ မီးသတ်အတွက် ငွေသွင်းပေးရတယ်
အဲ့ချလန် ကိုတော့ ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ ပြန်တွဲပေးရတယ်
ရေ မိလ္လာထောက်ခံချက်လည်း မီးသတ်နည်းအတူ သတ်မှတ်ပုံစံ ပြန်ဆွဲ ပြီး
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ ပြန်တွဲပေးရတယ်
( မီးသတ် / ရေ မိလ္လာ ကအနည်းဆုံး ၂ လလောက်ကြာပါတယ် )


LC ကန်လိုင်စင်တော်များများကတော့ LC လိုင်စင်ငှါးပြီး ဆောက်လုပ်ရေးလုပ်ကြပါတယ်ကိုယ်အတွက်ထိုးတဲ့ LC လိုင်စင် သက်တန်းရှိလား ဆိုတာ
အဓိကကျပါတယ် ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ
ပြန်တွဲပေးရတယ် အပေါ်ကစာရွက်စာတန်းတွေ အားလုံး
စုံလင်မှ ပုံစံကြီးအတွက် စပြီးစစ်ဆေးပါတယ်
( အဲ့မှာ မှားပြင်လိုထည့် နဲ့ အနည်းဆုံး၃ ပတ် လောက်ကြာပါတယ် )
အာမခံစဘော်ငွေ ပုံစံစစ်ဆေးခပုံစံကြီး အတွက် အားလုံးနီးပါ
ပြည့်စုံပြီဆိုရင်တော့ စာတိုက်ကနေငွေသွင်း အကြောင်းကြားစာ ပို့ပေးပါတယ် ( စာမလာပါဘူး ကိုယ်တိုင်သွားမေးရပါတယ် ပြီးရင် ဘယ်နေ့
ဒိတ်နဲ့ ပို့လိုက်တာ အခုထိ မရောက်သေးဘူးလားဆိုပြီး စဖြဲပါတယ် သီးခံပါ
တက်နိုင်သလောက် )


အာမခံ ငွေ သိန်း ၅၀ နဲ့ ပုံစံစစ်ဆေးခ ၅ သိန်းကျော်ပေးရပါတယ် ငွေမသွင်းမှီ YCDC ဆယ်ထပ်ရုံးက နှစ်လွှာ နဲ့ လေးလွှာ ကို အပ်ပင်
လေးခေါက်လောက်ပြေးရပါတယ်
ပြီးမှ မြို့တော် စည်ပင်ဘဏ်ကို လွှတ်ပါတယ် ဘဏ်မှာ ငွေသွင်းပြီး ကြောင်းစာရွက်စာတန်းတွေကို မိတ္တူ လေးငါးစုံကူးရပါတယ် ပြီးရင် ဆယ်ထပ်ရုံး ကို
ပြန်သွား နှစ်လွှာ နဲ့ လေးလွှာ ကို အပ်ပင် အပြေးအလွှား ပေးပြီးမှ
ပါမစ် ( ဘုတ်စိမ်း or ဗီနိုင်း ) အတွက် သုံးပတ် ထပ်စောင့်ရပါတယ်
BL ( ပါမစ် ) ကျ ပြီးအိမ်မဖျက်မှီ
အိမ်သုံးမီတာနဲ့ ရေအတွက်ဂျိူးဖြူ ကို မြို့နယ်မှာ ပြန်အပ်ဖို့အတွက်
ဖောင်တင်ပေးရပါတယ် အဆောက်အဦး ဆောက်မှ ယာယီ
လုပ်ငန်းသုံး ပြန်လျှောက်အသုံးပြု ရပါတယ်


ဒါတောင် ဘေးအိမ်က တိုင်တာတို့ လမ်းထဲက တယောက်ယောက်ကသာ
မြေရှင်ကို မကျေ နပ်လို့ တိုင်စာပစ်လိုက်ပြီဆိုရင် ...ကျ နော်တို့
ဆောက်လုပ်ရေး ကုမ္ပဏီတွေအတွက်အရမ်းကို ခက်ခဲသွားပါတယ်
အဲ့အချိန်ကျရင် မြို့တော် ခန်းမ ဆယ်ထပ်ရုံးခြောက်ထပ်ရုံး ကို အပ်ပင်ပြေးပြီး
ဟိုးအောက်ခြေကနေ အပေါ်ထိ ရောက်အောင် ဂါရ၀ ထားပြီး အလုပ်လုပ်ရပါတယ်

အဲ့လိုအငြိုးတေးတွေနဲ့ဆိုလည်း ကျ နော် တို့ဘဲ ထိခိုက်ရတာပါ မြေရှင်က တော့ မင်းတို့တာဝန်ယူထားတာမင်းတို့ရှင်းဘဲလေ .....
တကယ် မလွယ်တဲ့ ဆောက်လုပ်ရေး လောကပါပြောပြချင်တာကတော့ သူတို့ က (YCDC ကသူတွေက) ဌာန မတူရင် စားပွဲမတူရင်တောင်
လင့်မချိတ်ထားပါဘူးမေးလည်းရင် ဖြေချင်ဖြေမယ်
မဖြေချင်ရင် မသိဘူးဘဲ ပြောလွှတ်မှာပါစာရွက် ပေါ် စာရွက် ဆင့်ပြီး အလုပ်
လုပ်နေသ၍ကတော့က ကျနော်တို့ အတွက် အရမ်းခက်ခဲနေပါတယ်
မပြောတော့ပါဘူးကျနော်တို့ ကန်ထရိုက် တာတွေကို
ကိုယ်ချင်းစာနိုင်ဖို့ဘဲ ဆုတောင်းပါတယ်ထိန်ချန်မှုမရှိပါ။


ကျနော် အတွေ့အကြုံမျှသာ။ အားလုံး ကိုယ်ရော စိတ်ပါ ကျမ်းမာ ချမ်းသာပြီး
အောင်မြင်ကြပါစေ။

Credit : Original uploader

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection