Accessibility Tools

ခြံပြေစာတွေရဲ့ ဦးပိုင်အမှတ်မှာ N ပါရင် "မမြဲဦးပိုင်" လို့ အဓိပ္ပာယ်ရပါတယ်။ လက်ရှိဥပဒေအရ မမြဲဦးပိုင် မြေကွက်တွေကို ပုံစံ (၇) လျှောက်ထားခြင်း ခွင့်မပြုပါဘူး။ ဒါပေမယ့် ပိုင်ဆိုင်မှု ခိုင်မာအောင် မမြဲဦးပိုင် မြေကွက်မှာ လေးငါးနှစ်လောက် ဆက်တိုက် စိုက်ပျိုးရေးလုပ်မယ်ဆိုရင် "မြဲဦးပိုင်" လျှောက်လို့ရတယ်လို့ ရပါတယ်။

ခြံကွက်အတွင်း နှစ်ရှည်ပင်များ စိုက်ပျိုးထားသင့်ပါတယ်။ ခြံကို ခြံစည်းရိုးခတ်ထားနိုင်ရင် ပိုကောင်းပါတယ်။ မြဲဦးပိုင်ကျပြီးမှ ကျန်တာတွေကို ဆက်လျှောက်လို့ အဆင်ပြေမှာပါ။ မြဲဦးပိုင် လျှောက်မယ်ဆိုရင် အခွန်ဆောင်ထားတဲ့ မြေခွန်ပြေစာနဲ့ ရပ်/ကျေး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ကို မြဲဦးပိုင်ရအောင် လျှောက်ရမှာဖြစ်ပြီး စိစစ်လို့ဥပဒေနဲ့ ညီညွတ်ရင် မြဲဦးပိုင် ချပေးပါတယ်။

 

Nကမြေအမျိုးအစားမဟုတ်ပါ။ အင်္ဂလိပ်ခေတ်1883ခုနှစ်က မြန်မာပြည်အောက်ပိုင်းမှာ မြေတိုင်းတာပြီး မြေအမျိုးအစားတွေစခွဲခဲ့ပါတယ် မြို့မြေ၊ရွာမြေစသည်ဖြင့်ပေါ့ အဲ့တုန်းက တိုင်းတာခြင်းမပြုခဲ့တဲ့ မြေတွေရှိပါတယ်၊ ပလပ်မြေတို့၊အခြားမြေတို့၊အစိုးရပိုင်မြေတို့ လိုမျိုးတွေပေါ့။ ဦးပိုင် မပေါက်ဖူးပေါ့။ အခုအချိန်မှာ မြေစာရင်းဌာနက အဲ့မြေတွေကို တိုင်းတာပြီးတဲ့အခါ ယာယီအားဖြင့် ဦးပိုင်တစ်ခု သတ်မှတ်ပေးချင်တဲ့အခါ N မမြဲဦးပိုင်သတ်မှတ်ပြီး တိုင်းတာတာပေါ့။ Nကနေမှ မြေအမျိုးအစားတစ်ခုခုကို ပြောင်းပြီး သတ်မှတ်မယ်ဆိုရင် အများအားဖြင့် စိုက်ပျိုးမြေအဖြစ်ခွင့်ပြုဘို့က ရာခိုင်နှုန်း အများဆုံးဖြစ်ပါလိမ့်မယ်။

 

ဝယ်ရင်ဘာတွေလုပ်ဖို့လိုအပ်လဲဗျ ဝယ်ပြီးရင်အရှုပ်ရှင်မဖြစ်အောင်ဘယ်လိုလုပ်သင့်လဲ

 

မမြဲဦးပိုင် ကို အမြဲ ဦးပိုင် ပြောင်းလို့ရမရ စစ်ပါ။ ထို့နောက် ပုံစံ ၇ ဆက်လျောက်လို့ ရမရ ထပ်စစ်ပါ။ ထို့နောက် အမည်ပေါက် ပုံစံ ၇ ပြောင်းပါ။
ဝယ်လျင် ရှေ့နေ့နှင့် ဆက်လက် တိုင်ပင်ပါ။ မမြဲဦးပိုင်သည် လုပ်ရမည့် အဆင့်များပါသည်။

 

Credit : Original uploader

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection